Wednesday, February 8, 2012

၆၅ နှစ်မြောက် သျှမ်းပြည်နယ် နေ့၌ ကျိုင်းတုံ စစ်ဒေသ အတွင်း တိုက်ပွဲဖြစ်

သျှမ်းသံတော်ဆင့်


သျှမ်းပြည်တပ်မတော် တောင်ပိုင်းဖွဲ့ ဟု လူသိများသည့် RCSS/SSA နှင့် မြန်မာအစိုးရတပ်တို့ အကြား သျှမ်းပြည်နယ်နေ့၌ တိုက်ပွဲ ဖြစ် ပွားခဲ့ ကြောင်း သိရှိ ရပါသည်။

စစ်ဒေသအတွင်း လှုပ်ရှားသည့်သျှမ်းတပ်မှူးတဦးက - မြန်မာအစိုးရတပ်နှင့် တိုက်ပွဲအဖြစ်ပွားကြောင်း အတည်ပြုသော်လည်း တိုက်ပွဲ အသေးစိတ်ကိုမူ ထုတ်ဖေါ်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါသည်။

၂၀၁၂ ဖေဖေါ်ဝါရီလ ၇ ရက် နေ့ကျရောက်သော ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့၌ လွယ်ကော်ဝမ်း အခြေစိုက် အမှတ် ၁ စစ်ဒေသ သို့မဟုတ် ကျိုင်းတုံစစ်ဒေသအတွင်း မြန်မာအစိုးရ တပ်နှင့် သျှမ်းပြည် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းပါသည်။

“မနေ့က လွယ်ကော်ဝမ်းစစ်ဒေသမှာတိုက်ပွဲဖြစ်တယ်။ သေနတ်သံလက်နက်ကြီးသံတွေတောင်ကြားရတယ်။ နောက်ပြီး ကျနော်တို့ ဘက် မှာလဲ တနေ့တုန်းကဖြစ်တယ်။ သျှမ်းတပ်ကို ဗမာက လက်နက်ကြီးနဲ့ သွားတိုက် တာ။ မြန်မာစစ်တပ်ဖက်က ၃ ယောက် ဒဏ်ရာရ သွား တယ်။” - ဟု တာချီလိတ်ရောက် မိုင်းပြင်းမြို့နယ် မိုင်းပူးလုံ ကျေးရွာအုပ်စု ဒေသခံတဦးကပြောပါသည်။

သျှမ်းပြည်တပ်တော် RCSS/SSA လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပသော ၆၅ နှစ်မြောက် သျှမ်းပြည်နယ် နေ့ တွင် ခေါင်းဆောင်ဒုတိ ယ ဗိုလ်ချုပ်ကြီ ယွက်စစ်က- အစိုး ရနှင့် ယခု ကဲ့သို့ အပစ် ခတ်ရပ်စဲရခြင်းသည် ပြည်သူများ စစ်ဘေးစစ်ဒဏ်မှကင်းဝေးစေရန် မိမိ အ သက်မွေးဝမ်းကျောင်းလုပ်ငန်း ကောင်းမွန်စွာလုပ်ကိုင် စားသောက်နိုင်ရန် ရည်ရွယ်သည်။ သို့သော် ဦးသိန်းစိန်အစိုးရတပ်က လူထု အ သက်အိုးအိမ်လုံခြုံမှုကိုထိခိုက် လာပါက လူထုဘက်မှ ရပ်တည်က ပြန်လည်ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု မိန့်ခွန်းပြောကြားပါသည်။

No comments: