ပီတာအောင်
မြန်မာ နိုင်ငံ အနေနဲ့ ယူထားတဲ့ အကြွေးတွေ ပြန်ဆပ်ဖို့ ကမ္ဘာ့ ဘဏ်က သတိပေး ပြောကြား လိုက်ပါ တယ်။
အကြွေးတွေ ပြန်ဆပ် မှသာ ကမ္ဘာ့ ဘဏ်ရဲ့ ဘဏ္ဍာရေး အကူ အညီ၊ အထောက် အပံ့၊ ချေးငွေ အသစ်တွေ မြန်မာ နိုင်ငံက ထပ်ရ နိုင် မယ် လို့ဆို ပါတယ်။
ကမ္ဘာ့ ဘဏ်ဟာ ကြွေးကျန် နိုင်ငံ ဘယ်နိုင်ငံ ကိုမဆို ရန်ပုံငွေ ထောက်ပံ့ခွင့် မရ ဘူးလို့ စည်းမျဉ်း စည်းကမ်း သတ်မှတ် ထားပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်က မြန်မာ နိုင်ငံမှာ နာဂစ် မုန်တိုင်း ဒဏ်ခံ လိုက်ရ စဉ်က ကမ္ဘာ့ဘဏ် အနေနဲ့ ချေးငွေ ပေးလို့ မရ ခဲ့ကြောင်း ကမ္ဘာ့ ဘဏ် စီမံ ခန့်ခွဲမှု ဒါရိုက်တာ ဂျူအန် ဟိုဆေး ဒါဘောက်က အေဘီစီ သြစတြေးလျ သတင်း ဌာနမှာ ပြောကြား ပါတယ်။
ဒါပေမယ့် မြန်မာ နိုင်ငံဟာ ကမ္ဘာ့ ဘဏ်ဆီမှာ အကြွေး ဘယ်လောက် တင်နေ သလဲ ဆိုတာတော့ မသိရ သေးပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီ လက ပြုလုပ် ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး မှာတော့ မြန်မာ နိုင်ငံမှာ ပြည်ပ ကြွေးမြီ အမေရိကန် ဒေါ်လာ ၁၁ ဘီလီ ယံကျော် (ဒေါ်လာ သန်းပေါင်း ၁သောင်း ၁ ထောင်ကျော်) ပေးဖိုး ရှိတယ်လို့ ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းက ထုတ်ဖော် ကြေညာ ခဲ့ ပါတယ်။
၁၉၈၈ ခုနှစ် မတိုင်ခင်က သန်းပေါင်း ၈,၄၀၀ ကျော်နဲ့ ၁၉၈၈ နောက်ပိုင်း ဒေါ်လာသန်းပေါင်း ၂,၆၀၀ ကျော် ဖြစ်ပါတယ်။ ၁၉၈၈ မတိုင် ခင် ယူထားတဲ့ အကြွေးတွေအနက် အများစုဟာ ဂျပန်နိုင်ငံကဖြစ်ပြီး ဒေါ်လာသန်းပေါင်း ၆,၃၀၀ ကျော်ရှိပါတယ်။ ၁၉၈၈ နောက်ပိုင်း ယူ ခဲ့တဲ့ အကြွေးတွေအနက် အများစုဟာ တရုတ်နိုင်ငံကဖြစ်ပြီး ဒေါ်လာသန်းပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။
ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲနေမှုတွေကို တွန်းအားပေးတဲ့အနေနဲ့  ၂၅ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ စီးပွားရေးဆိုင်ရာ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံမှာ ပြန်စတော့မယ်လို့ မကြာခင် ရက်ပိုင်းက ကြေညာထားပါတယ်။
No comments:
Post a Comment