သျှမ်းသံတော်ဆင့်
မူစယ် - မန္တလေး လိုင်း ပြေးဆွဲ နေသည့် ခရီး သည်တင် ယာဉ်များမှ ယာဉ်မောင်း တချို့ မူးယစ်ဆေး သုံးစွဲ နေသဖြင့် ခရီး သည် များ အတွက် အသက် အန္တရာယ် စိုးရိမ် ရကြောင်း ဒေသ တွင်းခရီး သွားများက သျှမ်းသံ တော်ဆင့် သို့ ပြောသည်။
အဆိုပါ လမ်းခ ရီးတွင် သိန္နီမြို့ အနီးရှိ ၃၈ မိုင် စခန်းနှင့် ကျောက်မဲမြို့ နှင့် ဂုတ်တွင်း အကြား ဆီးပင်စခန်း တို့တွင် မူးယစ်ဆေးဝါး ရောင်းချပြီး ၄င်း နေရာ များ၌ ယာဉ်ခေတ္တ ရပ်နားကာ ယာဉ်မောင်းများ မူးယစ် ဆေးသုံး စွဲ ကြောင်း မျက်မြင် ခရီးသွား တစ်ဦးက ဆို သည်။
"မူစယ် ဘက်က သွားရင် သိန်းနီမရောက် ခင်မှာ ၃၈ မိုင်စခန်း ရှိတယ်။ ထမင်းဆိုင် ရှိတယ် အဲဒီ ရောက်ရင် ကားရပ်တယ်။ သာမန် ခရီး သည်တွေ က ထမင်း စားပေါ့၊ အနောက် ကိုဝင် သွားရင် မူးယစ် ဆေးဝါး ရောင်းချ သုံးစွဲ လို့ရတဲ့ နေရာ ရှိတယ်။ ဆီးပင် စခန်း မှာလည်း အဲလိုပဲ၊ ရှေ့မှာ ထမင်း ဆိုင်ပေါ့၊ အနောက်မှာ သုံးစွဲ တဲ့နေရာ ကုန်ကားကြီး သမားတွေ ခရီးသည် တင်ကား သမားတွေ တော်တော် များ များ သုံးစွဲကြ တယ် " ဟု ဆိုသည်။
အဆိုပါ မူးယစ်ဆေးသုံးစွဲသည့် ယာဉ်မောင်းတချို့ မူးယစ်ဆေးသယ်ယူမှုရှိကြောင်းနှင့် မူးယစ်ရဲများ အပေးအယူရှိ သဖြင့် ဖမ်းဆီး အ ရေး ယူခြင်း မခံရကြောင်း ယာဉ်မောင်းအကြောင်း အတွင်းသိတစ်ဦးကလည်း ဆိုသည်။
"ဒီလမ်းကခရီးဝေးဆိုတော့ ရာဘရူပြီးမောင်းကြတာများတယ်။ ကုန်ကားကြီးသမားတွေ ခရီးသည်တင်ကားသမားတွေ တော်တော် များ များ သုံးစွဲကြတယ်။ မူးယစ်ဆေးသုံးတဲ့ကားသမားတွေက မူးယစ်ဆေးလည်း ကယ်ရီသယ်တယ်။ သူတို့ ကို ကယ်ရီမအပ်ဘူးဆိုရင် ရဲကို သတင်းပေးတယ်၊ မူးယစ်ရဲကိုသတင်းပေးနိုင်ရင် သူတို့အတွက်အခွင့်အရေးပိုရတယ်" ဟု ဆိုသည်။
ယခုကဲ့သို့ ယာဉ်မောင်းများ မူးယစ်ဆေးသုံးစွဲ၍ ယာဉ်မောင်းခြင်းကို တာဝန်ရှိသူများအနေဖြင့် ခွင့်မပြုသင့်ကြောင်း၊ ယာဉ်မောင်း လိုင်စင် ထုတ်ပေးရာတွင်လည်း ဆီးနှင့်သွေးများစစ်ဆေးပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းရှင်းသူများကိုသာ လိုင်စင်ထုတ်ပေးသင့်ကြောင်း ခရီး သွားများက အကြံပြုပြောဆိုသည်။
No comments:
Post a Comment