Saturday, February 11, 2012

ယူနက်စကိုဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံယူ

ပီတာအောင်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည်ကို (UNESCO) ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ကြီး က ယူနက်စကို မဒမ်ဂျတ် ဆင်းဂ်ဆု ( U N E S C O - Madanjeet Singh Prize) လာရောက် ချီးမြှင့် လိုက်ပါ တယ်။

ပြင်သစ် အခြေစိုက် ယူနက် စကို ညွှန်ကြားရေး မှူးချုပ်ရုံးက အမှုဆောင် ညွန်ကြား ရေးမှူး မစ္စတာ ယူဟေး ဟိုဆိုယာနဲ့ အဖွဲ့က ဒေါ် အောင် ဆန်း စုကြည်ရဲ့ နေအိမ်ကို ဒီကနေ့ မနက် ပိုင်းမှာ သွားရောက်ပြီး ဆုပေး အပ်လိုက် တာပါ။

ဒီဆုဟာ စိတ်ရှည် သည်းခံ မှုနဲ့ အကြမ်း မဖက် မှုကို ကိုယ်စားပြု တဲ့အကြောင်း၊ ယူနက်စကိုဟာ မြန်မာ နိုင်ငံရဲ့  လက်ရှိ ပြုပြင် ပြောင်း လဲမှု တွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ အကူအညီပေးဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ ယူနက်စကိုဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ နိုင်ငံ ဘက်က ရပ်တည် တယ်လို့  မစ္စတာ ယူဟေး ဟိုဆို ယာက ဆုပေး အပ်ပြီးနောက် သတင်းထောက် တွေကို ပြောကြား ခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆုချီးမြှင့်တဲ့အတွက်ရယ် ယူနက်စ်စကိုက မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်ပေါင်းများစွာ အစဉ် တစိုက် အမြဲ စိတ်ဝင်တစားရှိခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ဆုပေးဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေရတဲ့အတွက် တောင်းပန်တဲ့ အကြောင်းနဲ့ ယူနက်စကိုနဲ့ မြန်မာ အရင်ကထက် ပိုပြီး နီးနီးကပ်စွာ အတူတကွ လက်တွဲ အလုပ်လုပ်မယ့် အချိန်ကို မျှော်လင့် နေပါ တယ်လို့ ပြောကြားသွားပါတယ်။

ဒီဆုဟာ ယူနက်စကိုရဲ့ ချစ်ကြည်ရေးသံတမန် အိန္ဒိယ ပန်းချီနှင့်စာရေးဆရာ မဒမ်ဂျတ်ဆင်းဂ်ကို ဂုဏ်ပြုတဲ့အနေနဲ့  ၁၉၉၆ ကစပြီး ၂ နှစ်တကြိမ် ချီးမြင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၂ ခုနှစ် ကတည်းက ပေးအပ်ထားတာ ဖြစ်ပြီး၊ ယခု ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ကိုယ်တိုင်လာရောက် ပေးအပ် ချီးမြှင့်တာ ဖြစ်ပါတယ်။ ဆုအနေနဲ့ ရုပ်တုတခု အပါအ၀င် ငွေသား အမေရိကန်ဒေါ်လာ ၁သိန်း ရရှိတာ ဖြစ်ပါတယ်။

No comments: