
ကချင်ပြည်နယ်တောင်ပိုင်းတွင် ဖေဖော်ဝါရီလ (၂) ရက်၌ ဦးမနမ်ဂမ်နှင့် ဇနီးတို့ ၎င်းတို့၏ စပါးခင်းအနီး မြန်မာအစိုးရတပ်မှ ပစ်ခတ် ခံရ သည့်အတွက် ခင်ပွန်းဖြစ်သူသေဆုံးသွားသည်ဟု ဆွေမျိုးများကပြောသည်။
မန်မော်(ဗန်းမော်)ခရိုင်၊ မန်ဂျယ်(မံစီ)မြို့နယ် ဟန်ထက်ကျေးရွာတွင် ထိုသို့ဖြစ်ပွားခြင်းဖြစ်သည်။
ဆွေမျိုးများနှင့် မျက်မြင်အချို့၏ပြောပြချက်အရ အသက် (၅၀)ရှိ ဦးမနမ်ဂမ်နှင့် အသက် (၃၂) နှစ်ရှိ ဇနီး ဒေါ်လခန်ခေါန်မိုင်တို့အား အ စိုးရစစ်ကြောင်းတခုက အကြိမ်ကြိမ် ပစ်ခတ်ကြသည်ဟု ဆိုသည်။

အခင်းဖြစ်ပွားရာအနီးရှိ စပါးခင်းသို့သွားစဉ် ထိုသို့ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။
ဦးမနမ်ဂမ် သေနတ်မှန်သေဆုံးသည့်နေရာတွင် ကျည်ဆံအခွံ အနည်းဆုံး ၁၁ ခုလည်းရှိနေသည်ဟု ၎င်း၏ဆွေမျိုးများကပြောသည်။
ရွာသားများအဆိုအရ ပစ်ခတ်သွားကြသူများသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာအခြေစိုက် ခမရ (၁၁၃) မှဖြစ်သည်ဟု ဆို သည်။
မြန်မာအစိုးရ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးမရ က ၎င်းတို့အနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များကို စုံစမ်းစစ်ဆေးမှု မပြုနိုင်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ယခုအပတ်ရောက်ရှိစဉ် အင်္ဂါနေ့က ပြောဆိုလိုက်သည်။
“ပဋိပက္ခဖြစ်တဲ့ဒေသမှ စုံးစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အချိန်မသင့်တော်သေး။” ဟု ဧရာဝတီ မဂ္ဂဇင်းသို့ပြောသည်။

စုံစမ်းစစ်ဆေးရန်အတွက် ပျက်ကွက်ခြင်းသည် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အား ၎င်း၏ရပ်တည်ချက် အတွက် မေးခွန်း ထုတ်စ ရာဖြစ် လာခဲ့ သည်။ မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသား ဒေသများတွင် မြန်မာအစိုးရတပ်က ထိုသို့ သတ်ဖြတ်မှု၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု စသည့် ကျူးလွန်ဖောက်ဖျက်မှုများ အတွက် နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ပြင်းပြင်း ထန်ထန် ဝေဖန်ပြစ်တင်ကြသည်။
စစ်တပ် မြင်းအစာအတွက် မန်ဂျယ်ဒေသခံများမှ စပါး လုယက်
မန်ဂျယ်(မံစီမြို့နယ်)၊ ဘလောင်ဒိန်ဆာကျေးရွာတွင် စခန်းချထားသည့် အစိုးရတပ်၏ မြင်းတပ်ခွဲတစ်ခုသည် မြင်းအစာအတွက် ဒေသခံ ပြည်သူများ၏စပါးကို လုယက်လာခဲ့သည်မှာ ယခင်နှစ်နှောင်းပိုင်းကတည်းက ဖြစ်သည်ဟု ဒေသခံများ ကချင်သတင်းဌာနသို့ပြောသည်။
၎င်းဒေသသည် ယခင်နှစ် နိုဝင်ဘာလ (၂၈) ရက်အထိ တပ်မဟာ (၃)၊ တပ်ရင်း (၂၇) KIA ထိန်းချုပ်ဒေသ ဖြစ်သော်လည်း မိတ္ထီလာ အ ခြေစိုက် တပ်မ ၉၉ က တိုက်ခိုက် သိမ်းပိုက်၍ စခန်းချနေခြင်းဖြစ်သည်။
ထိုမြင်းတပ်ခွဲနှင့် မိတ္ထီလာအခြေစိုက် ခမရ (၄၁၇)မှ အစိုးရစစ်သား ၁၀၀ ခန့်က ယခင် KIA စစ်စခန်းများတွင် စခန်းချ နေထိုင် ကြခြင်း ဖြစ်သည် ဟု ဒေသခံများပြောသည်။
ဘလောင်ဒိန်ဆာကျေးရွာအနီးရှိ ကထန်ကောင်ကျေးရွာနှင့် ပရန်ခရမ်ကျေးရွာသားများ၏ စပါးခင်းများကိုလည်း လုယက်ကြ သည်ဟု ဆိုသည်။ ယခုလ အစောပိုင်းတွင် ကထန်ကောင်ကျေးရွာမှ မိသားစု ၄ ခု၏ စပါးခင်းများမှာလည်း မြန်မာအစိုးရတပ်က လုယက် သိမ်း ပိုက်သွားကြသေးသည် ဟု ဒေသခံများပြောသည်။
နိုဝင်ဘာလ နောက်ပိုင်းတွင် မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာသည့်အတွက် ထိုဒေသရှိ ဒေသခံအများစု သည် တရုတ်နယ်စပ် နောင် တောင်းသို့ ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။
No comments:
Post a Comment