Monday, April 23, 2012

ကျမ်း​ကျိန်လွှာ ပြင်ဆင်​ရေး​ ကြံ့​ခိုင်​ရေး​နှင့်​ တပ်မ​တော်သား​အမတ်များ​ မပါ ဝင်ဘဲ မဖြစ်နိုင်

နေသွင်

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လွှတ်​တော် ကိုယ်စား​လှယ်​တွေ လွှတ်​တော်တက်​ရောက်​ရေး​မှာ အဟန့်​အတား​ ဖြစ်​နေတဲ့​ ကျမ်း​ကျိန်လွှာ ပြင်ဆင်​ရေး​ကိစ္စဟာဖွဲ့​စည်း​ပုံပြင်ဆင်​ရေး​ကိစ္စြဖစ် ပြီး​ ပြည်​ထောင်စု လွှတ်​တော်အ​ပေါ်မှာပဲ မူတည်တယ်လို့​ လွှတ်​တော်အမတ် ​ရှေ့​နေ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

ဒါ​ကြောင့်​ လွှတ်​တော်ထဲမှာ အများ​စု​နေရာယူထား​တဲ့​ ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီက အမတ်​တွေ၊​ တပ်မ​တော်သား​ ကိုယ်စား​လှယ်​တွေ အ​ပေါ်မှာ မူတည်​နေတယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှာ နှစ်​ပေါင်း​များ​စွာ ဥပ​ဒေအြကံ​ပေး​အြဖစ် တာဝန်ယူခဲ့​ပြီး​ အခုလက်ရှိ ဒီမိုက​ရေစီ ပါ တီ သစ်ရဲ့​ ဥက္ကဋ္ဌ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

“ကတိသစ္စာကလည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ ပုဒ်မ ၁၂၅ ကို ရည်ညွှန်း​ထား​တယ်။ အဲဒီ ရည်ညွှန်း​ချက်အရ ပုဒ်မ ၁၂၅နဲ့​အညီ ​ဖော်ပြထား​တဲ့​ ဇယား​လေး​ကို ကျမ်း​ကျိန်ရမှာဖြစ်တဲ့​အတွက် ဒီဇယား​ကို ပြင်မှ သာလျှင် ​တောင်း​ဆိုထား​တဲ့​ ​လေး​စား​လိုက်နာပါမည်ဆိုတဲ့​ အချက်ကို ဖြစ်မှာ ​ပေါ့​။ဇယား ​ကို ပြင်ဆင်ဖို့​ဆိုရင် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ၁၂၅ကို ပြင်ဆင်ဖို့​လိုတယ်။ ၁၂၅ နဲ့​ ဆက်နွှယ်ပြီး​ ကတိ သစ္စာ ပြုချက်​တွေကို ပြင်ဆင်ဖို့​လိုတယ်။

“အဲ့​လို ပြင်ဆင်ဖို့​ဆိုရင် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ ၁၂ မှာ ​ဖော်ပြထား​တဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်ခြင်း​ဆိုတဲ့​ ပြဋ္ဌာန်း​ချက်အရ ပဲ ပြင်ဆင်ရမှာ ဖြစ်တယ်။ ပြဋ္ဌာန်း​ချက်အရ ပြင်ဆင်ဖို့​ဆိုရင် ပြည်​ထောင်စု လွှတ်​တော်ကိုယ်စား​လှယ် ၂၀ ရာခိုင်နှုန်း​ရဲ့​ ပြင်ဆင် ချက် ဥပ​ဒေမူကြမ်း​ တင်သွင်း​ရမှာဖြစ်တယ်။ ၂၀ ရာခိုင်နှုန်း​ရဖို့​ဆိုရင် အခုအ​ခြေအ​နေမှာက ကြံ့​ခိုင်​ရေး​ပါတီနဲ့​ တပ်မ​တော်သား​ကိုယ်စား​လှယ်​တွေ မပါဝင်ရင် ဘယ်နည်း​နဲ့​မှ ပြင်ဆင်ချက် တင်သွင်း​နိုင်ဖို့​ မလွယ်ပါဘူး​။ ဒီကိစ္စကို ကိုင်တွယ်တဲ့​ ​နေရာမှာ စ လယ်ဆုံး​ အ​ခြေခံဥပ​ဒေ​ရော၊​ လွှတ်​တော်ဥပ​ဒေ​တွေ၊​ နည်း​ဥပ​ဒေ​တွေ​ရော နိုင်ငံ​ရေး​ပါတီ ဥပ​ဒေ​တွေ​ရောကို တဆက်တည်း​ ကျွမ်း​ကျွမ်း​ကျင်ကျင် ​လေ့​လာထား​မယ် ဆိုရင် အခု ​ရွေး​ကောက်ပွဲပြီး​တဲ့​အခါမှာ ပြည်သူလူထုက လွှတ်​တော်ထဲ ​ရောက်ပြီး​ လွှတ်​တော်အခင်း​အကျင်း​နဲ့​ ​ဆောင်ရွက်​စေချင်​နေတဲ့​ ပြည်သူ့​ဆန္ဒကို အ​ကောင်အထည်​ဖော်နိုင်မှာ​ပေါ့​။ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဟာ မိခင်ဥပ​ဒေ (Mother of Law)။ နိုင်ငံ​ရေး​ပါတီ ဥပ​ဒေဆိုတာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေရဲ့​ လက်​အောက်ခံ ဖြစ်တယ်။”

ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ ​နောက်ဆက်တွဲ ဇယား​ (၄) မှာ ​ဖော်ပြထား​တဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ကာကွယ်​စောင့်​ရှောက်ပါမယ်ဆိုတဲ့​ စကား​ရပ်အစား​ ​လေး​စား​လိုက်နာပါမယ်လို့​ ပြင်ဆင်တာမျိုး​ကို အန် အယ်လ်ဒီက ​တောင်း​ဆို​နေတာပါ။

အမျိုး​သား ​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဟာ ကြား​ဖြတ်​ ရွေး​ကောက်ပွဲ မတိုင်ခင် ပါတီများ​ မှတ်ပုံ တင်ခြင်း​ ဥပ​ဒေမှာ အလား​တူ ​တောင်း​ဆိုခဲ့​ တာကို သက်ဆိုင် ရာက ပြင်ဆင်​ပေး​ တဲ့​နောက် ​ရွေး​ကောက် ပွဲဝင်ခဲ့​တာဖြစ် ပါတယ်။

တနင်္လာ​နေ့​ လွှတ်​တော်မတက်​ရောက်နိုင်တာဟာ သပိတ်​မှောက်တာမျိုး​ မဟုတ်တဲ့​အ​ကြောင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဥပ​ဒေ အကြံ​ပေး​ ​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က ရှင်း​ပြပါတယ်။

“ကျ​နော်တို့​ဟာ ​ရွေး​ကောက်ပွဲဝင်တယ်ဆိုတာ လွှတ်​တော်တက်ဖို့​ဝင်တာ။ အခု မတက်နိုင်​သေး​တဲ့​အ​ခြေအ​နေဟာ ကျ​နော်တို့​ စိတ်ဆန္ဒမဟုတ်ပါဘူး​။ ဒါဟာ ကျ​နော်တို့​ရဲ့​ သတ်မှတ်ချက် စည်း​ကမ်း​ကို ကျ​နော်တို့​ လိုက်နာ​ နေတာပါ။ တချိန် မှာ​တော့​ ဒါဟာ ​ပြေလည် သွား​မယ့်​ ကိစ္စလို့​ ကျ​နော်တို့​ ထင်တယ်။”

အကျပ်အတည်း​ဖြစ်​နေတဲ့​ ဇယား​ (၄) ကျမ်း​ကျိန်လွှာဟာ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေပါ ပြဋ္ဌာန်း​ချက်​တွေနဲ့​ မညီညွတ်ဘူး​လို့​ ယူဆပါတယ်။

ဥပ​ဒေလုပ်ထုံး​လုပ်နည်း​အရ ဥပ​ဒေတရပ်မှာ ပြင်ဆင်ထား​တဲ့​ စကား​ရပ်​တွေဟာ တြခား​ ဆက်စပ်​နေတဲ့​ ဥပ​ဒေမှာလည်း​ ပြင်ဆင်ဖို့​ လိုအပ် တဲ့​ အ​ကြောင်း​ ​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

အန်အယ်လ်ဒီရဲ့​ ဥပ​ဒြေပင်ဆင်​ရေး​ဆိုင်ရာ အြကံပြုချက်ကို သမ္မတနဲ့​ လွှတ်​တော်အြကီး​အကဲ​တွေ၊​ ဖွဲ့​စည်း​ပုံဆိုင်ရာ ခုံရုံး​တို့​ကို စ​နေ​နေ့​မှာပဲ ဖက်စ်နဲ့​ အ​ကြောင်း​ကြား​လိုက်ပြီလို့​ ဦး​ဉာဏ်ဝင်း​က ဆိုပါတယ်။

သမ္မတနဲ့​ လွှတ်​တော်အြကီး​အကဲ​တွေဆီကို အန်အယ်လ်ဒီက စာပို့​ထား​တဲ့​အ​ပေါ်မှာ လက်ရှိ လွှတ်​တော်တက်​နေတဲ့​ ဒီမိုက​ရေစီပါတီသစ်ရဲ့​ဥက္ကဋ္ဌ ​ရှေ့​နေ ဦး​သိန်း​ညွန့်​က အခုလို သုံး​သပ်ပါတယ်။

“သမ္မတက ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီမှာ ဥက္ကဋ္ဌတာဝန် ထမ်း​ခဲ့​တာပဲ။ ဒီက​နေ့​ ဥက္ကဋ္ဌတာဝန်မယူ​တော့​ပေမယ့်​ ပြည်​ထောင် စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက သူ့​ရဲ့​ မိခင်ပါတီပဲ​လေ။ လွှတ်​တော်ဥက္ကဋ္ဌများ​ကလည်း​ အဲ့​ဒီ ပါတီရဲ့​ ​ခေါင်း​ဆောင်​တွေပဲ​လေ။ သူတို့​ပါတီက​နေ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်ဖို့​ လိုတယ်လို့​ တင်ပြလာရင်​တော့​ ပြင်ဆင်ချက် ဥပ​ဒေမူကြမ်း​ကို ပြည်​ထောင်စုလွှတ်​တော်က လက်ခံ​ဆွေး​နွေး​ပြီး​တော့​ ၇၅ ရာခိုင်နှုန်း​က သ​ဘောတူရင်​တော့​ ပြင်ဆင်ချက် အတည်ဖြစ်ပြီ​ပေါ့​။ ဒါက အခန်း​ ၁၂ မှာ ​ဖော်ပြထား​တာပဲ။”

လွှတ်​တော်မှာ အများ​စု​နေရာယူထား​တဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီရဲ့​ အမတ်တဦး​ဖြစ်တဲ့​ ဦး​ခင်​ရွှေက​တော့​ ဖွဲ့​စည်း​ပုံပြင်ဆင်​ရေး​နဲ့​ ပတ်သက်လို့​ သူ့​အြမင်ကို ​ပြောပြပါတယ်။

“အခု အန်အယ်လ်ဒီပါတီအ​နေနဲ့​ တက်​ရောက်မှာက ၄၃ ဦး​ပေါ့​။ လက်ရှိ ဟိုမှာရှိ​နေတဲ့​ လွှတ်​တော်ကိုယ်စား​လှယ် ၈၀၀ ​ကျော်နဲ့​ နှိုင်း​ဆ မယ်ဆိုရင် ၅ ရာခိုင်း​နှုန်း​ပဲ ရှိပါတယ်။ အဲ​တော့​ ဟိုမှာရှိ​နေတဲ့​ အဖွဲ့​တွေ အကုန်လုံး​က ဖွဲ့​စည်း​ပုံအ​ခြေခံဥ​ဒေနဲ့​ပတ်သက်ရင် ​စောင့်​ရှောက်ကာကွယ်မယ်ဆိုပြီး​တော့​ ကတိခံပြီး​သား​ဖြစ်တယ်။ ဒါ​ပေမယ့်​ တချို့​တ​လေ​တွေက လိုအပ်ချက်​တွေကို ပြင်လို့​လည်း​ အန်အယ်လ် ဒီပါတီက ဝင်​ရောက်နိုင်ခဲ့​ပြီး​ဖြစ်တယ်။ ဒါ​ကြောင့်​ အန်အယ်လ်ဒီအ​နေနဲ့​ ​ပြောရရင် သိပ်​တော့​မထူး​ပါဘူး​။ ​နောက်တခုက တဦး​တ​ယောက်တည်း​ကလည်း​ ဒီကိစ္စကို ဆုံး​ဖြတ်လို့​မရဘူး​။ လွှတ်​တော်တင်ရမယ်၊​ လွှတ်​တော်က​နြေပီး​တော့​ ၇၅ ရာခိုင်နှုန်း​ သ​ဘော တူမယ် ဆိုရင်​တော့​ အကုန်လုံး​ ​ပြောင်း​လဲလို့​ ရပါတယ်။ ဒါကို​တော့​ လွှတ်​တော် ကိုယ်စား​ လှယ်များ​ ဆုံး​ဖြတ်ရမယ့်​ ကိစ္စြဖစ် ပါတယ်။”

ဧပြီလ ၁ ရက်​နေ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က လွှတ်​တော်အမတ် ၄၀ ​ကျော် ဒီ​နေ့​ကျင်း​ပတဲ့​ ​နြေပည်​တော်က လွှတ်​တော်အစည်း​အ​ဝေး​ မတက်​ရောက်နိုင်ဘူး​လို့​ သိရပါတယ်။

No comments: