Tuesday, February 21, 2012

ကိုဖြိုး​ဝေ​အောင်နှင့်​ ​ရှေ့​နေ ၂ ဦး​ တရား​စွဲခံရ

အေး​နိုင်

၂၀၁၀ သကြင်္န် ဗုံး​ပေါက် ကွဲမှုနဲ့​ ဆက်စပ် ဖမ်း​ဆီး​ထား​တဲ့​ ကိုဖြိုး​ဝေ​ အောင်နဲ့​ အတူ သူ့​ ရှေ့​နေ ၂ ဦး​ကို တရား​ စီရင်တဲ့​ ဝန်ထမ်း​ တွေကို ​နှောင့်​ယှက် မှုနဲ့​ တရား​ စွဲမယ်လို့​ အင်း​စိန်​ထောင် တွင်း​ တရား​ ရုံး​မှာ မ​နေ့​က ဆုံး​ဖြတ် လိုက်ပါ တယ်။

အင်း​စိန်​ ထောင်တွင်း​ ရုံး​ထိုင် ​မြောက်ပိုင်း ​ခရိုင် တရား​ သူကြီး​ ဦး​အောင်သိန်း ​ရဲ့​ ရုံး​က ကိုဖြိုး​ဝေ​ အောင်ရဲ့​ ထွက်ဆို ချက်နဲ့​ ပတ်သက်လို့​ အခု လို ဆုံး​ဖြတ်ချက် ချခဲ့​ တာပါ။

ဒီဆုံး​ ဖြတ်ချက် အရ တရား​ခံ ကိုဖြိုး​ဝေ​အောင်နဲ့​အတူ သူ့​ ရှေ့​နေ၂ ဦး ​ဖြစ်တဲ့​ တရား​ လွှတ်​တော်​ ရှေ့​နေ ဦး​ကျော်ဟိုး​နဲ့​ အထက် တန်း​ရှေ့​နေ ​ဒေါ်သင်ဇာလှိုင်တို့​ အ​ပေါ် တရား ​စွဲမှာ ဖြစ်ပါ တယ်။

ဒီကိစ္စဖြစ်ပုံက – အမှုစစ်ရဲအရာရှိရဲ့​ ထွက်ချက်မှာပါရှိတဲ့​ တရား​လိုပြ သက်​သေတဦး​ထံက ကြိုတင်ထွက်ချက်ယူထား​တယ်ဆိုတဲ့​ ထွက် ချက်ဟာ အမှုတွဲထဲမှာ ​ပျောက်ဆုံး​နေတာနဲ့​ပတ်သတ်လို့​ တရား​ခံက ပြန်လည် ​မေး​ခွန်း​ထုတ်ရာက​နေ စတင်ခဲ့​တာ ဖြစ်ပါတယ်။

ရှေ့​နေ ဦး​ကျော်ဟိုး​က “အမှုစစ်ရဲအရာရှိ ရဲအုပ် ထွန်း​ထွန်း​သိန်း​က သူ့​ရဲ့​ထွက်ချက်ထဲမှာ ပါတာကိုး​။ တရား​လိုပြ သက်​သေ ကို​အောင်​ကျော်စွာကို ကြိုတင် ထွက်ချက် ယူထား​ပါတယ်ဆိုပြီး​ ထွက်ဆိုထား​တာ ရှိတယ်​လေ။ အဲဒီ ကြိုတင်ထွက်ချက်က အမှုတွဲထဲမှာ မရှိဘူး​။ တရား​လိုဘက်ကလည်း​ မတင်ပြဘူး​။ အမှုကို ကြီး​ကြပ်ပြီး​တော့​ အကြံဉာဏ်​ပေး​တဲ့​ ဥပ​ဒေအရာရှိ​ရော၊​ အမှုစစ်ရဲအရာရှိ​ရော၊​ သူတို့​က ကြိုတင်ထွက်ချက်ကို တမင်တကာ ထိမ်ချန်ထား​သလား​ ဆိုပြီး​ ​မေး​ခွန်း​ထုတ်စရာ ဖြစ်တယ် ဆိုပြီး​ တရား​ခံရဲ့​ ထွက်ချက်မှာ ထွက်ဆိုထား​တယ်။ ဒါနဲ့​ ပတ်သက်ပြီး​ ဥပ​ဒေအရာရှိက တရား​ခံကို​ရော၊​ တရား​ခံရဲ့​ ​ရှေ့​နေ နှစ်​ယောက်ကို​ရော ပြစ်မှု ပုဒ်မများ​ ၂၈ နဲ့​ အ​ရေး​ယူ​ပေး​ပါလို့​ ​လျှောက်ထား​တော့​ ကျ​နော်တို့​ဘက်က ကန့်​ကွက်တယ်” လို့​ ​ပြောပါတယ်။

တရား​ခံတဦး​အ​နေနဲ့​ ဥပ​ဒေအရ ခုခံ​ချေပ​လျှောက်ထား​ခွင့်​ရှိတယ်ဆိုတာ ပြန်လည် ​လျှောက်ခဲ့​ပေမယ့်​ တရား​ရုံး​က အမိန့်​ချခဲ့​တာလို့​ ဦး​ကျော်ဟိုး​က ရှင်း​ပါတယ်။

“ကျ​နော်တင်ပြတာက အ​ခြေခံဥပ​ဒေအရ ဆိုရင် တရား​ခံမှာ ခုခံ​ချေပခွင့်​ ရှိတယ်။ တရား​စွဲဆိုတဲ့​အမှုမှာ လိုအပ်ချက်​တွေအ​ပေါ်မှာ ​ထောက်ပြ ခွင့်​ ထွက်ဆို ခွင့်​ရှိတယ်။ ထွက်ဆိုရုံနဲ့​ အ​ရေး​မယူသင့်​ဘူး​။ ဒါ​ပေမယ့်​ တရား​ရုံး​က ကျ​နော်တို့​ တင်ပြတာကို လက်မခံပါဘူး​။ ကျ​နော်တို့​ကို တရား​စွဲမယ်ဆိုပြီး​ အမိန့်​ချလိုက်ပါတယ်။”

၂၀၁ဝခုနှစ် သကြင်္န်က ကန်​တော်ကြီး​ ကန်ပတ်လမ်း​ပေါ်က X2O မဏ္ဍပ် ဗုံး​ပေါက်ကွဲမှုနဲ့​ စပ်လျဉ်း​ပြီး​ ကိုဖြိုး​ဝေ​အောင်အ​ပေါ် အမှု​လေး​ခု။ ပုဒ်မ ​ခြောက်ခုနဲ့​ စွဲချက်တင် စစ်​နေတာဖြစ်ပါတယ်။

အဲဒီ ဗုံး​ပေါက်ကွဲမှုဖြစ်တုန်း​က လူကိုး​ယောက်ကို ဖမ်း​ပြီး​ ပုဒ်မအသီး​သီး​နဲ့​ ​ထောင်ဒဏ်စီရင်ခဲ့​ပြီး​ ရှစ်ဦး​က လွတ်ငြိမ်း​ခွင့်​နဲ့​ လွတ်​မြောက် ကာ ကိုဖြိုး​ဝေ​အောင်တ​ယောက်ပဲ ကျန်​နေတာလို့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ ဇနီး​ ​ဒေါ်​ဌေး​ဌေး​က ​ပြောပါတယ်။

No comments: