Tuesday, February 21, 2012

ဒီကေဘီအေနှင့် နယ်ခြားစောင့်တပ်ပြဿနာ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ၀င်ညှိနှိုင်းမည်

နန်းမြနဒီ

အခု ရက်ပိုင်း ကရင် ပြည်နယ် လှိုင်းဘွဲ့မြို့ နယ်ထဲမှာ ပစ်ခတ်မှု တွေ ဖြစ် ပွားခဲ့တဲ့ ဒီကေ ဘီအေနဲ့ အစိုးရ နယ်ခြား စောင့်တပ် တို့ကြား ပြဿ နာကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်တွေက ၀င် ရောက် ညှိနှိုင်း ပေးမယ်လို့ ဒီကေ ဘီအေက ပြောပါတယ်။

နယ်ခြား စောင့်တပ်က ဒီကေ ဘီအေ ဆီက လက်နက်တွေ သိမ်းယူသွား တဲ့ ကိစ္စကို ပြေလည်အောင် ညှိနှိုင်း ပေးဖို့ ဒီကေ ဘီအေက အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်တွေကို တောင်းဆို ခဲ့တာပါ။

အစိုးရ ကိုယ်စား လှယ်ဘက် ကလည်း ဒီနေ့ ဘားအံမှာ တွေ့မယ့်အ ကြောင်း ပြန်ကြား လာတယ်လို့ ဒီကေ ဘီအေ ပြောခွင့်ရ ဗိုလ်မှူး စော လုံ့လုံက ပြောပါ တယ်။

“နယ်ခြားစောင့် တပ်ကို နိုင်ငံတော် အစိုးရ ကပဲ ထိန်းချုပ် ထားတယ် ဆိုတော့ နိုင်ငံတော် အစိုးရ ကိုယ်တိုင် ကိုယ်ကျ လာပြီး ဖြေရှင်း ပေးမှ ပြေလည် မယ်လို့ ကျနော်တို့ ထင်တယ်။ အဲဒီ နေရာ မှာလည်း ကျနော် တို့နဲ့ နီးစပ်မှု ရှိတာက ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မ တီ မှာပါတဲ့ ဝန်းကြီး အောင်သောင်းတို့၊ ဝန်ကြီး ဦးသိန်းဇော် တို့က ကျနော် တို့နဲ့ ဆက်စပ်မှု ရှိတဲ့ အတွက်ကြောင့် သူတို့က အစိုးရ ကိုယ်စား လှယ်အဖြစ် ဝင်ရောက် ဆွေးနွေးဖို့ ကျနော်တို့ တောင်းဆို ထားတာ ရှိပါတယ်။ အဲဒီ အချက်ကို ဦးခင်စိုး ကတဆင့် အကြောင်း ပြန်တာက လာတွေ့ မယ် လို့ သူတို့ ပြောထား တယ်။ သူတို့ ဘားအံ ရောက်လာ ရင်တော့ ဒီက နေ့ပါပဲ၊ နောက်ဆုံး မနက်ဖြန် ဖြစ်ဖြစ် အမြန် ဆုံး တွေ့ဆုံ ဆွေးနွေး ရ မယ်လို့ ကျနော်တို့ ထင်တယ် လေ။”

တွေ့ဆုံပွဲမှာ ဒီကေဘီအေရဲ့ လက်နက်တွေ ပြန်အပ်ပေးဖို့၊ ဖမ်းထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့ကိစ္စနဲ့ နယ်မြေ တည်ငြိမ်ရေးကိစ္စတွေ ဆွေး နွေးမှာဖြစ်ပြီး နယ်ခြားစောင့်တပ်ဘက်ကလည်း အဆိုပြုတာတွေ ရှိမှာဖြစ်တဲ့အတွက် အပေးအယူညှိနှိုင်းမယ်လို့ ဗိုလ်မှူး စောလုံ့ လုံက ပြောပါတယ်။

နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြိုင်ကြီးငူဒေသ ရင်းပိုင်းချောင်းနဲ့ မဲသဝေါဘက်မှာရှိတဲ့ ဒီကေဘီအေ စခန်း ၅ ခုကို ၀င်ရောက်ပြီး လက်နက်ပေါင်း ၃၀ ကျော်ကို သိမ်းယူသွားခဲ့ပါတယ်။ အဲဒါကြောင့် လက်နက် တင်လာတဲ့ နယ်ခြားစောင့် တပ် ယာဉ်တန်းကို မြိုင်ကြီးငူမြို့ထဲမှာ ဗိုလ်ဘိ ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့က စောင့်ပစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီကေ တပ်မှူးတယောက်က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်ဘက်က ၃ ဦး ကျပြီး ၂ ဦး ဒဏ်ရာရခဲ့သလို မနေ့က ပစ်ခတ်မှုကြောင့် ဒီကေဘီအေ တပ်မှူး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ မဲသဝေါဘက်က ရွာသား ၅၀ ကျော်ဟာ ဘေးလွတ်ရာ ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းတာကို လက်မခံ သူ တွေနဲ့ ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်မှုအောက်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃ ရက်နေ့က အစိုးရနဲ့ အပစ်အခတ် ရပ်ခဲ့ပါတယ်။

နယ်ခြားစောင့်တပ်ကတော့ အရင် ဒီကေဘီအေတပ်ကနေ အစိုးရရဲ့ ဖိအားပေးမှုနဲ့ ၂၀၁၀ ခုနှစ် သြဂုတ်လထဲမှာ နယ်ခြားစောင့် တပ်အ သွင် ပြောင်းခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

No comments: