Thursday, February 2, 2012

လမ်းလုပ်အားပေးအတွက် ငွေကောက်သည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေ

ရိုးမ ၃

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နွားခြံ ကျေးရွာအုပ်စုတွင် လမ်းလုပ်အားပေးအတွက် ငွေကြေးကောက်ခံမှုများ ပြုလုပ် နေသည့် အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြောင်း ရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့်လ ၁၀ ရက်နေ့တွင် နွားခြံအုပ်စု ဥက္ကဌ ဦးအောင်မိုးနှင့် ရယက စာရေး ဒေါ်အေးအေးသွယ်တို့က ဘဲပြာတာလမ်းမတွင် လုပ် အားပေးလုပ်ဆောင်ရန် အကြောင်းပြ၍ ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။

“သူတို့က အဲဒီဘဲပြာတာ လုပ်အားပေးအတွက်ဆိုပြီး ပြောကောက်နေတာ၊ တကယ်လို့ သူတို့တောင်းတဲ့ငွေမပေးရင် ဖမ်းဆီး အရေး ယူ တာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီးပြောတယ်၊ အခုတော့ သူတို့ငွေတွေလိုက်စုနေတယ်” ဟု နွားခြံ ရွာသာတဦးက ပြောသည်။

ယင်းသို့ ငွေကြေးကောက်ခံရာတွင် လယ်လုပ်သူများနှင့် အခြားရွာသားများကို ခွဲ၍ ကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းရွာသားက ဆက် ပြောသည်။

“လယ်သမားတွေကြတော့ တအိမ်ကို ၁၅၀၀ တောင်းတယ်၊ တခြားလယ်မလုပ်တဲ့သူတွေကြတော့ တအိမ်ကို ၁၀၀၀ နှုန်းကောက်တယ်” ဟုပြောသည်။

နွားခြံ ကျေးရွာအုပ်စုတွင် လယ်လုပ်သူအိမ်ထောင်စု ဦးရေ ၄၅၀ ဦးရှိပြီး အခြား လုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၅၁၀ ရှိကြောင်း ဒေသခံက ပြောသည်။

ဒေသခံများအနေဖြင့် အစိုးရသစ်လက်ထပ်တွင်လည်း ဒေသအာဏာပိုင်များက ယခုကဲ့သို့ လုပ်အားပေးအကြောင်းပြ ငွေကြေး ကောက် ခံ များ မကြာခဏဖြစ်နေလျှက်ရှိသည်ဟု ပြောသည်။


No comments: