Monday, August 22, 2011

ကရင်ပြည်နယ်ဝန်ကြီး​ချုပ်၏ ကား​တန်း​ တိုက်ခိုက်ခံရ

နော်နိုရင်း

ကရင်ပြည်နယ်ဝန်ကြီး​ချုပ် ဗိုလ်ချုပ်​ဇော်မင်း​နဲ့​ ပြည်သူ့​စစ်နှင့်​ နယ်ခြား​တပ်များ​ ညွှန်ကြား​ရေး​မှူး​ ဗိုလ်ချုပ်​မောင်​မောင်အုန်း​ တို့​အဖွဲ့​ရဲ့​ ကား​တန်း​ကို ဒီ​ကေဘီ​အေအဖွဲ့​က ချုံခိုတိုက်ခိုက်ခဲ့​ပါတယ်။

ဝန်ကြီး​ချုပ်နဲ့​အဖွဲ့​ဟာ ကရင်ပြည်နယ် မြဝတီမြို့​နယ် ကုက္ကိုမြိုင်​ကျေး​ရွာမှာ ဩဂုတ်လ ၂၀ ရက်​နေ့​က ကျင်း​ပတဲ့​ နယ်ခြား​စောင့်​တပ် ၁ နှစ်ပြည့်​အခမ်း​အနား​ကို တက်​ရောက်ပြီး​ အပြန် ​ဝှေ့​ရှား​မယ့်​ပလယ်ရွာမှာ ဆွဲမိုင်း​နဲ့​တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့​အတွက် ဗိုလ်မှူး​တဦး​နဲ့​ တပ်သား​နှစ်ဦး​ ထိခိုက် ​သေဆုံး​သွား​တယ်လို့​ တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​ တပ်မ​တော် (ဒီ​ကေဘီ​အေ) ကလိုထူး​ဘောတပ်ရင်း​ရဲ့​ စစ်​ထောက်လှမ်း​ရေး​ ဗိုလ်ကြီး​တူး​သရီး​က ​ပြောပါတယ်။

“နအဖဘက်က အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ် တိုင်း​မှုး​နဲ့​ ကရင်ပြည်နယ်ဝန်ကြီး​ပေါ့​။ အခမ်း​အနား​က ပြန်လာတဲ့​အချိန်မှာ ကျ​နော်တို့​ ဒီ​ကေဘီ​အေက​နေ မိုင်း​နဲ့​ဆွဲပြီး​ ​သေနတ်ငယ်နဲ့​ တချို့​ပစ်ပြီး​ ပြန်ဆုတ်တယ်။ နအဖဘက်က သုံး​ယောက်​သေတယ်။ အဲဒီထဲမှာ ဗိုလ်မှူး​ တ​ယောက်ပါတယ်။ ဒဏ်ရာ နှစ်​ယောက်ရတယ်။”

အခုလို ချုံခိုတိုက်ခံရမှုမှာ ကရင်ပြည်နယ်ဝန်ကြီး​ချုပ်ရဲ့​ ကား​ကိုမထိဘဲ ​နောက်က လိုက်တဲ့​ လုံခြုံ​ရေး​ကား​ကို ထိသွား​တာလို့​ သူက ​ပြောပါတယ်။

အစိုး​ရတပ်ဖွဲ့​တွေကို အခုလို ချုံခိုတိုက်ခိုက်ခဲ့​တာနဲ့​ ပတ်သက်ပြီး​ ဗိုလ်ကြီး​ တူး​သရီး​ကို ​မေး​မြန်း​ထား​ပါတယ်။

“ဒါက မြန်မာနိုင်ငံမှာ စစ်အစိုး​ရက အုပ်ချုပ်မှုမတည်ငြိမ်တဲ့​အတွက် တိုင်း​ရင်း​သား​တွေနဲ့​ ညီညွတ်မှု မရ​သေး​တဲ့​အတွက် ဒီလိုဖြစ်တာ။”

အခုက သမ္မတ ဦး​သိန်း​စိန်က ​ပြောတယ်။ ငြိမ်း​ချမ်း​ရေး​ လိုချင်တယ်ဆိုရင် သူတို့​နဲ့​ ​ဆွေး​နွေး​နိုင်တယ်ဆိုပြီး​ အစိုး​ရအ​နေနဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ ဖိတ်​ခေါ်တယ်ဆို​တော့​ ဒီ​ကေဘီ​အေ အ​နေနဲ့​ကော ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ စိတ်မကူး​ထား​ဘူး​လား​။

“အဲဒါ​တွေက အတုအ​ယောင်​တွေပါ။ တကယ်တမ်း​ ငြိမ်း​ချမ်း​ရေး​လိုလား​မယ်ဆိုရင် တကယ် ​ခေါ်မယ်ဆိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို အား​လုံး​လွှတ်​ပေး​ရမှာ​ပေါ့​။ လက်နက်ကိုင် အင်အား​စု​တွေကို ​ပြေ​ပြေလည်လည်နဲ့​ စည်း​ရုံး​မှု မရ​သေး​ဘဲနဲ့​ အဲဒီလိုမျိုး​ လာ​ခေါ်ရင် လက်ခံမှာမဟုတ်ပါဘူး​။”

No comments: