Monday, February 6, 2012

ငြိမ်းချမ်းရေး အတွက် သီး/ ခွဲခြားတွေ့ ဆုံမှု အစိုးရသစ် မူမမှန် ဟု တိုင်းရင်းသား ခေါင်းဆောင် များပြော

သျှမ်းသံတော်ဆင့်

ကမ္ဘာ့ ကုလ သမဂ္ဂ၏ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ တောမတ် အိုဟေး ကင်တား နားအား လက်ရှိ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင် မှုတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအား သီးခြား၊ ခွဲခြားတွေ့ ဆုံသည့် ကိစ္စသည် မူမမှန် ဟု ခွန်ထွန်းဦး နှင့် တိုင်းရင်းသား ခေါင်းဆောင်များ တင်ပြ ကြောင်း ကြားသိ ရပါ သည်။

“ကျနော်တို့ ဥက္ကဌကြီး ခွန်ထွန်းဦး နဲ့အတူ တွဲဖက် ပါတာက ALP က အထွေထွေ အတွင်း ရေးမှူး ဦးအေးသာ အောင်၊ ဇိုမီး အမျိုးသား ကွန်ဂ ရက်က ဦးပူကျင့် ရှင်းထန်၊ ကရင် အမျိုးသား အစည်း အရုံးက တယောက်နဲ့ ကချင်က ဒေါက်တာ စဘွဲဂျွန် ပါတယ်။ တွေ့ဆုံ ရာ မှာ လူ့အခွင့် အရေးထက် ငြိမ်းချမ်း ရေးကိစ္စ ကို ပိုဦးစား ပေးမေး တယ်။” - ဟု SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် ကပြော ပါသည်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့ ညနေ ပိုင်းက UNDP ရုံး၌ မစ္စတာကင်တားနား က တိုင်းရင်းသားခေါင်းဆောင်များအားတနာရီကျော် လက်ခံ တွေ့ဆုံကြောင်း၊ တွေ့ဆုံရာတွင် ‘ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်ရာမှာ၊ ဦးအောင်မင်း၊ ဦးအောင်သောင်းတို့ ဦးဆောင်လုပ်နေတဲ့ အပေါ် ဘယ် လိုမြင်လဲ’ဟုမေးကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များက- ‘ကချင်တွေကိုသွား ပြောရင်၊ ဘယ်ပုဂ္ဂိုလ်ကို လွှတ်တယ်၊ ကရင်ကို သွား ဆွေးနွေးရင် ဘယ်ပုဂ္ဂိုလ် ကို လွှတ်တယ်။ သွားရောက်ဆွေးနွေးတဲ့ အကြောင်းအရာကျတော့လဲ သိပ်တော့ ပုံသဏ္ဌာန် ခြင်းကမတူဘူး။ ဒီ ဥစ္စာက မူမမှန်တဲ့အနေထားမှာရှိတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက တညီတညွှတ်တည်းတင်ပြကြ ပါတယ်” - ဆို၏။

တိုင်းပြည်တွင် ငြိမ်းချမ်းရေးမရှိသောကြောင့် လူထုဒုက္ခ ရောက် လူ့အခွင့်အရေး ချိုးဖေါက်ခံရခြင်းဖြစ်ကြောင်း စိုင်းလိတ် က သုံးသပ် ပါ သည်။

အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် ဦးဆောင်ဆွေးနွေးမည့်လွတ်လပ်သော သီးခြားအဖွဲ့ ( Third Party) ရှိသင့်မရှိသင့် မေးမြန်း ရာတွင် ခွန်ထွန်းဦးမှ ရှိသင့်ကြောင်း ဖြေကြားသွားသည်ဟုသိရှိရပါသည်။

သို့သော်မည်သို့ပင်ဆိုစေတိုင်းရင်းသားခေါင်းဆောင်များ၏တင်ပြချက်များအား မစ္စတာကင်တားနားက လက်ခံ သွားကြောင်း၊ လာမည့် မတ်ခ်ျလတွင် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်ပြလျှင်လည်း မစ္စတာကင်တားနား အတွက် တစုံတရာ အထောက် အကူ ပြုဖြစ် မည်ဖြစ်ကြောင်း ပြောပါသည်။

တိုင်းရင်းသားခေါင်းဆောင်များတင်ပြဆွေးနွေးသည့် အကြောင်းအရာများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ အကျဉ်းကျနေသည့် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိလွှတ်ပေးရန်။

၂။ စစ်ဘေးဒဏ်သင့်သည့် တိုင်းရင်းသားပြည်သူများ၏ ဒုက္ခကို ကယ်တင်နိုင်ရန်အတွက် ၎င်းတို့နေထိုင်ရာဒေသသို့ ပြန်လည် ပို့ဆောင် နိုင်ရေး၊ ၎င်းတို့၏ လူမှုဘ၀ အခြေခံလိုအပ်ချက်များ လွတ်လပ်စွာ ကူညီပံ့ပိုးပေးနိုင်ရန်။

၃။ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစာပေများ လွတ်လပ်စွာသင်ကြားနိုင်ခွင့်ရှိရေးနှင့် တိုင်းရင်းသားများ ဆိုင်ရာ စာအုပ်စာတမ်း များ ကို တရားဥပဒေနှင့် အညီ လွတ်လပ်စွာထုတ်ဝေဖြန့်ချီခွင့်ရရန်။

၎။ လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကူညီဆောင်ရွက် ပေးရန်။
၅။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အခြေခံဥပဒေသ ပုဒ်မများနှင့် လုပ်ထုံးလုပ်နည်း များအား လူထုဆန္ဒ နှင့် အ ညီပြုပြင်သွားနိုင်ရန်။

၆။ မစ္စတာ တောမတ်စ်အိုဟေးကင်တားနားကိုယ်တိုင် ကချင်ပြည်နယ် ကရင်ပြည်နယ် ချင်းပြည်နယ် သျှမ်းပြည်နယ် အစရှိ စစ်ဘေး ဒဏ်သင့်ဒေသများနှင့် လူ့အခွင့်အရေးချိုးဖေါက်ခံနေရသည့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျသွား ရောက်လေ့လာဆန်း စစ်ရန် - စသည့် အချက်များ တင်ပြခဲ့သည်ဟုဆို၏။

No comments: