Sunday, December 11, 2011

လက်​တွေ့​နိုင်ငံ​ရေး​နှင့်​ မြန်မာပြည်​နွေဦး

နေသွင်

(ဘာ​တေး​လစ်တနာ (Bertil Lintner) ၏ Realpolitik and the Myanmar Spring ​ဆောင်း​ပါး​ကို ​နေသွင် ဘာသာပြန်သည်​။)

အ​မေရိကန် နိုင်ငံခြား​ရေး​ ဝန်ကြီး​ ဟယ်လာရီ ကလင်တန်ရဲ့​ မြန်မာပြည် ခရီး​စဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံ​ရေး​ အဆင် မ​ပြေမှု​ တွေကို ​ကျော်လွှား​၊​ အ​ရှေ့​တောင် အာရှ နိုင်ငံ တနိုင်ငံ ဖြစ်တဲ့​ မြန်မာပြည် လည်း​ နှစ်​ပေါင်း​ ၂၀ ​လောက် အထီး​ကျန် အပယ်ခံ ဘဝ​နေ လွှတ်​မြောက်၊​ နိုင်ငံတကာ အသိုင်း​ အဝန်း​နဲ့​ ပြန်လည်​ ပေါင်း​စည်း​ ခြင်း​ရဲ့​ အမှတ် လက္ခဏာ အဖြစ် ကြိုဆိုပြုကြ ပါတယ်၊

အ​နောက်မီဒီယာ​တွေရဲ့​ သမာရိုး​ကျစဉ်း​စား​ချက်အတိုင်း​ဆိုရင် ၂၀၁၀ နိုဝင်ဘာလက ကျင်း​ပခဲ့​တဲ့​ ​ရွေး​ကောက်ပွဲဟာ ကလိန်ကကျစ်နဲ့​ အပြစ်အနာ​တွေ ရှိ​ကောင်း​ရှိမယ်။ ဒါ​ပေမယ့်​ ထူး​ခြား​တဲ့​ ​ပေါ်လစီ အ​ပြောင်း​အလဲ​တွေ၊​ ​ခြေလှမ်း​သစ်​တွေကို လှမ်း​ဖို့​ ​ရှေ့​ရူ့​သွား​လိမ့်​မယ်၊​ ဒီလို ယူဆကြပါတယ်၊​ သမတအသစ် ဦး​သိန်း​စိန်ကိုလည်း​ သူရဲ့​ တခါး​ဖွင့်​ပေါ်လစီနဲ့​ (တချို့​) ဒီမိုက​ရေစီ တန်ဖိုး​တွေ အ​ပေါ်​လေး​စား​ကြောင်း​ပြသတဲ့​ ရဲဝံ့​သ​ယောင်​ယောင် ​ခြေလှမ်း​တွေ​ကြောင့်​ မြန်မာပြည်ရဲ့​ ဂိုဘာ့​ချော့​လို့​ တချို့​က ​ခေါ်ကြပါတယ်၊


ဦး​သိန်း​စိန်ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​တွေ့​ဆုံစကား​ပြောပါတယ်၊​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ပါတယ်၊​ မီဒီယာဆင်ဆာ​တွေကို ​ဖြေ​လျှော့​ပေး​တယ်၊​ အကျိုး​ဆက်အ​နေနဲ့​ ကလင်တန်က “မြန်မာပြည်ကို သွား​ဖို့​ အချိန်အခါသင့်​ပဲ၊​ ​နောက်ထပ် ပြုပြင်​ပြောင်း​လဲမှု​တွေဖြစ်​အောင် သွား​ပြီး​ တွန်း​အား​ပေး​ရမယ်” လို့​ဆိုပါတယ်၊

ဒါ​ပေမယ့်​ ကလင်တန်ရဲ့​ ခရီး​စဉ်မှာ မြန်မာပြည်က မရဲတရဲ လှမ်း​နေတဲ့​ လူ့​အခွင့်​အ​ရေး​နှင့်​ ဒီမိုက​ရေစီ ကိစ္စအပြင်၊​ တရုတ်-မြန်မာဆက်ဆံ​ရေး​၊​ မြန်မာ-​မြောက်ကိုရီး​ယား​ဆက်ဆံ​ရေး​ ကိစ္စတို့​နဲ့​လည်း​ ပတ်သက်​နေပါတယ်၊

အမှန်က တရုတ်မှာ သူရဲ့​ ရည်မှန်း​ချက်ကို အစိုး​ရအာ​ဘော် ​ဘေဂျင်း​ရီဗျူး​မဂဇင်း​မှာ ၁၉၈၅ ခုနှစ် စက်တင်ဘာလကတည်း​က ​ဖော်ပြခဲ့​ပါတယ်။ အ​နောက်​တောင်ပိုင်း​သို့​ လမ်း​ဖွင့်​ခြင်း​- ကျွမ်း​ကျင်သူရဲ့​ အမြင် Opening to the Southwest: An Expert Opinion,” ဆိုတဲ့​ ​ဆောင်း​ပါး​ပါ၊​ (စာ​ရေး​သူက ပန်း​ ကျိ ဆိုတဲ့​ အရုတ် ဆက်သွယ်​ရေး​ ဒုဝန်ကြီး​ဟောင်း​ဖြစ်ပါတယ်။ သူက ဖြစ်နိုင်​ခြေ​တွေကို အခုလို တွက်ပြပါတယ်၊​ ကုန်း​တွင်း​ပိတ်ပြီး​ ပင်လယ်ထွက်​ပေါက်မရှိဖြစ်​နေတဲ့​ ယူနန်ပြည်နယ်၊​ စီချွမ် ပြည်နယ်​တွေရဲ့​ အိန္ဒိယသမုဒရာထွက်​ပေါက်ဟာ မြန်မာပြည်ဖြစ်တယ်၊​ မြန်မာပြည်ရဲ့​ မီး​ရထား​လမ်း​ဆုံး​ ဖြစ်တဲ့​ ​မြောက်ပိုင်း​နှင့်​ မြစ်ကြီး​နား​နဲ့​ အ​ရှေ့​မြောက်ပိုင်း​က လား​ရိုး​၊​ ​နောက် ဧရာဝတီမြစ်ကြီး​ဟာ တရုတ်ပို့​ကုန်​တွေအတွက် ဆက်သွယ်​ရေး​လမ်း​ကြောင်း​ဖြစ်တယ်၊​ စသဖြင့်​ ​ဖော်ပြခဲ့​ပါတယ်၊​ အဲဒီ​ဆောင်း​ပါး​ဟာ တရုတ်ရဲ့​ မြန်မာပြည်ဆိုင်ရာ ​ပေါ်လစီကို အ​စောဆုံး​ဖော်ပြတာဖြစ်ပြီး​၊​ မြန်မာပြည်ဟာ တရုတ်အတွက် စီး​ပွား​ရေး​အရ ဘယ်​လောက်အ​ရေး​ကြီး​သလဲဆိုတာကိုလည်း​ ​ဖော်ပြခဲ့​ပါတယ်၊

အဲဒီအချိန်ကစလို့​ တရုတ်အစိုး​ရဟာ မြန်မာပြည်ကွန်မြူနစ်ပါတီအပါအဝင်၊​ အစိုး​ရကို ​တော်လှန် ပုန်ကန်တဲ့​ သူပုန်အုပ်စု​တွေကို ​ထောက်ပံ့​ပေး​ခဲ့​ပါတယ်၊​ ၁၉၇၆ ခုနှစ်မှာ တရုတ်​ခေါင်း​ဆောင်ကြီး​ ​မော်စီတုန်း​ ကွယ်လွန်ပြီး​ တိန်​ရှောင်ပိန် တက်လာတဲ့​အခါမှာ​တော့​ တရုတ်ရဲ့​ နိုင်ငံခြား​ရေး​ပေါ်လစီဟာ သူပုန်​တွေကို ​ထောက်ပံ့​ရာက​နေ ကုန်သွယ်​ရေး​မြှင့်​တင့်​ရေး​ဘက်ကို ​ခေါင်း​လှည့်​သွား​ပါတယ်၊

တရုတ်နှင့်​ မြန်မာ အ​စောဆုံး​ ကုန်သွယ်​ရေး​စာချုပ်က​တော့​ ၁၉၈၈ ခုနှစ် ဩဂုတ်လမှာ လက်မှတ် ထိုး​ပါတယ်၊​ ၁၉၈၈ လူထုအုံကြွမှု​တွေ အ​ပေါ်​ပေါက်ခင် ရက်ပိုင်း​လောက်ပဲ ​စောပါတယ်၊​ လူထုလှုပ်ရှား​မှု​တွေကို စစ်တပ်က နှိမ်နင်း​ပြီး​တဲ့​အခါမှာ ဒဏ်ခတ်ပိတ်ဆို့​မှု​တွေ ရှိလာပါတယ်၊​ အဲဒီအချိန်မှာ တရုတ်ကလည်း​ မြန်မာပြည်ရဲ့​ အ​ရေး​ကြီး​တဲ့​ အဓိက ကုန်သွယ်ဖက် နိုင်ငံဘဝကို အလျင်အမြန်နဲ့​ ​ရောက်သွား​ပါတယ်။ နိုင်ငံရဲ့​ အ​ခြေခံအ​ဆောက်အအုံ​တွေကို ​ခေတ်မှီ​အောင် တည်​ဆောက်တဲ့​နေရာမှာ တရုတ်က အကူအညီ​ပေး​ခဲ့​ပါတယ်၊​ မြန်မာစစ်တပ်ကို စစ်လက်နက်​တွေကို အ​မြောက်အမြား​ထောက်ပံ့​ခဲ့​ပါတယ်။ ၁၉၈၈ ခုနှစ် အ​ရေး​အခင်း​အပြီး​ ဆယ်နှစ်တခုအတွင်း​မှာ တရုတ်က မြန်မာပြည်ကို တင်ပို့​တဲ့​ စစ်လက်နက်တန်ဖိုး​ဟာ အ​မေရိကန်​ဒေါ်လာ ၁ဒသမ၄ ဘီလီယံရှိပါတယ်​။

အိန္ဒိယသမုဒရာထဲက မြန်မာ​ရေတပ်ကိုလည်း​ ​ခေတ်မှီ​အောင် တရုတ်က အကူအညီ​တွေ ​ပေး​ခဲ့​ပါတယ်။

နောက်ပိုင်း​မှာတရုတ်နှင့်​ မြန်မာကြား​မှာ အ​ပေး​အယူကိစ္စ​တွေ တ​လှေကြီး​ပေါ်​ပေါက်ခဲ့​ပါတယ်၊​ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ​တော့​ တရုတ်နှင့်​ မြန်မာတို့​ အ​မေရိကန်​ဒေါ်လာ ၁ဒသမ ၅ဘီလီယံကုန်ကျမယ့်​ ​ရေနံပိုက်လိုင်း​၊​ ၁ဒသမ ၀၄ ဘီလီယံကုန်ကျမယ့်​ ဓာတ်​ငွေပိုက်လိုင်း​တည်ဆာက်​ရေး​အတွက် သ​ဘောတူခဲ့​ကြပါတယ်၊​ ၂၀၀၉ ခုနှစ် မတ်လမှာ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​တည်​ဆောက်​ရေး​အတွက် သ​ဘောတူခဲ့​သလို၊​ ၂၀၀၉ ခုနှစ် ဇွန်လမှာ ​ရေနံစိမ်း​ပိုက်လိုင်း​တည်​ဆောက်​ရေး​အတွက် သ​ဘောတူ ခဲ့​ပါတယ်။

၂၀၀၉ ခုနှစ် ​အောက်တိုဘာ ၃၁ ရက်​နေ့​မှာ မြန်မာပြည်အ​နောက်ဘက် ကမ်း​ခြေ မ​ဒေး​ကျွန်း​က ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေ စတင်ပါတယ်၊​ ဘင်္ဂလား​ပင်လယ်​အော်က​နေ တရုတ်ပြည် ယူနန်ပြည်နယ်က ကူမင်း​ကို ဆက်သွယ်တဲ့​ ဓာတ်​ငွေ့​ပိုက်လိုင်း​ဟာ တရုတ်သ​င်္ဘော​တွေ အ​ရှေ့​အလယ်ပိုင်း​က ​လောင်စာ​တွေကို မလက္ကာ ​ရေလက်ကြား​ကိုပတ်ပြီး​ သယ်ရတဲ့​ ကိစ္စကို အစား​ထိုး​နိုင်ဖို့​ ရည်ရွယ်ပါတယ်၊​ တခါ မနှစ် စက်တင်ဘာလမှာ တရုတ်က မြန်မာပြည်ကို အနှစ် ၃၀ အတိုး​မဲ့​ချေး​ငွေ အ​မေရိကန်​ဒေါ်လာ ၄ဒသမ၂ ဘီလီယံထုတ်​ချေး​ပေး​ဖို့​ သ​ဘောတူခဲ့​ပါတယ်၊

အ​နောက်နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​ဒဏ်ခတ်ပိတ်ဆို့​မှု​ကြောင့်​ မြန်မာပြည်မှာ စီး​ပွား​ရေး​အရ ဘာမှ မထိခိုက်ပါဘူး​၊​ ဒါ​ပေမယ့်​ မဟာဗျူဟာအရ​တော့​ တချို့​ ​လေ့​လာသူ​တွေဆိုသလို မြန်မာပြည်ကို တရုတ်လက်ထဲ ဝကွက်အပ်သလို ဖြစ်သွား​ပါတယ်၊​ တရုတ်အတွက် သူတို့​ နဂိုအစီအစဉ်​တွေကို အလွယ်တကူ အ​ကောင်အထည်​ဖော်လို့​ ရသွား​တဲ့​ သ​ဘောဖြစ်ပါတယ်၊​ အပြန်အလှန်အ​နေနဲ့​ အ​နောက် နိုင်ငံ​တွေကလည်း​ သူတို့​ရဲ့​ မြန်မာပြည်ဆိုင်ရာ​ပေါ်လစီကို ပြန်စဉ်း​စား​ဖို့​ ဖြစ်လာပါတယ်၊

ဒီလိုနဲ့​ ၂၀၀၀ ပြည့်​လွန်နှစ်​တွေမှာ မြန်မာနဲ့​ ​မြောက်ကိုရီး​ယား​ မဟာဗျူဟာ​မြောက် ဆက်ဆံ​ရေး​ ထူ​ထောင်တဲ့​ အခါမှာ​တော့​ အ​မေရိကန်အစိုး​ရအတွက် သတိ​ပေး​သလိုဖြစ်သွား​ပါတယ်၊​ ​မြောက်ကိုရီယား​က ​မြေ​အောက်လိုင်​ခေါင်း​နည်း​ပညာ၊​ အကြီး​စား​ လက်နက်​တွေ၊​ ​ရေဒါနဲ့​ ​လေ​ကြောင်း​ ကာကွယ်​ရေး​စနစ်​တွေကို အကူအညီ​ပေး​နေတယ်ဆိုပြီး​ အ​နောက်နဲ့​ အာရှ ​ထောက်လှမ်း​ရေး​ အဖွဲ့​တွေက စွပ်စွဲခဲ့​ကြပါတယ်။

ဒီလိုနဲ့​ မြန်မာအစိုး​ရနဲ့​ ထိ​တွေ့​ဆက်ဆံ​ရေး​လုပ်မှ ဖြစ်​တော့​မယ်ဆိုတဲ့​ အ​ခြေအ​နေကို ​ရောက်ခဲ့​ပြီး​ လက်​တွေ့​လည်း​ ဖြစ်လာခဲ့​ပါတယ်၊

ဒီအ​ခြေအ​နေမှာ မြန်မာပြည်က ၂၀၁၀ ​ရွေး​ကောက်ပွဲဟာ ဘယ်​လောက်ပဲ မရိုး​သား​ဘူး​လို့​ပဲ ဆိုဆို၊​ အ​မေရိကန်အစိုး​ရရဲ့​ လိုအပ်ချက်နဲ့​ ကိုက်သွား​ပါတယ်၊​ စစ်အစိုး​ရအုပ်ချုပ်​ရေး​က​နေ၊​ ဖွဲ့​စည်း​ပုံနဲ့​ အုပ်ချုပ်တဲ့​ ပုံစံ။ မျက်နှာစာသစ်ဖြစ်လာပါတယ်၊​ မြန်မာဗိုလ်ချုပ်​တွေအတွက်လည်း​ အ​နောက်ကို စည်း​ရုံး​ရေး​စစ်ဆင်ဖို့​ အ​ကောင်း​ဆုံး​အချိန်ဖြစ်သွား​ပါတယ်၊​ အ​မေရိကန်နှင့်​ အ​နောက်နိုင်ငံ​တွေက တရုတ်နှင့်​ ​မြောက်ကိုရီး​ယား​လက်ထဲက​နေ ဆွဲထုတ်နိုင်ဖို့​ ဆက်ဆံ​ရေး​မ​ပြေလည်တာ​တွေကို စတင် ​ဖြေ​လျှော့​လာပါတယ်၊

မြန်မာပြည်ကို မလာခင်မှာ အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ကလင်တန်ရဲ့​ ​တောင်ကိုရီယား​ခရီး​စဉ်ကို တိုက်ဆိုင်မှုသက်သက်လို့​ ​ပြောဖို့​ ခက်ပါတယ်၊​ မြန်မာကို ​မြောက်ကိုရီယား​နှင့်​ စစ်​ရေး​ပူး​ပေါင်း​ ​ဆောင်ရွက်မှု​တွေကို မလုပ်ဖို့​ အ​မေရိကန်က ​တောင်ကိုရီယား​က တဆင့်​ စည်း​ရုံး​ခိုင်း​ခဲ့​တယ်ဆိုတဲ့​ သတင်း​ကို လုံခြုံ​ရေး​အဝန်း​အဝိုင်း​ကြား​မှာ လွန်ခဲ့​တဲ့​တနှစ်​ကျော်​ကျော်ကတည်း​ သိခဲ့​ကြပါတယ်။

အချိန်တည်း​လောက်မှာပဲ အမျိုး​သား​ရေး​စိတ်ဓာတ်ခိုင်မာတဲ့​ မြန်မာစစ်တပ်အရာရှိတချို့​ကလည်း​ တရုတ်အ​ပေါ် အလွန်အကျွံမှီခို​နေရတဲ့​အ​ပေါ်မှာ၊​ တရုတ်လူမျိုး​တွေ မြန်မာပြည်​မြောက်ပိုင်း​ကို အထိန်း​အချုပ်မရှိဝင်​ရောက်လာတဲ့​အ​ပေါ်မှာ မ​ကျေမနပ်ဖြစ်ခဲ့​ကြပါတယ်။

ပထမဆုံး​ အဖြစ်အပျက်က ၂၀၀၄ ခုနှစ် ​အောက်တိုဘာလမှာ ​ထောက်လှမ်း​ရေး​အကြီး​အကဲနှင့်​ ဝန်ကြီး​ချုပ် ခင်ညွန်ကို ရာထူး​က ဖြုတ်လိုက်တဲ့​ ကိစ္စပါ၊​ ဒီသတင်း​ကို တရုတ်​တွေကအစမှာ မယုံနိုင်​အောင် ဖြစ်ရပါတယ်။ တရုတ်နဲ့​ ဆက်ဆံ​ရေး​မှာ အ​ရေး​ပါအရာ​ရောက်တဲ့​ သူကို ဖြုတ်လိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူး​လို့​ တရုတ်​တွေက ​တွေး​ထင်ခဲ့​ကြပါတယ်။

ဒီကိစ္စမှာ​တော့​ နှစ်ဘက်က အဆင်​ပြေ​ပြေပြန်ညှိနိုင်ပြီး​ ပုံမှန်ဆက်ဆံ​ရေး​ကို ပြန်လည် တည်​ဆောက် နိုင်ခဲ့​ပါတယ်၊​ ဒီလိုနဲ့​ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်က အ​ရှေ့​မြောက်က ကိုး​ကန့်​ဒေသကို တိုက်ခိုက်ခဲ့​တဲ့​ အခါမှာ ​ဒေသခံ​တွေ၊​ တရုတ်နိုင်ငံသား​တွေ၊​ တရုတ်မျိုး​နွယ်စု​တွေ ၃ ​သောင်း​လောက် တရုတ်နိုင်ငံဘက် အခြမ်း​ကို ပြန်​ပြေး​ခဲ့​ရပါတယ်။

ဒါ​တောင်တရုတ်က မမှတ်​သေး​ပါဘူး​၊​ ဒီလိုနဲ့​ စက်တင်ဘာ ၃၀ ရက်​နေ့​ကို​ရောက်လာပါတယ်။ သမတဦး​သိန်း​စိန်က တရုတ်က တည်​ဆောက်​နေတဲ့​ အ​မေရိကန်​ဒေါ်လာ ၃ဒသမ၆ ဘီလီယံ ကုန်ကျမယ့်​ ​ရေအား​လျှပ်စစ်စီမံကိန်း​ကို ရပ်ဆိုင်း​ဖို့​ ​ကြေညာလိုက်ပါတယ်၊​ အဲဒီ​ရေကာတာ​ကြောင့်​ စင်ကာပူနိုင်ငံ​လောက် ​ရေလွှမ်း​ဖို့​ ရှိပီး​၊​ လျှပ်စစ်ရဲ့​ ၉၀ ရာခိုင်နှုန်း​ကို​တော့​ တရုတ်ပြည် တင်ပို့​ဖို့​ ရည်ရွယ်ခဲ့​ပါတယ်၊​ တရုတ်ဘက်က​တော့​ ဒီကိစ္စနဲ့​ပက်သက်လို့​ စာချုပ်ကို ချိုး​ဖောက်တဲ့​အတွက် တရား​စွဲမယ်လို့​ ခြိမ်း​ခြောက်​နေပါတယ်၊

ဒါက တရုတ်မြန်မာဆက်ဆံ​ရေး​ ပျက်ယွင်း​နေမှုအ​ပေါ် ​နောက်ဆုံး​တင်လိုက်တဲ့​ ​ကောက်ရိုး​မျှင်လို့​ပဲ ဆိုရမှာပါ။ ​သေချာတာက​တော့​ တရုတ်မြန်မာဆက်ဆံ​ရေး​ဟာ အရင်အ​ခြေအ​နေကို ဘယ်​တော့​မှ ပြန်မ​ရောက်နိုင်​တော့​ဘူး​ဆိုတာပါပဲ။

တရုတ်နဲ့​ ဆက်ဆံ​ရေး​မ​ပြေလည်တဲ့​အခါမှာ မြန်မာက အာဆီယံဘက်ကို လှည့်​လာပါတယ်။ ၂၀၁၄ မှာ မြန်မာက အာဆီယံ ဥက္ကဌ တာဝန်ယူဖို့​က ရှိပါတယ်၊​ ​နောက်ထူး​ခြား​ချက်တခုက​တော့​ စစ်ဦး​စီချုပ် ဗိုလ်ချုပ်မင်း​အောင်လှိုင်ရဲ့​ ဗီယက်နမ်ခရီး​စဉ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မင်း​အောင်လှိုင်ဟာ သူ့​ရဲ့​ ပထမဆုံး​ခရီး​စဉ်အဖြစ် တရုတ်ပြည်ကို မသွား​ဘဲ၊​ တရုတ်နဲ့​ အစဉ်အလာ ရန်ဘက်လိုဖြစ်​နေတဲ့​ ဗီယက်နမ်ကို နိုဝင်ဘာလလယ်မှာ သွား​ရောက်ခဲ့​ပါတယ်။ မြန်မာနဲ့​ ဗီယက်နမ်မှာ တူတဲ့​အချက်က အိမ်နီး​ချင်း​ တရုတ်ကို စိုး​ရိမ်​နေကြတဲ့​အချက်ပါပဲ၊

ဒီလို မဟာဗျူဟာ​တွေ ​နေ့​ချင်း​ညချင်း​ပြောင်း​ခဲ့​တာ​တော့​မဟုတ်ပါဘူး​။ ဗိုလ်ချုပ်ခင်ညွန့်​ကို ဖြုတ်လိုက်တဲ့​နှစ်မှာပဲ ဒီအက်စ်​အေက ဒုဗိုလ်မှူး​ကြီး​ ​အောင်​ကျော်လှရဲ့​ ထိပ်တန်း​လျှို့​ဝှက် စာတမ်း​ တ​စောင်ထွက်ခဲ့​ပါတယ်၊​ မြန်မာအ​မေရိကန်ဆက်ဆံ​ရေး​ စာတမ်း​မှာပါတဲ့​အချက်​တွေဟာ အခု မြန်မာအစိုး​ရက အ​ကောင်အထည်​ဖော်​နေတဲ့​ တရုတ်နဲ့​ ခွာပြီး​၊​ အ​မေရိကန်နဲ့​ ဆက်ဆံ​ရေး​ ပြန် တည်​ဆောက်​ရေး​တွေ ဖြစ်လာတာပါပဲ။ မြန်မာအစိုး​ရအ​နေနဲ့​ အစိုး​ရအ​ဟောင်း​နေရာမှာ အများ​က ပြိုပီး​ လက်ခံနိုင်တဲ့​ အစိုး​ရသစ်တရပ်နဲ့​ အစား​ထိုး​မယ်ဆိုရင် – မြန်မာအစိုး​ရအ​နေနဲ့​ရော၊​ နိုင်ငံတကာ အသိုင်း​အဝိုင်း​အတွက်​ရော၊​ မူဝါဒသစ်​တွေ ချမှတ်ဖို့​ ပိုပြီး​ လွယ်ကူသွား​လိမ့်​မယ်လို့​ စာတမ်း​က ဆိုပါတယ်၊​ ။

အခုအ​မေရိကန်နှင့်​ ဆက်ဆံ​ရေး​ တိုး​တက်​နေတာဟာ ၂၀၀၄ ခုနှစ်က ဒုဗိုလ်မှူး​ကြီး​ ​အောင်​ကျော်လှ ချပြခဲ့​တဲ့​ လမ်း​ကြောင်း​လို့​ ဆိုနိုင်ပါတယ်၊

အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ကလင်တန်ရဲ့​ မြန်မာပြည်ခရိး​မှာ ဒီမိုက​ရေစီနှင့်​ လူ့​အခွင့်​အ​ရေး​ကိစ္စ​တွေကို လူကြား​ကောင်း​အောင်​ပြောပြီး​၊​ တဖက်မှာ​တော့​ တရုတ်-မြန်မာဆက်ဆံ​ရေး​၊​ မြန်မာ-​မြောက်ကိုရီယား​ ဆက်ဆံ​ရေး​ကိစ္စ​တွေဟာ အ​ရေး​ကြီး​ကိစ္စအ​နေနဲ့​ ပါမယ်ဆိုတာ သံသယ သိပ်ဖြစ်စရာမရှိပါဘူး​။ နိုဝင်ဘာလက (ဩစ​တေး​လျနိုင်ငံ) ကန်ဘာရာ မှာ သမတ အိုဘာမား​က “ဒီ​ဒေသကို အလည်လာတဲ့​သ​ဘောက​တော့​ အ​မေရိကန်နိုင်ငံအ​နေနဲ့​ အာရှ ပစိဖတ်​ဒေသကို သံဓိဌာန်ခိုင်ခိုင်မာမာနဲ့​ ဝင်လာပြီဆိုတာကို ရှင်း​ရှင်း​လင်း​လင်း​ပြချင်လို့​” ဖြစ်တယ်လို့​ ​ပြောခဲ့​ပါတယ်၊​ “အ​မေရိကန်ဟာ ပစိဖိတ်​ဒေသရဲ့​ အင်အား​”ဖြစ်တယ်၊​ “ဒီအတိုင်း​ ဆက်ရှိ​နေမယ်”လို့​ ဆိုပါတယ်၊​ တချိန်တည်း​မှာအ​မေရိကန်က တရုတ်အ​ပေါ်ကို စိုး​ရိမ်မှုရှိတယ်၊​ အ​မေရိကန်က တရုတ်ကို ဝိုင်း​ပယ်ဖို့​လုပ်မယ်စတဲ့​ အယူအဆ​တွေဟာ တကယ်​တော့​ မှား​ယွင်း​တယ်လို့​လည်း​ အိုး​ဘား​မား​က ​ပြောခဲ့​ပါတယ်၊

တကယ်​တော့​ ဒီ​ပြောဆိုချက်ဟာ – မြစ်ဆုံ​ရေကာတာကို ပြည်သူ​တွေရဲ့​ သ​ဘောဆန္ဒအရ ဆိုင်း​ငံ့​ လိုက်ရပါတယ်ဆိုတဲ့​ သမတဦး​သိန်း​စိန်ရဲ့​ ​ပြောဆိုချက်မျိုး​ပဲဖြစ်ပါတယ်။ တရုတ်ကို လက်ခံယုံကြည် သွား​အောင် အာမခံတဲ့​ ​ပြောဆိုချက်မျှသာ ဖြစ်ပါတယ်၊

နောက်ဆုံး​မှာ​တော့​ မြန်မာနှင့်​ အ​မေရိကန် ရန်သူ​တော်​ဟောင်း​တွေဟာ ​တောင်အာရှမှာ ဩဇာနှင့်​ အာဏာထူ​ထောင်ဖို့​ ကြိုး​ပမ်း​ရင်း​ တဖက်တည်း​သား​တွေ ဖြစ်သွား​ပါပြီ၊​ ဒါ​ကြောင့်​ တရုတ်မြန်မာ ဆက်ဆံ​ရေး​မှာ အကွဲအပြဲ​တွေလည်း​ ထွက်​ပေါ်လာမယ်လို့​ ​မျှော်လင့်​ရပါတယ်၊​ အ​မေရိကန်နှင့်​ အ​နောက်ကမ္ဘာခြမ်း​မှာလည်း​ မြန်မာဟာ အထီး​ကျန်အပယ်ခံ၊​ အ​ဝေဖန်ခံ​နေရတဲ့​ ဘဝက​နေ လွတ်​မြောက်သွား​ပါပီ၊

ဘာပဲဖြစ်​နေဖြစ်​နေ၊​ ဒီဆက်ဆံ​ရေး​တွေက အဖုအထစ်​တွေအား​လုံး​ အဆင်​ချောဖို့​တော့​မ​မျှော်လင့်​ပါနဲ့​၊​ ဆယ်စု နှစ်​တွေချီဖြစ်ခဲ့​တဲ့​ ထိပ်တိုက်​တွေ့​မှု​တွေ၊​ အပြန်အလှန်သံသယ​တွေက​တော့​ ရှိ​နေပါတယ်၊​ အ​မေရိကန် အစိုး​ရရဲ့​ ဗီဇစိတ်ဖြစ်တဲ့​ လူ့​အခွင့်​အ​ရေး​နှင့်​ ဒီမိုက​ရေစီကိစ္စဟာ မြန်မာအစိုး​ရလို အာဏာကို တ​ရွေး​သား​မှ လက်မလွှတ်ချင်တဲ့​၊​ အစိုး​ရမျိုး​နဲ့​ ဆက်ဆံ​ရေး​မှာ ရှုပ်​ထွေး​မှု​တွေ ရှိမှာပါပဲ၊

နောက်ဆုံး​ တရုတ်နိုင်ငံကိစ္စပါ၊​ မြန်မာအစိုး​ရအ​နေနဲ့​ တရုတ်အ​ပေါ် မှီခို​နေရာတာကို မြန်မြန် အဆုံး​သတ် သွား​တာမျိုး​ကို လိုချင်မှာ​တော့​ ​သေချာပါတယ်၊​ ဒါ​ပေမယ့်​ ဆယ်စုနှစ်​တွေချီ ကြာ​ညောင်း​ ခဲ့​တဲ့​ ဆက်ဆံ​ရေး​က​နေ ရှိ​နေတဲ့​၊​ လုပ်လက်စ စီမံကိန်း​တွေက ရှိ​နေပါတယ်၊​ ဒါ​ကြောင့်​ မြန်မာနှင့်​ တရုတ် ဆက်ဆံ​ရေး​- မကြာခင်မှာအဆုံး​သတ်သွား​တော့​မယ်ဆိုတဲ့​ အ​ခြေအ​နေကို​တော့​ ​ရောက်လာဖို့​ မရှိ​သေး​ပါ​ကြောင်း​ပါ။

No comments: