ရွှေည၀ါ ဆရာ တော်ကြီး ဦးပညာ သီ ဟအား ကျောင်းတိုက်မှ တလ အတွင်း ထွက်ခွာ စေတဲ့ ကိစ္စကို ပြန်လည် စဉ်းစား သုံးသပ် ပေးဖို့ စာတစောင်ကို နိုင်ငံတော် သမ္မတ အပါ အ၀င် လူပုဂ္ဂိုလ်နဲ့ အဖွဲ့ အစည်း ၁၇ ဖွဲ့ထံ ဗုဒ္ဓဟူး နေ့က ပေးပို့ လိုက်ပါ တယ်။လက်မှတ် ရေးထိုး သူတွေနဲ့ စာပါ အကြောင်း အရာ တွေကို လက်မှတ် ထိုးတဲ့ အထဲ မှာပါတဲ့ စမ်းချောင်း ကိုကိုကြီးက ခုလို ပြောပြ ပါ တယ်။
“ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ အပါ အ၀င် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ အန်အယ်လ်ဒီ ကလည်း ပါပါ တယ်။ အများ ကြီးပဲ လက်မှတ်ထိုး ထားကြ တာလေ။ ဆရာ တော်ကြီးရဲ့ တပည့် လက်ရှိ အဲဒီမှာ ကျောင်းတက် နေတဲ့ သံဃာ တော် တွေ ပါတယ်။ ဆရာ တော်ကြီးရဲ့ ဒါယကာ၊ ဒါယိ ကာမ တွေလည်း ပါကြ တယ်လေ။ အားလုံး လက်မှတ် ထိုးကြ ပြီးတော့ ဆရာ တော် ကြီး ဒီကျောင်း တိုက်က ထွက်သွား လို့ရှိရင် နိုင်ငံရဲ့ သာသနာရေး၊ လူမှုရေး စတဲ့ လုပ်ငန်း တွေမှာ အရမ်းကို နစ်နာ သွားနိုင် ပါတယ်၊
ဒီကျောင်းတိုက်မှာ သံဃာအပေါင်း နှစ်စဉ် ထောင်ချီပြီး မွေးထုတ်ပေးနေတယ်။ နောက်ပြီး ph.D ဘွဲ့ရတဲ့ သံဃာတွေ မွေးထုတ်ပေး နေ တယ်။ နောက် လူပုဂ္ဂိုလ်တွေရော၊ သီလရှင်တွေရောကို ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ သင်တန်းတွေ ပို့ချပေးနေတယ်။ စာကြည်တိုက်တွေ လုပ် နေတယ်။ အဲဒီအတွက် သာသနာရေးမှာ အများကြီး ထိခိုက်နိုင်ပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ဒါကြောင့် ဆရာ တော် ကြီးကို ဒီကျောင်းတိုက်ကနေ တလအတွင်း ထွက်ခွာပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ သံဃာမဟာနယကရဲ့ စည်းမျဉ်းကို ပြန်စဉ်းစား ပေးဖို့ ဆိုပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ လွှတ်တော်က ဦးရွှေမန်း၊ လူ့အခွင့်ရေးဆိုင်ရာ ကြားနာရေး ကော်မတီ၊ တရားသူကြီးချုပ်တို့ အဲဒါတွေ အပါအ၀င် လူ့အဖွဲ့အစည်း ၁၇ ခု ကို ကျနော်တို့က လက်မှတ်ထိုးတာတဲ့ မိတ္တူတွေနဲ့ ပူးတွဲ ပေးပို့ထားပါတယ်။”
လူတထောင်ကျော် လက်မှတ်ရေးထိုးပြီး ပေးပို့တောင်းဆိုလိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ရွှေည၀ါဆရာတော်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ကျောင်းတိုက်က ထွက်ခွာပေးပါမယ်လို့ နိုင်ငံ တော် သံယာမဟာနာယက အဖွဲ့ဝင်ဆရာတော်တွေ တောင်းဆိုချက်အရ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်က လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
ဆရာတော်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဩ၀ါဒစကား မြွက်ကြားလို့ဆိုပြီး ကျောင်း တိုက်က တလအတွင်း ဖယ်ရှားပေးဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment