ရန်ကုန်တိုင်း ကြည့်မြင် တိုင်မြို့နယ် သာဓု ပရိယ တ္တိစာသင် တိုက်က ရွှေညဝါ ဆရာတော် ဘဒ္ဒန္တ ဦးပညာ သီဟနဲ့ သံဃာ၊ သီလရှင် အပါး ၇၀၀ ခန့်ဟာ ဒီနေ့ မနက် ဆွမ်းခံ ထွက်ပြီး ဘုန်းပေးလို့ ပိုလျှံတဲ့ အလှူခံ ပစ္စည်း တွေကို လှိုင်သာယာ မြို့နယ် မီးဘေး ဒုက္ခသည် တွေကို သွားရောက် စွန့်ကြဲ ပါ တယ်။“၇၀၀ ဝန်းကျင် လောက် ရှိမယ် လို့ သီလရှင် တွေရော၊ သံဃာတော် တွေရော။ သီလရှင် တွေက ၁၉၀ ကျော် လောက်ရှိတယ်။ သံဃာက ၅၀၀ လောက် ရှိတယ်။ ကြည့်မြင်တိုင်၊ ကမာရွတ် အကုန် လုံးကို အလှည့် ကျနဲ့ ပုံမှန် အတိုင်း ကြွတာ လေ။ ဒီနေ့ ၇ ရက် ရှိသွား ပြီလေ။ မီးဘေး ဒုက္ခသည် တွေကို လည်း သွားလှူတာ၊ ပြည် သွားလှူ ဦးမယ် ၇ ရက် မြောက်ပေါ့။”
ဒီလို ဆွမ်းခံကြွ ချီတာဟာ သီတင်း တပတ်ရှိပြီလို့ ဆရာ တော်က မိန့်ပါ တယ်။ ဒီလဆန်း ပိုင်းက လှိုင်သာယာ မီးဘေး ကြောင့် အိမ်ခြေ ၃၅၀ နီးပါး မီးထဲ ပါခဲ့ တာကို ဆရာတော်က လှူဒါန်း နေတာပါ။
တမြန်နေ့က တိုင်းသာသာနာရေး ဦးစီးဌာနတာဝန်ရှိသူတွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဆရာတော်နဲ့ တွေ့ဆုံပြီး နိုင်ငံရေးအသုံးချခံမ ဖြစ် ဖို့ လျှောက်ထားကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ဆွေးနွေးတာကတော့ ၈၈ မျိုးဆက်တွေ၊ အန်အယ်လ်ဒီပါတီက ဒကာတွေ၊ ဒကာမတွေ ပါဝင်လာတဲ့အပေါ်မှာ နိုင်ငံရေး အသုံးချမှုတွေ ပါသွားမှာစိုးလို့ဆိုပြီး ပြောတော့ ရှင်းပြလိုက်ပါတယ်။ သူတို့က ဗုဒ္ဓဘာသာဝင်တွေပါလို့။ ဆွမ်းခံကြွတယ် ကျုပ် ဝေယျာဝစ္စ တောင်းနိုင် ပို့နိုင်အောင် လာတာပါလို့။ သူတို့ကုသိုလ်ယူခွင့် မရှိဘူးလား။ ဗုဒ္ဓဘာသာတွေပဲ။ ဘာအပြစ်နဲ့ ဘာပုံချမှာလဲ။ အဲဒါကို ဆီလို အပေါက်မရှာနဲ့လေ။”
ဆရာတော်ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ လာမယ့် ၁၉ ရက်နေ့ကျရင် သာဓုကျောင်းတိုက်ကနေထွက် မှာ ဖြစ်ပြီး ရန်ကုန်မြို့ပြင် မှော်ဘီဘက်က ခြံတခြံမှာ စာသင်သား ၁၀၀ ကျော်ကို ခေါ်ဆောင်ပြီး သီတင်းသုံးမှာ ဖြစ်ပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ရွှေညဝါဆရာတော်ကို တရားဟောခွင့် တနှစ်ပိတ်ထားတာ ဒီလ ၁၀ ရက်နေ့မှာ ပြည့်ပါတယ်။ ဒါပေမယ့် နောက်ထပ်တနှစ် ထပ်ပိတ်ခဲ့ပါတယ်။
No comments:
Post a Comment