ရဲဝင့်သူ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ မွန်းဟာ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးကို အားပေးတဲ့ အနေနဲ့ အခု သီတင်းပတ် အကုန် မှာ မြန်မာ နိုင်ငံကို တတိယ အြကိမ်မြောက် ခရီးစဉ် အဖြစ် သွားရောက် မယ်လို့ ကုလ သမဂ္ဂ ရုံးက သတင်း ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ ခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး မြန်မာ နိုင်ငံ အသွင်ကူးပြောင်းရေးကာလ အရေးကြီးနေတဲ့အချိန်မှာ ခုလို မြန်မာ နိုင်ငံကို သွားရောက် တာလို့ နယူးယောက်မြို့ ကုလ သမဂ္ဂ ဌာန ချုပ်မှာ ဧပြီ ၂၃ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ဘန်ကီမွန်းက ပြော ကြား ခဲ့တာ ပါ။
မစ္စတာဘန်ကီမွန်းက “မြန်မာနိုင်ငံမှာ ခုမှ အသွင်ကူးပြောင်းရေး အစပဲ ရှိပါသေးတယ်။ ရှေ့မှာ အခက်အခဲစိန်ခေါ်မှုတွေ အများကြီးရှိနေသေးတယ်။ ပြောဆိုဆွေးနွေးရမယ့် အကြောင်းတွေလည်း အများကြီး ရှိသေးတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ တိုင်းပြည်ရဲ့ ရှေ့အနာ ဂတ်ဆီကို ရောက်နိုင်ဖို့၊ ကူညီဖို့ မြကုံဘူးသေးတဲ့ အခွင့်အလမ်း တခု ကျနော် တို့မှာရှိနေ ပြီ ဆိုတာယုံကြည်ပါတယ်” လို့ပြောပါတယ်။
မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ကိုလည်း နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ဖို့ အချိန်ရောက်ပြီလို့လည်း ပြော ကြားခဲ့ ပါတယ်။
“ခုချိန်ထိ နိုင်ငံတကာရဲ့ အြပုသဘော တုံ့ပြန်မှုတွေကို ကျနော် ကြိုဆိုပါတယ်။ ဥရောပသမဂ္ဂက စီးပွားရေး အရေးယူပိတ်ဆို့ထားတာတွေ ကို တနှစ်ဆိုင်းငံ့လိုက်ဖို့ ဒီနေ့ကြေညာလိုက်တာ အပါအဝင် အမေ ရိ ကန်နဲ့ တြခားနိုင်ငံတွေက အစောပိုင်းက ရုပ်သိမ်းပေးခဲ့တာတွေ အပါအဝင်ပေါ့လေ။ ကျနော်တို့က အဲဒီလိုတိုးတက်မှုမျိုးတွေ၊ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေး ပြောင်းလဲမှု ဖြစ်လာရေး ကြိုးပမ်းအားထုတ်မှုတွေ ကို နိုင်ငံတကာက ပိုပြီးကူညီပံ့ပိုး မှုတွေကို မြင်တွေ့ချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီအနိုင်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးအတွက် အရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့လည်း ပြောပါတယ်။
ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လူကိုယ်တိုင် တွေ့ဆုံပြီး ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားဖို့ ရှိတယ်လို့ ဘန်ကီမွန်းက ဆိုပါတယ်။
မစ္စတာ ဘန်ကီမွန်းရဲ့ တတိယအြကိမ်မြောက် ဒီခရီးစဉ်ကို သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ် ခံရြပီး ပြန်လည်ထူထောင်ရေးကာ လက မြန်မာနိုင်ငံကို ပထမဆုံးအြကိမ် လာရောက်ခဲ့ပါတယ်။
No comments:
Post a Comment