Thursday, February 9, 2012

ငြိမ်းချမ်းရေး စာချုပ်အတွက် စစ်ပွဲများ ရပ်ဆိုင်းရန်လိုအပ်

အဇံ၊ ကောင်းဝါသတင်းဌာန

မြန်မာ အစိုး ရသည် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့်အပစ်ခတ်ရပ်စဲရေး သဘောတူညီမူ စာချုပ် ချုပ်ဆိုမည်ဆိုပါက ကချင်ဒေသ၌ ဖြစ်ပွားနေသော စစ်ပွဲအား ရပ်တန့် ရန်လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထဝ်မွန်က ပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ဒေသ မွန်ပြည်သစ် ထိန်းချုပ်သည့် နယ်မြေ၌ ယနေ့ ကျင်းပခဲ့သည့် ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် နိုင် ထဝ်မွန်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

၎င်းက“ကျနော်တို့ပါတီမှာ အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုမူ ဖြစ်ဖို့ အဓိက အရေးကြီးတဲ့ အချက် ၂ ချက် လိုအပ်တယ်၊ တစ်ချက်က အစိုးရက ကချင်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲကို ရပ်ရမယ်၊ နှစ်အချက် အစိုးရက နိုင်ငံရေး တွေ့ဆုံဆွေးနွေမူ ပြုလုပ်ချင်တဲ့ စိတ် အမှန် တကယ် ရှိရမယ်” ဟု ဆို သည်။

မွန်ပြည်သစ်ပါတီခေါင်ဆောင်များက ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်များနှင့် ၂ ကြိမ် တွေ့ဆုံခဲ့ရာ၌ ကချင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအား ရပ်တန့်ရန် မွန်ပြည်သစ် က တာင်းဆိုခဲ့ကြသည်။

ထိုသို့ ငြိမ်းချမ်းရေး လုပ်ဆောင်နေကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

နိုင်ထဝ်မွန်က“ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အများကြီးစဉ်းစားရမယ် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဖို့က၊ သူတို့က တိုက်ခိုက်နေတာကို ရပ်ရမယ် အမှန်တကယ် ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်ဆိုရင်”ဟု ပြောသည်။

မွန်ပြည်သစ်နှင့်အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုကိုဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လုပ်ဆောင်ခဲ့ပြီး အချက် ၅ ချက် သဘောတူညီမှု ရခဲ့ကြသည်။

အချက် ၅ ချက်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ပါဝင်ပြီး၊ ဖေဖော်ဝါရီလ တတိယ ပတ်တွင် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း သိရပြီး၊ ထိုကိစ္စနှင့်ပတ်သက်၍ မွန်ပြည်သစ်၏ ဗဟီုကော်မတီအစည်းအဝေးကို မကြာမီခေါ်ယူရန် ရှိကြောင်း သိရသည်။

ယနေ့ကျင်းပသည့် မွန်အမျိုးသားနေ့ကို လူပေါင် ၁ ထောင်ခန့် တက်ရောက်ခဲ့ပြီး၊မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အလေးထား လေ့လာရန် မွန်ပြည် သူများအား ပါတီ ခေါင်ဆောင်များက တိုက်တွန်းပြောဆိုခဲ့သည်။

မွန်လူမျိုးတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် အခွင့်အရေးအတွက် မွန်ပြည်သစ်ပါတီနှင့် အတူလက်တွဲ တိုက်ပွဲဝင်သွားကြရန် လည်း တိုက် တွန်း ခဲ့ကြသည်။

တိုင်းရင်းသားရေးရာဖက်ထရယ်ကောင်စီအဖွဲ့၏ သဘောထားချင်းတူသောအခြား လက်နက်တိုင်းရင်းသားများနှင့် ဆက်လက်ပူပေါင်း တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်က ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲသည် အပေါ်ယံ အပြောင်းအလဲအခြေအနေသာရှိပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ပြုပြင် ပြောင်းလဲ ရေး ကိစ္စသည် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ပါတီခေါင်ဆောင်များက ပြောသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်အရွေးခံမည့် ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း မွန်ပြည် သစ်က ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ရေး မူဝါက လမ်းစဉ်ကို ကိုင်ထားတော့ ဒီရွေးကောက်ပွဲကိုတော့ သူဝင်သင့်ပါတယ်။ ကျနော်တို့က ကိုယ့်မွန်ပြည်သူတွေ ကိုယ်ပိုင် အခွင့်အရေးရဖို့ လက်နက်ကိုင် တိုက်ပွဲ ဝင်နေတယ်။ ကိုယ့်တိုင်းရင်းသားအခွင့် အရေးရတဲ့ အထိ ဒီလက်နက်တွေကို ကိုင်ပြီးတော့ တိုက်ပွဲဝင်သွားမယ်” ဟု နိုင်ထဝ်မွန်က ပြောသည်။

No comments: