
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ စည်းရုံးရေးခရီးစဉ်တလျှောက် ကြိုဆိုထောက်ခံ သူများ ပြည့် နှက်ကာ သောင်းနှင့်ချီသည့် ဒေသခံများက ဟောပြောပွဲသို့ လာရောက်ခဲ့ကြောင်းသိရသည်။
ယနေ့နံနက် ၁၁ နာရီခန့်တွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းသို့ ရောက်ရှိလာပြီး ပြည်သူများအား ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
“အမေစုပြောတာတခုက လာမဲ့ကြားဖြတ်ရွေးကောက်ပွဲကို မှန်မှန်ကန်ကန်နဲ့ မျှမျှတတဖြစ်ဖို့အတွက် ပြည်သူလူထုအားလုံးက ဝိုင်းဝန်း ကူညီကြပါဆိုပြီး ပြောတယ်” ဟု ဟောပြောပွဲသို့သွားရောက်ခဲ့သူ တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ပုသိမ်မြို့ပေါ် ဟောပြောပွဲအပြီး နေ့လည်စာစားပြီးနောက် နေ့လည်ပိုင်းတွင် မြောင်းမြမြို့သို့ ဆက် လက်သွားရောက် ဟောပြောမည်ဖြစ်သည်။
ဟောပြောပွဲ ပြုလုပ်နေချိန်တွင် ပုသိမ်တက္ကသိုလ်ကျောင်းသားများအား စာမေးပွဲစစ်ဆေးနေချိန်နှင့် တိုက်ဆိုင်နေသော်လည်း ကျောင်း သား/သူများက ဒေါ်အောင်းစုကြည်အား သွားရောက်ကြိုဆိုကာ ဟောပြောပွဲသို့ သွားခဲ့ကြောင်း ကျောင်းသားတဦးက ပြောသည်။
“ဒီနေ့မှာ စာမေးပွဲလာစစ်တယ်လေ၊ ဒီစာမေးပွဲက အောင်လဲဘာမှ မထူးဘူး၊ ကျလဲဘာမှ မထူးဘူးလေ၊ ကျနော်တို့ချစ်တဲ့ အမေစုကို မြင် ချင်တယ် တွေ့ချင်တယ်၊ အဲဒါကြောင့် ကျနော်တို့ကျောင်းသားတွေ ဒီကိုလာကြတာ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သွားရာ ရန်ကုန်-ပုသိမ် ကားလမ်းမတလျှောက် လမ်းဘေးဝဲယာ ကြိုဆိုသူများ ပြည့်နှက်နေ ကြောင်း ပန်းတနော်မြို့ခံတဦးက ပြောသည်။
“ကျနော်တို့ ပန်းတနော်ကနေ တောက်လျှောက် အင်းမ၊ ကျောင်းကုန်း၊ ဒါးက၊ ကန်ကြီးထောင့် ကားလမ်းမတလျှောက်က ရွာတွေက ထွက်ကြိုနေ့တဲ့သူတွေ မပြတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည် ပိုစတာတွေကိုင်သူကကိုင်၊ ခွပ်ဒေါင်းအလံတွေဝှေ့ပြီး ကြိုဆိုနေတာ” ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်တိုင်းတွင် ဒေသခံများ သောင်းချီကြိုဆိုမှုများရှိခဲ့ပြီး ပြီးခဲ့သည့် ၄ရက်၊ ၅ရက်နေ့က မန္တ လေး သို့ သွားရောက်မည့် ခရီးစဉ်ကိုမှု ရွေ့ဆိုင်းခဲ့ရသည်။
No comments:
Post a Comment