မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ ညနေ ပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပါတယ်။သူ့ရဲ့ မြန်မာပြည် ခြောက်ရက်တာ ခရီးစဉ် အပြီး ပြန်လည် မထွက် ခွာခင် ပြုလုပ် ခဲ့တဲ့ ကင်တားနားရဲ့ သတင်းစာ ရှင်းလင်း ပွဲကို တက်ခဲ့ တဲ့ သတင်းထောက် တဦးက …
“အီလက် ထရောနစ် ဥပဒေ တွေနဲ့ ပတ်သက်ပြီး သူပြော သွားတယ်။ ဒီဥပ ဒေတွေ ပြင်ရ မယ်လို့ ပြောသွား တယ်။ အကျဉ်းသား ကိစ္စ တွေလည်း အများ ကြီးပဲ ပြောတယ်။ ပြန်လွတ် လာတဲ့ သူတွေနောက် တကောက် ကောက်နဲ့ စောင့်ကြည့်နေ တာတွေ ထောက်ပြပြီး သူကြား နေရ တယ်ပေါ့ အဲဒါ ပြောတယ်။ အသေး စိတ်ကတော့ မပါဘူး။ ဒါပေမယ့် တော်တော် များတယ်။ စာမျက်နှာ ၅ မျက်နှာ၊ ၆ မျက်နှာ လောက် ပြောသွား တယ်။ တိုင်းရင်းသား ကိစ္စ တွေမှာလည်း လူ့အခွင့် အရေး ချိုးဖောက် တာတွေ သူကြား တာတွေပေါ့။ မိန်းက လေးတွေ ကိစ္စတွေ၊ ပေါတာ ဆွဲတာ၊ ကလေး စစ်သား ကိစ္စ တွေပေါ့ အဲဒါတွေ ပြောသွား တယ်။”
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ မစ္စတာ ကင်တားနားတို့ နေပြည်တော်မှာ တွေ့တုန်းက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့် ကြည့်လေ့လာခွင့် ပြုဖို့ အစိုးရက စဉ်းစားနေတယ်လို့ ပြောကြောင်းလည်း သတင်းစားရှင်လင်းပွဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
ဇန်န၀ါရီလ ၃၁ ရက် အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ နေပြည်တော် မှာ အစိုးရဝန်ကြီး တချို့နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ထူးထူးခြားခြား မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။
အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်မှာ တွေ့ရှိတဲ့ လူ့အခွင့်အရေး အခြေအနေ အပြည့်အစုံကိုတော့ ဒီလကုန်ပိုင်း ဂျနီဗာမှာလုပ်မယ့် ၁၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား က တင်ပြ ဆွေးနွေးမှာ ဖြစ်ပါတယ်။
No comments:
Post a Comment