Thursday, February 16, 2012

ကျောင်း​က​နေခွာရမည့်​ ​ရွှေညဝါဆရာ​တော် သစ်ပင်​အောက် သီတင်း​သုံး​မည်

အေး​နိုင်

ရွှေညဝါ ဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာ သီဟဟာ လာမယ့်​ ၁၉ ရက်​နေ့​ ကျ ရင် လက်ရှိ သီတင်း​ သုံး​နေ ထိုင်တဲ့​ ရန်ကုန်တိုင်း ​ဒေသကြီး​ ကြည့်​မြင် တိုင်မြို့​ နယ်တွင်း​က သာဓု ပရိယ တ္တိစာသင် တိုက်က​နေ ထွက်ခွာမှာ ဖြစ်ပြီး​ ​မှော်ဘီမြို့​ နယ်က ခြံတခြံရဲ့​ သစ်ပင်​ အောက် သီတင်း​ သုံး​မှာ ဖြစ်ပါ တယ်။

ဒီအ​ ကြောင်း​ကို ဆရာေ တ်ာက “​မှော်ဘီကို ကျုပ် ဒကာ၊​ ဒကာမ​ တွေက လှူထား​တဲ့​ ခြံရှိတယ်။ ​လော​လော ဆယ် ​ကျောင်း​လည်း​ မ​ဆောက် ရ​သေး​ဘူး​။ ​ဆောက်ဖို့​ လည်း​ မရှိ​ သေး​ဘူး​။ အဲဒါ အတွက် သစ်ပင်​ အောက်မှာပဲ ​နေမယ် ​လော​လော ဆယ်” လို့​ မိန့်​ပါ တယ်။

ဒီပြုကျင့်​ မှုဟာ ဘုရား​ဟော အတိုင်း​ ဖြစ်ပြီး​ ​ကျောင်း​ရှိ ရင်ရှိ၊​ မရှိရင် သစ် တပင်​ အောက်မှာ ​နေရ မယ်လို့​ ဘုရား​ဟော အတိုင်း​ ကျင့်​ကြံ တာပါလို့​ ဆရာ​ တော်က မိန့်​ပါ တယ်။

ဆရာ​တော်ကို ​ကျောင်း​တိုက်က​နေ ထွက်ခွာ​ပေး​ဖို့​ နိုင်ငံ​တော် သံဃမဟာနာယက အဖွဲ့​ရဲ့​ ဆုံး​ဖြတ်ချက်ကို လိုက်နာတဲ့​အ​နေနဲ့​ ထွက်ခွာ တာ ဖြစ်ပါတယ်။

ဆရာ​တော် သွား​ရောက်သီတင်း​သုံး​ဖို့​ စီစဉ်ထား​တဲ့​ခြံဟာ ရန်ကုန်မြို့​ အထွက်က သဲအင်း​ဂူ ဝိပသာနာရိပ်သာ ​ကျောင်း​တိုက်ကြီး​ဆိုတဲ့​ ဆိုင်း​ဘုတ် ​ရောက်တဲ့​အခါ အဲဒီဆိုင်း​ဘုတ်​အောက်က​နေ ၄ မိနစ်ခန့်​ ကား​မောင်း​ဝင်ရပြီး​ ၄ ဧကခွဲခန့်​ ကျယ်ဝန်း​တယ်လို့​ ဆိုပါတယ်။

ဆရာ​တော် ​နေရာသစ်ကို ကြွသွား​တဲ့​အခါ ​ကျောင်း​တိုက်မှာ လက်ရှိ ပညာသင်ကြား​နေတဲ့​ ဦး​ဇင်း​၊​ ကိုရင်၊​ ​ကျောင်း​သား​ စုစု​ပေါင်း​ ၁၀၀ ​ကျော်ကို တပါတည်း​ ​ခေါ်​ဆောင်သွား​မှာလို့​ မိန့်​ပါတယ်။

“အကုန်လုံး​ ကျုပ်​ခေါ်သွား​မှာ။ ဟ မလိုက်လို့​ သူတို့​က စာသင်သား​ ဘယ်မှာ ​နေရမှာတုန်း​။ တပါး​တည်း​ ကြွခိုင်း​ပေမယ့်​ ကျုပ်ကို မှီခို​နေတဲ့​သံဃာ​တွေ ရှိတယ်။ သူတို့​အတွက်လည်း​ ​နေစရာထိုင်စရာ ကျုပ်မှာကလည်း​ အခက်အခဲ ရှိ​နေတယ်။ တရုတ်နည်း​ပညာနဲ့​ ကျုပ်တို့​နိုင်ငံ ထဲမှာ အ​ဆောက်အဦကို ချက်ချင်း​ဆောက် ချက်ချင်း​နေလို့​ရတဲ့​ နည်း​ပညာ​တွေ ရှိပြီ​လေ။ ပိုက်ဆံ​ပေး​ပြီး​ လုပ်ခိုင်း​မှာ​ပေါ့​။”

နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က ဆရာ​တော်ကို မနှစ် ​ဖေ​ဖော်ဝါရီ လဆန်း​ပိုင်း​မှာ တရား​ဟောခွင့်​ တနှစ်ပိတ်ပင်ခဲ့​ပါတယ်။ အဲဒီ​နောက် တနှစ်မပြည့်​ခင်မှာ စည်း​ကမ်း​ချိုး​ဖောက်တယ်ဆိုပြီး​ ​ကျောင်း​တိုက်က​နေ ဒီလ ၁၉ ရက်​နေ့​မှာ ထွက်ခွာဖို့​ နိုင်ငံ​တော် သံဃ မဟာ နာယကအဖွဲ့​က ဆုံး​ဖြတ်ခဲ့​ပါတယ်။

ဒီလဆန်း​မှာ​တော့​ တနှစ်ပိတ်တာပြည့်​ပြီ ဖြစ်​ပေမယ့်​ ​နောက်တနှစ်​ဟောခွင့်​ ပိတ်ခဲ့​ပါတယ်။

No comments: