မနေ့က ပေးပို့တဲ့ အိတ်ဖွင့် ပေးစာမှာ မြန်မာ ပြည်က ပဋိပက္ခ ဖြစ်နေတဲ့ ဒေသ တွေမှာ ဖွံ့ဖြိုးရေး အကူအညီ အရေး တကြီး လိုအပ် နေတဲ့အချိန် မှာ အစိုး ရနဲ့ နီးစပ်လို့ အခွင့်ထူး ရနေတဲ့ စီးပွားရေး သမား တွေပဲ စီးပွားရေး အရ နောက်ထပ် အကျိုး အမြတ်ရတာမျိုး မဖြစ်ဖို့ လို တယ်လို့ သတိပေး လိုက်တာပါ။
ပဋိပက္ခ ဖြစ်တဲ့ ဒေသ တွေက ဖွံ့ဖြိုးရေး အစီ အစဉ် တွေကို ပွင့်လင်း မြင် သာမှု ရှိရှိ၊ တာဝန်ခံ မှုရှိရှိ နဲ့ ဆောင်ရွက် မယ်ဆိုရင် မြန်မာ ပြည် မှာ စစ် မှန် တဲ့ ဒီမို ကရေစီ အသွင်ကူးပြောင်း ရေး ဖြစ်ဖို့ အတွက် လွယ်ကူ ချောမွေ့စေမယ်လို့ လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က ဆိုပါ တယ်။
မြန်မာ့အစိုးရက ကမ္ဘာ့ဘဏ်က ချေးငွေကို ပြန်မဆပ်တဲ့နောက် ၁၉၈၇ ခုနှစ်ကတည်းက မြန်မာပြည်ကို ဘဏ္ဍာရေးအကူအညီတွေ ဖြတ်တောက်ထားတာပါ။ ကုလသမဂ္ဂရဲ့ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်းအရ မြန်မာပြည်ဟာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှာ အောက်ဆုံးနားက အဆင့် ၁၄၇ မှာ ရှိပါတယ်။
မြန်မာပြည်ဟာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင်၊ နိုင်ငံတကာ အစိုးရတွေကို ပြန်ဆပ်ရမယ့် အကြွေး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကျန်ရှိနေပါတယ်။ အဲဒီထဲမှာ ကမ္ဘာ့ဘဏ်ကိုလည်း သန်းရာပေါင်းများစွာ ပေးစရာ ကျန်နေတယ်လို့ စီးပွားရေးအကြောင်း အသားပေးရေးတဲ့ ဝေါ(လ်)စထရိဂျာနယ် (The Wall Street Journal) က ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန်ရဲ့ မြန်မာပြည်အပေါ် ပိတ်ဆို့ထားမှုတချို့ကို လက်မှတ်ထိုး ရုပ်သိမ်းတဲ့နောက်မှာ နိုင်ငံတကာငွေကြေး အဖွဲ့အစည်းဆီကနေ အကူအညီတွေ ပြန်ရနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ကမ္ဘာ့ဘဏ်ရဲ့ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ချက်မှာလည်း မြန်မာပြည်က စီးပွားရေး ပွင့်လင်းလာဖို့၊ စီးပွားရေးဖွံ့ဖြိုးလာဖို့၊ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ တိုးတက်လာဖို့ လုပ်ဆောင်စရာတွေ များစွာရှိနေပေမယ့် ကမ္ဘာ့ဘဏ်က ကြွေးသစ် ချေးပေးနိုင်ဖို့ဆိုရင်တော့ ကြွေးဟောင်းကိစ္စ အရင်ရှင်းပြီးမှပဲ ဖြစ်နိုင်မယ်လို့ ဆိုထားပါတယ်။
No comments:
Post a Comment