Thursday, February 16, 2012

ဖေဖေါ်ဝါရီ ၂၀ အား ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခွင့် ပြုရေး စီအဲန်ပီ လွှတ်တော် ကိုယ်စားလှယ် တောင်းဆို

KHONUMTHUNG NEWS

စစ်အစိုးရ အဆက်ဆက်က ချင်းပြည်နယ်နေ့ အဖြစ်သာ ကျင်းပခွင့် ပြုလေ့ရှိသည့် ဖေဖေါ်ဝါရီ ၂၀ အား ချင်း အမျိုးသားနေ့အဖြစ် တ ရား ၀င်ကျင်းပခွင့် ပြုရန် ထန်တလန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ် တော်ကိုယ် စားလှယ် ပူး လာလ်းမောင်းကျုံးက ပြည်နယ်အစိုးရထံ တင်ပြတောင်း ဆိုခဲ့သည်။

အဆိုပါ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ တောင်းဆိုချက်အတွက် နိုင်ငံတော်သမ္မတ နှင့် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် အား လုံးထံ မိတ္တူ ပေးပို့ထားကြောင်း သိရသည်။

တောင်းဆိုစာတွင် ဒီမိုကရေစီစနစ်သို့ အသွင်းကူးပြောင်းနေချိန်တွင် အစိုးရသစ်အနေဖြင့် တိုင်းရင်းသား အရေးကို အထူး လေးစား လာကြောင်း ထို့ကြောင့် ချင်းပြည်သူအားလုံးက လေးစားတန်ဖိုးထားခဲ့ သော ဖေဖေါ်ဝါရီ (၂၀) သည် ချင်းပြည် နယ်နေ့ လုံးဝ မဖြစ် သောကြောင့် ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခွင့်ပြုရန် ဟု ပါရှိသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ပြည်နယ်အစိုးရထံမှ မည်သို့ တုံ့ပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။

“ ဒီကိစ္စက အစိုးရသစ်အနေနဲ့ မဖြစ်မနေလုပ်ရမည့်ဟာ ပါ၊ ဒါမှ သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာ အနှစ်သာရ ရှိမှာပေါ” ဟု ဟားခါးမြို့ပေါ်မှ ရပ်မိရပ်ဖ တဦးက ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ က ချင်းအမျိုး သားနေ့ကို “ ပြည်နယ် နေ့”အဖြစ် မ ဟုတ် ဘဲ “အမျိုးသားနေ့” အဖြစ် တရားဝင် ကျင်းပခွင့်ပြုရန် ပြီးခဲ့ သည့် ဒီဇင်ဘာလဆန်းပိုင်းက တေင်းဆိုခဲ့ သော်လည်း ချင်းပြည်နယ် အစိုးရက ပယ်ချလိုက်သည်။

ချင်းပြည်နယ်နေ့သည် မဆလ အစိုးရလက်ထက် ၁၉၇၃- ၇၄ ခုနှစ် သြဂုတ်လအတွင်း ယခင် ချင်းဝိသေသ တိုင်းအား ချင်းပြည် နယ် အဖြစ် အသိအမှတ်ပြုသည့် ရက်နေ့သာ ဖြစ်သင့်ပြီး ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ချင်း အမျိုး သားနေ့ နှင့် သက်ဆိုင်ခြင်း မရှိ ပေ။

အစိုးရသစ်သည် ယခင်ပြည်နယ်နေ့အဖြစ် ကျင်းပခွင့် ပြုထားသည့် ဖေဖေါ်ဝါရီ ၀၁ ရက်နေ့အား မွန်အမျိုး သားနေ့အဖြစ် ကျင်းပခွင့် ပြုထားသည်။

No comments: