Friday, February 17, 2012

အာဏာပိုင်များ​ ကတိချိုး​ဖျက်သည့်​အတွက် ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေ

နော်နိုရင်း

အာ ဏာပိုင်​ တွေက တရား​ မစွဲ ပါဘူး​ ဆိုတဲ့​ ကတိ​ ပေး​ပြီး​ သူ့​ကို ​သေဒဏ် ကျနိုင်တဲ့​ အမှုနဲ့​ တရား​စွဲ ဆိုထား​ တဲ့​အတွက် ​ကေအန် ယူ​ခေါင်း​ဆောင် တဦး ​ဖြစ်သူ ပဒိုမန်း ​ငြိမ်း​မောင် စိတ်မ ကျန်း​မာ ဖြစ်​နေ တယ်လို့​ သူ့​ရဲ့​ ရှေ့​နေ ဦး​ကြီး​မြင့်​က ​ပြောပါ တယ်။

ကရင် အမျိုး​သား​ အစည်း​ အရုံး​ (​ကေအန်ယူ) ဗဟို​ ကော်မတီ ဝင်တဦး​ ဖြစ်သူ ပဒိုမန်း​ ငြိမ်း​မောင်ကို အစိုး​ရက နိုင်ငံ​ တော်ပုန် ကန်မှု၊​ မတရား​ အသင်း​ ဆက်သွယ်မှု ပုဒ်မ နှစ်ခုနဲ့​ စွဲဆို ချက်အ​ပေါ် အင်း​စိန်​ ထောင်တွင်း​ အထူး​ တရား​ ရုံး​မှာ ဒီ​နေ့​ ရုံး​ထုတ် စစ်​ဆေး​ ပါတယ်။

ဒီက​နေ့​ တရား​ခွင်ကို ​ရောက်ရှိတဲ့​ ပဒိုမန်း ​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က တရား​ခွင် အ​ခြေ အ​နေကို အခုလို ​ပြောပါတယ်။

“ဒီ​နေ့​ ပဒိုမန်း​ငြိမ်း​မောင်ကို စစ်တာ​ပေါ့​ဗျာ။ ပဒိုမန်း​ငြိမ်း​မောင်က ဘာ​ကြောင့်​ ​ကေအန်ယူအဖွဲ့​မှာ လူမျိုး​စုအ​နေနဲ့​ လက်နက်စွဲကိုင် ခုခံရတဲ့​အ​ကြောင်း​ပေါ့​။ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ၊​ ​ကေအန်ယူရဲ့​ သမိုင်း​ကြောင်း​နဲ့​ ချီပြီး​ ယှဉ်ပြီး​တော့​ သူက သက်​သေထွက်ဆိုတယ်ဗျ။ ​နောက်တ ပတ် ကြာသပ​တေး​နေ့​ကျရင် ကျ​နော်တို့​ပြတဲ့​ သက်​သေ​တွေ၊​ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​၊​ ​နေပြည်​တော်က လာတဲ့​ အရာရှိကြီး​တွေ အား​လုံး​ ၈ ​ယောက်​ပေါ့​။ သူတို့​ကိုစစ်ဖို့​ ကျ​နော်တို့​က စာတင်ထား​တယ်။ အဲဒါ​တွေကို တရား​ရုံး​က ​ခေါ်​ပေး​မယ်၊​ မ​ပေး​ဘူး​ဆိုတာကို ကြာ သ ပ​တေး​နေ့​ကျရင် အမိန့်​ချမယ်။ ​ခေါ်​ပေး​မယ်ဆိုရင် ကျ​နော်တို့​ ​စောင့်​ရမှာ​ပေါ့​။ ​ခေါ်မ​ပေး​ဘူး​ဆိုရင် ​နောက်တပတ်မှာ ​လျှောက်လဲချက်​ပေး​ပြီး​ ​နောက်တချိန်း​မှာ အမိန့်​ချမှာဗျာ။”

ဒါ့​အပြင် ဒီလို ငြိမ်း​ချမ်း​ရေး​ကာလမှာ သူ့​ကို ပြစ်မှုကြီး​တွေနဲ့​ တရား​စွဲဆိုတဲ့​အ​ပေါ် စိတ်မကျန်း​မာ​ကြောင်း​ ပဒိုမန်း​ငြိမ်း​မောင်က ​ပြောတယ် လို့ ​ရှေ့​နေဦး​ကြီး​မြင့်​က ဆိုပါတယ်။

“သူ့​ကို တရား​မစွဲပါဘူး​။ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေ ကူညီပါလို့​ ​ပြောတယ်။ ငြိမ်း​ချမ်း​ရေး​တွေလည်း​ ပဏာမ လက်မှတ်ထိုး​နိုင်ပြီး​။ သူ့​ကို ​ပေး​ထား​တဲ့​ တရား​မစွဲပါဘူး​ ဆိုတဲ့​ ကတိကို ချိုး​ဖျက်ပြီး​တော့​ သူ့​ကို အခုလို ​သေဒဏ်ထိုက်​စေတဲ့​ အမှု​တွေနဲ့​ ရုံး​တင် စစ်​ဆေး​နေတဲ့​ အ​ပေါ်မှာ​တော့​ သူ့​ကို လိမ်လည်ခံရတယ်။ သူ့​အ​ပေါ်မှာ ကတိ​ဖောက်ဖျက်ခြင်း​ ခံရတယ်လို့​ ခံစား​ရတဲ့​ အတွက်​ကြောင့်​မို့​လို့​ စိတ်မကျန်း​မာဘူး​ပေါ့​ဗျာ။ အဲဒါကလည်း​ ကျ​နော့်​ကို အဲဒီ့​လို ​ပြောပြပါဗျာတဲ့​ စိတ်မကျန်း​မာဘူး​တဲ့​ အဲဒီလို ​ပြောတယ်။ ပြီး​တော့​လည်း​ ဒီအချိန်ကြီး​မှာ​ပေါ့​ဗျာ ဒီ လို အခါမျိုး​ကြီး​မှာ ဒီလို ပုဒ်မမျိုး​တွေနဲ့​ ဒီလိုဟာမျိုး​ မစွဲသင့်​တော့​ဘူး​ပေါ့​။ ငြိမ်း​ချမ်း​ရေး​တွေလည်း​ပဲ ​ဆောင်ရွက်​နေပြီ။ အဲ့​လိုမျိုး​တော့​ သူ​ပြောတယ်။”

နိုင်ငံ​တော်ပုန်ကန်မှုဟာ တသက်တကျွန်း​အထိ ​ထောင်ဒဏ် ချမှတ်ခံရနိုင်ပြီး​ တရား​မဝင်အသင်း​ဖွဲ့​ အမှုက​တော့​ ​ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်​ကြောင်း​ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။ လာမယ့်​ အပတ် ကြာသာပ​တေး​နေ့​မှာလည်း​ ပဒိုမန်း​ငြိမ်း​မောင်ဘက်က သက်​သေပြုမယ့်​သူကို လက်ခံ၊​ မခံ အမိန့်​ချမှတ်မယ်လို့​ ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ မနှစ် နှစ်လယ်ပိုင်း​က တရုတ်နိုင်ငံကို ​ရောက်ရှိစဉ်မှာ ထိုင်း​နိုင်ငံကို ပြန်ဖို့​ ပြည်ဝင်ခွင့်​ အခက်အခဲ ဖြစ်ရာက​နေ အ စ ပြုကာ မြန်မာအာဏာပိုင် လက်ထဲ အပ်ခံရပြီး​ ဖမ်း​ဆီး​ တရား​စွဲခံ​နေရတာပါ။

အခုနှစ်ဆန်း​ပိုင်း​က ​ကေအန်ယူနှင့်​ အစိုး​ရတို့​ကြား​ ငြိမ်း​ချမ်း​ရေး​ ပဏာမ သ​ဘောတူညီမှု ရရှိခဲ့​ပြီး​နောက် ပဒိုမန်း​ငြိမ်း​မောင်ကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်လို့​ အစိုး​ရဘက်က ကတိ​ပေး​ခဲ့​ပေမယ့်​ အခု ​ထောင်နှစ်ရှည်ကျခံနိုင်တဲ့​အမှုနဲ့​ တရား​ရင်ဆိုင်​နေရတာပါ။

ပဒိုမန်း​ငြိမ်း​မောင်ဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) မှာ ဗဟို​ကော်မတီဝင်ဖြစ်သလို တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​ (၁၂) ဖွဲ့​နဲ့​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ညီညွှတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ မှာလည်း​ ​ကော်မတီဝင်တဦး​ ဖြစ်ပါတယ်။

No comments: