ဖေဖေါ် ၀ါရီလ ၁၁ ရက် နေ့တွင် ကျရောက်သော ၁၄ နှစ်မြောက် ဗိုလ်ရာဇာ ကျဆုံး သောနေ့ အောက်မေ့ဖွယ် အခမ်း အနား များကို မလေးရှား၊ အိန္ဒိယ၊ အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၅) ဦး ကျဆုံး ခြင်း အထိမ်းအမှတ် အခမ်းအနားကို မကြာ သေးခင်က လွတ် မြောက်လာ သော ရခိုင်နှင့် ကရင် ၃၄ ယောက်က ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနား တွင် ရဟန်း သင်္ဃာများကို ဆွမ်းဘောဇဉ် အဟာ ရများဖြင့် ကျွေးမွေးပူဇော် ခဲ့သည်ဟု သိရသည်။
ဗိုလ်ရာဇာနှင့် ပတ်သက်ပြီး ၃၄ ဦးထဲမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုဓည လင်းက ယခုလို ပြောသည်။
" ဗိုလ်ရာဇာ ဟာ အောက်က ငယ်သူ ငယ်သား တွေကို သားသမီး လိုချစ် ခင် တတ်သလို လေးစားမှု လည်း ရှိပါတယ်။ သူဟာ ရဲဘော် တွေ စိတ်ဓါတ် ကျအောင် ဘယ်တော့ မှမ ပြောဘူး။ သူဟာ ရဲဘော် တွေနဲ့ ဆက်ဆံရေး အပိုင်း မှာလဲ အလွန် တရာ နုညံ့ သိမ်မွေ့ပါ တယ်။ ဒါပေမဲ့ စည်းကမ်း အပိုင်းမှာ တော့ ပြတ်ပြတ် သားသား အရေးယူ ဆောင်ရွက် တတ်ပါ တယ်။ သူဟာ ရဲရင့် ပြတ်သား တည် ကြည် ပြီး တော့ အောက်က ငယ်သားတွေ အပေါ်မှာ သနား ကြင်နာ စိတ်ရှိသူ၊ ခေါင်းဆောင် တစ်ဦး ဖြစ်ပါ တယ်။ သူဆုံးရှုံး သွားတာ ဟာ အမျိုးသား ဆုံးရှုံး မူကြီး တစ်ခုပါ" ဟု သူကပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပြုလုပ်သော အခမ်းအနားကို ကော့စ်ဘဇားမြို့ ရက္ခိတအားမာန် စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနားကို ရခိုင်အမျိုးသားသီခြင်းနှင့် စတင်ဖွင့်လှစ်ပြီး ကျဆုံးသွားသော ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များအား တမိနစ်ခန့် အ လေးပြုခဲ့သည်။ အခမ်းအနားတွင် သာဘပတိအဖြစ် ANC ဥက္ကဌ အသျှင် အရိယ၀ံသမှ ထမ်းဆောင်ပြီး အခမ်းအနားမှူးအဖြစ် အမျိုး သားရေးကိုနိုင်နိုင်က တာဝန်ယူဆောင် ရွက်ခဲ့သည်။
အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရခိုင်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီ ဥက္ကဌဦး ဖိုးလှက နိရဉ္စရာသို့ ယခုလို ပြော သည်။
" ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ဟာ ဗိုလ်ခိုင်ရာဇာ ကျဆုံးတဲ့နှစ် ၁၄နှစ်မြောက် ရှိပြီဖြစ်ပါတယ်။ ရခိုင့် တော်လှန်ရေး လောကထဲမှာ သူ့လို ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့သူ၊ သူ့လိုရခိုင့် တော်လှန်ရေးမှာ ဦးဆောင်မူ ပေးနိုင်တဲ့သူဟာ ဒီ နှစ်ဆယ့်တစ်ရာစုမှာ တော်တော် ရှား ပါ တယ်။ အဲဒါကြောင့် ကျနော်တို့ဟာ သူလုပ်ခဲ့တဲ့ နည်းလမ်းတွေကို စံနမူ နာ ယူရပါမယ်။ သူ့လို မျိုးဆက်သစ်လူငယ်တွေ ပေါ်လာမှသာ ရခိုင့်တော်လှန်ရေး နောင်အနာဂတ် အတွက် ကောင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ရာဇာကိုလေးစာတာရော၊ သူလို လူတွေ ပေါ် ပေါက်စေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို အခမ်းအနား ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။
တက်ရောက်လာသော နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များနှင့် တသီးပုဂ္ဂလ ခေါင်းဆောင်များကလည်း ဗိုလ်ရာဇာကို ချီးကျူး စကားများ ပြောဆိုခဲ့ကြသည်ဟု သိရသည်။
၁၄ ကြိမ်းမြောက် ရခိုင့်အာဇာနီ ဗိုလ်ရာဇာဝမ်းနည်အောက်မေ့ဖွယ်အခမ်းအနားမလေးရှာ ARRC ရုံ MAO ခန်းမတွင်ကျင်းပ မလေးရှာ နိုင်ငံ ကွာလာလမ်ပူ ARRC (ရခိုင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ) ရုံးတွင် MAOခေါ် မလေးရှားရောက် ရခိုင်အသင်း ပေါင်းချုပ်မှ ဦးဆောင်ကျင်းပခဲ့သည်။
ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနား ကျင်ပရခြင်း ရည်ရွယ်ချက်နှင့် ပက်သက်ပြီး အခမ်းအနားကို စီစဉ် ကျင်းပသူ ကိုခိုင်စိုးက နိရဉ္စရာသို့ ယခုလို ပြောသည်။
" ကျွန်တော်တို့ ရခိုင်တော်လှန်ရေးမှာ ဗမာ့ ကိုလိုနီ ကျွန်ဘ၀က လွက်မြောက်ဖို့အတွက် သူကြိုးစား လုပ်ဆောင်ခဲ့တယ်။ မိဘ အုပ်ထိန်း သူ တစ်ယောက် ကျဆုံးသွားတယ်လို့ ကျွန်တော်ရင်ထဲမှာ ခံစားရပါတယ်။ ဒီလို ဂုဏ်ပုဒ်ရှိတဲ့ သူရဲ့ လုပ်ဆောင်ချက်တွေကို လေးစား တန်ဖိုး ထားတဲ့ အနေနဲ့ရော၊ ရခိုင်ပြည်သူတွေ ရင်ထဲမှာသူလို ပုဂ္ဂိုလ်မျိုးကို မမေ့ပျောက်စေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို အောက် မေ့ဖွယ် အခမ်းအနားကို လုပ်ရခြင်ြး ဖစ်ပါတယ်" ဟု ပြောသည်။
၎င်းပြင်သူက " ဗိုလ်ရာဇာလို သတ္တိကောင်တဲ့သူ၊ ကိုယ်ကျိုးအကျိုးစီပွားကို မငဲ့ဘဲ လုပ်တဲ့သူက ရခိုင်လူမျိုးတွေထဲမှာ ရှားပါတယ်။ မျိုး ဆက်သစ်တွေမှာ ဒီလို စိက်တွေ ရှိဖို့လိုပါတယ်။ ဗိုလ်ရာဇာလိ ပုဂ္ဂိုလ်မျိုး ရခိုင်ပြည်မှာ အများကြီး ပေါ်ပေါက်လာဖို့ လိုပါတယ်။ ဗိုလ်ရာ ဇာဟာ ကိုယ့်အသက်ကို ကိုယ်တန်ဖိုး မထားဘဲ တိုင်းပြည်နဲ့ လူမျိုး သူကျွန်ဘ၀ကနေ လွက်မြောက်ဖို့ စွမ်းစွမ်းတမံ ကြိုးစား ခဲ့တဲ ရခိုင့် အာဇာနီ ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်က ပြောကြားချင်ပါတယ်" ဟုပြောသည်။
အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေ ၈ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီး ၁၁ နာရီကျော်တွင် အဆုံး သတ်ခဲ့သည်ဟု သိရ သည်။ အခမ်းအနားသို့ လူပေါင်း ၇၀ တက်ရောက်ခဲ့သည်ဟု သိရသည်။
၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ အိန္ဒိယနိုင်ငံ လန်းဖေါကျွန်း၌ အိန္ဒိယ စစ်တပ် ၏ လုပ်ကြံ သတ် ဖြတ်မှုကို ခံလိုက်ရသော ခေါင်း ဆောင်များမှာ NUPA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်ရာဇာ ၊ ဗိုလ်မှူးစောထွန်း၊ ဗိုလ်မှူး ရန်နိုင်၊ ဗိုလ်ကြီး လင်းဇံခိုင်နှင့် KNU မှ ဗိုလ်မှူး ဖဒို မှူးလွယ်၊ ဗိုလ်စိုးမြင့်တို့ ဖြစ်ကြသည်။
No comments:
Post a Comment