Wednesday, February 15, 2012

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား​ ဆန္ဒပြပွဲ ပြီး​ဆုံး

ဒီဗွီဘီ

ရန်ကုန် တိုင်း​ လှိုင်သာယာ မြို့​နယ်က တိုင် ဝမ် နိုင်ငံ သား​ပိုင် တိုင်ရီ ဖိနပ် စက်ရုံမှာ အလုပ် သမား​ တွေက လုပ်အား​ခ တိုး​ပေး ​ဖို့​ဆန္ဒပြ​ တောင်း​ဆို ချက်ကို သီတင်း​ တပတ်​ကျော် အကြာမှာ အလုပ် ရှင်ဘက်က လိုက်​လျော လိုက်ပြီ ဖြစ်ပါ တယ်။

ဖေ​ဖော်ဝါရီ ၁၅ ရက် မွန်း​လွဲ ပိုင်း​မှာ အလုပ် ရှင်နဲ့​ အလုပ် သမား​တွေ အကြား​ သ​ဘော တူညီမှု ရခဲ့​ တာပါ။ ဒီသ​ဘော တူညီချက် အရ အလုပ် သမား​တွေ ​တောင်း​ဆိုတဲ့​ အတိုင်း​ တနာရီ ကို အရင်က ၇၅ ကျပ် ရရှိ ရာက​နေ လုပ်ခ ကျပ် ၁၀၀ ရရှိ ခဲ့​ပြီး​ အချိန်ပို တနာရီ ၁၆၄ ကျပ်နဲ့​ တလ အတွင်း​ ရက်မှန်​ကြေး​ နဂို အတိုင်း​ ကျပ် ၆၀၀၀ နှုန်း​ ရရှိ ခဲ့​တယ်လို့​ အလုပ် သမား​တွေ ဘက်က လိုက်ပါ​ ဆောင်ရွက်​ ပေး​သူ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါ တယ်။

ခုလို သ​ဘော တူညီချက် ရခဲ့​လို့​ အလုပ် သမား ​တွေဟာ အရင် ကထက် တလကို လစာ ကျပ် (၁)​သောင်း​ ကျော် ပိုရ လာမှာ ဖြစ်ပါတယ်။

အလုပ်သမား​တွေဟာ အရင်က တလကို အချိန်ပို​ကြေး​၊​ ရက်မှန်​ကြေး​ အပါအဝင် ပျမ်း​မျှ ကျပ် ၃၇,၀၀၀ ​ကျော်​လောက်ပဲလုပ်ခလစာ ရ ကြတာပါ။

အလုပ်သမား​တွေဟာ လုပ်အား​ခ တိုး​မြှင့်​ရရှိ​ရေး​အတွက် ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​ မနက်ပိုင်း​ကစပြီး​ ဆန္ဒပြ​နေကြတာပါ။ မ​နေ့​က​တော့​ အ စိုး ​ရ အလုပ်သမား​ရေး​ရာဝန်ကြီး​ဌာနရဲ့​ ညွှန်ကြား​ရေး​မှူး​ ကိုယ်တိုင်အလုပ်ရှင်နဲ့​ အလုပ်သမား​အကြား​ ဝင်​ရောက် ​ဖြေရှင်း​ပေး​ခဲ့​ပေမယ့်​ မ​ပြေလည်ဘဲ ဒီက​နေ့​မှာ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုမှု​တွေ ရရှိခဲ့​တာပါ။

တိုင်ရီ ဖိနပ် စက်ရုံကို ၁၉၉၇ ခုနှစ်က တည်​ဆောက်ခဲ့​ပြီး​ တိုင်ဝမ် သူ​ဌေး​ တဦး​ပိုင် ကာ တရုတ် အမျိုး​ သမီး​ တဦး​က စီမံခန့်​ ခွဲ​နေတာ ဖြစ်ပါတယ်။

No comments: