မြန်မာနဲ့ ထိုင်း အကြား ပိုင်ဆိုင်မှု အငြင်း ပွားနေတဲ့ မဲဆောက်မြို့ အပိုင် ထဲက မယ်ကုတ်ကေး အမည် ရတဲ့ ရေလယ် ကျွန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က ထိုင်း နိုင်ငံခြား ရေးဝန်ကြီး နိုင်စူရဖုန်း တိုဝစ် ကျတ်ချိုင် ကွန်နဲ့ အဖွဲ့ သွားရောက် ကြည့်ရှု ပါတယ်။မြန်မာ နဲ့ထိုင်း နယ်စပ် သောင်ရင်း မြစ်က ဧက ၁၀၀ လောက် ကျယ်တဲ့ အဲဒီ ရေလယ် ကျွန်းမှာ မြန်မာ ဘက်က မနှစ် ဒီဇင်ဘာ ၂၆ ရက် နေ့ မှာ အလံ စိုက်ပြီး ပိုင်တယ်လို့ ပြောနေတာကို ထိုင်းဘက်က ကန့်ကွက် ပြီးနောက် သွားရောက် ကြည့်ရှု တာပါ။
၂၀၁၁ ခု နှစ်က ရေစီး ကမ်းပြို ဖြစ်လို့  အင်္ဂတေ နံရံ တည်ဆောက် ခဲ့တာ မြန်မာ ဘက်ကို ထိခိုက် တယ်ဆိုပြီး မြန်မာ ဒေသခံ အာဏာ ပိုင်တွေ က ကန့် ကွက်ခဲ့ ပါတယ်။ အဲ့ဒီ နောက်မှာ နှစ်ဖက် တွေ့ဆုံ ညှိနှိုင်း ရာမှာ ပြေလည်ခဲ့ပါတယ်။
ဒါပေမယ့် ရေတိုက်စားကမ်းပြိုပြီး ဖြစ်ပေါ်လာတဲ့ ရေလယ်ကျွန်းဟာ မြန်မာကမ်းက ပြိုသွားတဲ့မြေဖြစ်တာမို့ မြန်မာပိုင်တယ်ဆိုပြီး မြန်မာ အလံကို စိုက်ထူခဲ့တာဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို အစီရင်ခံခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ မြန်မာပြည်ရောက်တုန်းက ဒီကိစ္စကို မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ကြောင်း၊ ဒီကိစ္စကို ထိုင်း-မြန်မာ ပူးတွဲ နည်းပညာ ကော်မတီ JTC က ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
ဒီကိစ္စကို နိုင်ငံတကာ ဥပဒေပေါ်အခြေခံပြီး ဖြေရှင်းသွားမယ့်အကြောင်းနဲ့ ဒီလထဲမှာ ဆွေးနွေးကြဖို့ မြန်မာကို အကြောင်းကြားထားပြီး အကြောင်းပြန်ချက်ကို စောင့်နေတုန်းပဲလို့ ပြောပါတယ်။
ခုလို ပြသာနာဖြစ်နေတာက မယ်ကုတ်ကေးခွင်ထဲမှာ ၃ နေရာ ဖြစ်နေပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီလ ၂ ရက်နေ့မှာ ထပ်ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။
No comments:
Post a Comment