အာဆီယံ နိုင်ငံ တွေက ထိပ်တန်း စီးပွား ရေးလုပ် ငန်းရှင် ၃၀ ကျော်ပါ ဝင် တဲ့ (Asean Business Club) အဖွဲ့ဟာ လာမယ့် တနင်္လာနေ့ ရန်ကုန်ကို လာဖို့ ရှိပါတယ်။အာဆီယံ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင်များ အဖွဲ့ဟာ မြန်မာ့ ရင်းနှီး မြှုပ်နှံ မှု ကော်မရှင် (UMFCCI) မြန်မာနိုင်ငံ စက်မှု ကုန်သည် အသင်း ချုပ်စတဲ့ အဖွဲ့ တွေက တာဝန် ရှိသူ တွေနဲ့ တွေ့ဆုံ ဆွေးနွေး ကြဖို့ ရှိပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံ မယ်လို့ သိရ ပါတယ်။
အာဆီယံ လုပ်ငန်း ရှင်တွေနဲ့ ကားထုတ် လုပ်ရေး ကိစ္စ ရပ်တွေ အ ဓိ ကထား ဆွေးနွေး ကြဖို့ ရှိတယ်လို့ စက်မှု ကုန်သည် အသင်း ချုပ်က တာ ဝန် ရှိသူ တဦး ဖြစ်တဲ့ ဦးအောင်ခင်မြင့်က ခုလို ပြောပြ ပါတယ်။
“ကားနဲ့ ပတ်သက်တာကျတော့ နိုင်ငံတော်က စက်မှုနိုင်ငံတော် ဖြစ်အောင်ဆိုပြီး လုပ်ချင်တယ်လေ။ ကားထုတ်လုပ်မှုကိုလည်း သူတို့က တိုးတက်စေချင်တယ်။ မြန်မြန်လေး တိုးတက်ဖွံ့ဖြိုးစေချင်တယ်။ ဒီမှာရှိတဲ့ ကားထုတ်လုပ်မှုကလည်း သိတဲ့အတိုင်းပဲ အားလုံးက အလုံးချိန်း(အင်ဂျင်လဲ) တာကိုပဲ အားသန်ကြတာလေ။ အနည်းဆုံး ဘယ်လောက် ရာခိုင်နှုန်းအထိ ခင်းကျင်း ပြသနိုင်မလဲ။ အဲဒီလိုလုပ်နိုင်ဖို့အတွက်လည်း နိုင်ငံတော်က အားပေးနေပါတယ်။ အဲဒီအတွက် ကျနော်တို့မှာ အတွေ့အကြုံ ဗဟုသုတ မရှိဘူးခင်ဗျ။ အဲဒါလေးကို လာလေ့လာဖို့လို့ ကျနော် နားလည်ထားပါတယ်။ နိုင်ငံတော်က ကားအသင်းအဖွဲ့ပဲ ဖြစ်ဖြစ်၊ group of business ပေါ့။ အုပ်စုဖွဲ့ပြီးတော့ နည်းနည်းထွားအောင်လုပ်ပေါ့။ နိုင်ငံတော်က အပြင်က သွင်းတာထက် စာရင် ဒီမှာ ဖြစ်နိုင်ရင် ကားကို ဘယ်နှပတ်လောက်ပဲ ဆင်ရ ဆင်ရ ကိုယ့်နိုင်ငံက ထုတ်တဲ့ဟာကိုပဲပေါ့။ ဒီနှစ်မှာ ပြည်တွင်းက ၁၀ ရာခိုင်နှုန်းပဲ ဆင်နိုင်ရင် နောက်နှစ်မှာ ၂၀ ရာခိုင်နှုန်း အထိ ဆင်နိုင်မယ် အဲလိုမျိုး နိုင်ငံတော်က ရည်ရွယ်ချက် ရှိတယ်ဗျ။”
စက်မှုကုန်သည် အသင်းချုပ်က တာဝန်ရှိသူတွေဟာ ကားထုတ်လုပ် တပ်ဆင်ရေးနဲ့ ပတ်သက်ပြီး၊ မလေးရှားနိုင်ငံကို သွားရောက် လေ့လာခဲ့ပြီး ဖြစ်သလို မကြာခင်မှာလည်း ထိုင်းနိုင်ငံကို သွားရောက်လေ့လာ ဖို့ရှိတယ်လို့လည်း ပြောပါတယ်။
(Asean Business Club ) အဖွဲ့ဟာ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲတနာရီမှာ စက်မှုကုန်သည်အသင်းချုပ်နဲ့ တွေ့ဆုံပြီး မွန်းလွဲ ၃ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်မှာတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါ တယ်။ အဲ့ဒီအဖွဲ့နဲ့အတူ ပြန်ကြားရေးသတင်းအဖွဲ့တွေလည်း လိုက်ပါလာကြမယ်လို့ သိရပါတယ်။
No comments:
Post a Comment