Wednesday, February 15, 2012

လယ်သမား​က ​ဇေကမ္ဘာဦး​ခင်​ရွှေကို တရား​စွဲ​တော့​မည်

အေး​နိုင်

ရန်ကုန်တိုင်း​ မင်္ဂလာ ဒုံမြို့​နယ် ​ရွှေနံ့​သာ ​ကျေး​ရွာ လယ်သမား ​တွေက ​ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦး​ခင်​ရွှေကို နိုင်ငံ​တော် အခွင့်​ အာဏာ အလွဲ သုံး​စား​ မှုနဲ့​ တရား​စွဲ ဆိုဖို့​ ပြင်ဆင်​ နေပါ တယ်။

ဇေကမ္ဘာ ကုမ္ပဏီက ​ရွှေနံ့​သာ​ ကျေး​ရွာ လယ်သမား​ တွေရဲ့​ ​မြေ​တွေ​ ပေါ်မှာ စက်မှုဇုန် အ​ကောင် အထည်​ ဖော်​နေတာ ဖြစ်ပြီး​ လတ်တ​လောမှာ ရပ်နား​ ထား​ပါ တယ်။

လယ်​တွေ သိမ်း​တုန်း​က အစိုး​ရ သိမ်း​မှာမို့​လို့​ ​ဇေကမ္ဘာ ကုမ္ပဏီက ကြား​ဝင် ကရု ဏာ​ကြေး​ ​ပေး​တယ်လို့​ ​ပြောပြီး​ တဧကကို သုံး​သိန်း​ပေး​လို့​ ဒီအ​ပြောကို လယ်သမား​ တွေက ယုံကြည်ပြီး​ လယ်​တွေ ဆုံး​ခဲ့​ကြ ပါတယ်။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ ​ဇေကမ္ဘာ ကုမ္ပဏီရဲ့​ လှည့်​ဖြား​တာ ခံရ တယ်လို့​ လယ်သမား​ တွေက ယူဆပြီး​ ရန်ကုန်တိုင်း ​ဒေသကြီး​ အစိုး​ရ အဖွဲ့​ကို တိုင်လို့​ စိမံကိန်း​ကို ရပ်ခိုင်း​ ထား​ပါ တယ်။

အခု​တော့​ လယ်သမား​တွေက မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေကို ကိုယ်စား​လှယ်လွှဲပြီး​ ဦး​ခင်​ရွှေနဲ့​ ဦး​ဘိုကြီး​ဆို သူကို တရား​စွဲခိုင်း​တယ်လို့​ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။

“အ​ရောင်း​အဝယ်လည်း​ မရှိသလို လယ်သမား​တွေကို ​ငွေ​ပေး​တယ်ဆိုတာလည်း​ ဟုတ်တယ်။ ဒါ​ပေမယ့်​ အဲဒီမှာ အမှုအ​ကြောင်း​ကို ​ပေါ်​ပေါက်​အောင် လုပ်ထား​တာက ​တောင်သူလယ်သမား​တွေက မိမိတို့​လယ်ကို မလုပ်စား​ချင်​တော့​လို့​ တခြား​စီး​ပွား​ရေး​ လုပ်ငန်း​တွေကို ​ပြောင်း​လဲ လုပ်ကိုင်ချင်တဲ့​အတွက် ​ကျေး​ရွာ​မြေယာ​ကော်မတီကို သွား​ပြီး​တော့​ ​မြေအပ်နှံမယ် ဆိုတဲ့​ဟာကို လုပ်ထား​တယ်။ တကယ်က အဲဒီမှာ အရင်က ရယက အဖွဲ့​ဝင် ဦး​ဘိုကြီး​က ဓမ္မဝိဟာရ ဓမ္မာရုံကို အကြိမ်ကြိမ် ​ခေါ်​တွေ့​ပြီး​တော့​ ​တောင်သူလယ်သမား​တွေကို နိုင်ငံ​တော်က သိမ်း​ပြီဆိုတဲ့​အ​ကြောင်း​ အကြိမ်ကြိမ် ခြိမ်း​ခြောက် ​ပြောဆို​နေတာ။ အဲဒါနဲ့​ ဦး​ခင်​ရွှေ ကိုယ်တိုင်ကလည်း​ သူက နိုင်ငံ​တော်က သိမ်း​ပြီလို့​ လိမ်လည် လှည့်​ဖြား​ပြီး​ ​ပြောတာ။ အဲ​တော့​ ဦး​ဘိုကြီး​နဲ့​ ဦး​ခင်​ရွှေတို့​ကို ကျ​နော်တို့​က တရား​စွဲမှာပါ။ နိုင်ငံ​တော် အခွင့်​အာဏာ ကို အလွဲသုံး​စား​ လုပ်တဲ့​အမှုနဲ့​ တရား​စွဲမယ်။ ​ရှေ့​တပတ်ထဲမှာ ဖြစ်မယ်။ ”

တရား​စွဲပြီး​တဲ့​အခါ ​ဒေသခံ​တောင်သူ​တွေကို သီး​စား​ ပြန်လည်ချထား​ပေး​ဖို့​ ​ကျေး​ရွာ ​မြေယာ​ကော်မတီမှာ ​လျှောက်မယ်လို့​လည်း​ ဆိုပါ တယ်။

“ရန်ကုန်တိုင်း​ ​ဒေသကြီး​အစိုး​ရအဖွဲ့​ ကိုယ်တိုင် စာထုတ်တာ ​ဇေကမ္ဘာကို လယ်ပဲစိုက်ခိုင်း​ထား​တာ။ ​ဇေကမ္ဘာကိုပဲ လယ်စိုက်ခိုင်း​တာကိုက ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက မှား​နေပြီ။ ​နောက်ပြီး​ ဒီမှာရှိတဲ့​ ​ဒေသခံ​တောင်သူ​တွေကို သီး​စား​ပြန်ချထား​ပေး​ရမယ်။ ၁၉၅၃ ခုနှစ် လယ်ယာစိုက်ပျိုး​ရေး​ ဥပ​ဒေအရ၊​ ၁၉၆၂ ခုနှစ် သီး​စား​ချထား​ရေး​ ဥပ​ဒေအရ ​တောင်သူလယ်သမား​တွေက လယ်လုပ်ဖို့​ ဥပ​ဒေနဲ့​ ညီ တယ်။ ဒါက​တော့​ ကျ​နော်တို့​က ဥပ​ဒေ​ကြောင်း​အရ ရင်ဆိုင်ရမှာပဲ။”

လယ် ၁၃ ဧက ပါသွား​တဲ့​ ​ဒေါ်တင်စိန်က သူတို့​ လှည့်​ဖြား​ခံခဲ့​ရတယ်လို့​ ​ပြောပါတယ်။

“လက်မှတ်ထိုး​ခိုင်း​တာက​တော့​ သူအတင်း​ထိုး​ခိုင်း​တာ။ နိုင်ငံ​တော် သိမ်း​တယ်ဆိုပြီး​ ​ပြောတယ်။ အမှန်က​တော့​ နိုင်ငံ​တော် မဟုတ်ရင် ​ရောင်း​ကို မ​ရောင်း​ဘူး​။ အဲ့​မှာ ဦး​ခင်​ရွှေက မ​ရောင်း​ရင်လည်း​ တပြား​မှ မရဘူး​။ နိုင်ငံ​တော်က သိမ်း​တယ်ဆိုပြီး​တော့​ ​ပြောတယ်။ မင်း​တို့​ တင်တဲ့​စာလည်း​ အမှိုက်ခြင်း​ထဲ ​ရောက်သွား​မယ်ဆို​တော့​ လယ်သမား​တွေက ​ကြောက်လန့်​ပြီး​ လက်ခံရတယ်။ ”

လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်ကလည်း​ “အဲဒါဆိုရင် သူ​ဌေး​ ကျ​နော်တို့​ သား​သမီး​တွေက လယ်သမား​ဘဝနဲ့​ပဲ ပညာ​ရေး​၊​ စား​ဝတ်​နေ​ရေး​ လည်ပတ်​နေရတာ။ အခုလို အသိမ်း​ခံရမယ်ဆိုရင် ကျ​နော်တို့​ စာတင်မယ်လို့​ ​ပြော​တော့​ ဦး​ခင်​ရွှေက ခင်ဗျား​တို့​ စာတင်လည်း​ အ မှိုက်ပုံး​ထဲပဲ ​ရောက်မယ်လို့​ ငြိမ်း​ခြောက်တဲ့​စကား​ ​ပြောတယ်”လို့​ ဆိုပါတယ်။

အစိုး​ရနဲ့​ နီး​စပ်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​တွေကို တရား​စွဲဆိုတဲ့​ကိစ္စမှာ တရား​ရုံး​၊​ မီဒီယာ စသဖြင့်​ အချိန်ယူပြင်ဆင် ချိန်ဆ​နေတယ်လို့​ ​ပြောဆိုပါတယ်။

No comments: