Thursday, February 16, 2012

ဒေါ်​အောင်ဆန်း​စုကြည် မတ်လဆန်း​တွင် မန္တ​လေး​သွား​မည်

နေသွင်

ဒေါ်​အောင်ဆန်း​ စုကြည် လာမယ့်​ မတ်လဆန်း​ပိုင်း​မှာ မန္တ​လေး​ကို ပါတီ စည်း​ရုံး​ရေး​ ခရီး​ ထွက်မယ်လို့​ အမျိုး​သား ​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ​ပြောပါ တယ်။

နဂိုက မန္တ​လေး​ ခရီး​ စဉ်ကို ဒီလ ၄ ရက်၊​ ၅ ရက်​ နေ့​တွေမှာ စီစဉ် ထား​ပေ မယ့်​ ဗထူး ​အား​ကစား​ ကွင်း​နဲ့​ မန္တ​လေး​ တောင်​ခြေမှာ ရှိတဲ့​ အား​ ကစား​ ကွင်း​တွေ ငှား​ရမ်း ​တာကို မြန်မာ နိုင်ငံ ​ဘောလုံး​ အဖွဲ့​ ချုပ်နဲ့​ တိုင်း​ဒေ သ ကြီး​ ဝန်ကြီး​ ချုပ်တို့​က ခွင့်​မပြု တဲ့​အတွက် ​ရွှေ့​ဆိုင်း​ထား​ရ တာပါ။

ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က မန္တ​လေး​ကို သွား​ရောက်ခဲ့​ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ခရီး​စဉ် အတွက် စီစဉ်ခဲ့​တဲ့​ မန္တ​လေး​တိုင်း​ ​ဒေသကြီး​၊​ မပာ​အောင်​မြေ မဲဆန္ဒနယ် ကိုယ်စား​လှယ်​လောင်း​ ဦး​အုန်း​ကြိုင်က အခုတ​ခေါက် ​နေရာ ကိစ္စက ညှိနှိုင်း​ နေတာနဲ့​ ပတ်သက်လို့​ ဒီရက်ပိုင်း​မှာ အတိ အ ကျ သိရမယ်လို့​ ​ပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်း​က​နေ အခုအချိန်ထိ အဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ တနင်္သာရီတိုင်း​ ထား​ဝယ်၊​ ဧရာဝတီတိုင်း​ ပုသိမ်နဲ့​ ​မြောင်း​မြ၊​ ရန်ကုန်တိုင်း​ ​ကော့​မှူး​ နဲ့​ လှည်း​ကူး​မြို့​တွေကို ပါတီစည်း​ရုံး​ရေး​နဲ့​ ​ရွေး​ကောက်ပွဲ မဲဆွယ်တဲ့​ ခရီး​တွေ ထွက်ခဲ့​ပြီး​ လူသိန်း​ချီ ကြိုဆိုခဲ့​ကြပါတယ်။

No comments: