Monday, April 23, 2012

တပ်မ​တော်သား​ လွှတ်​တော် အမတ် များ​ကို အဆင့်​မြင့်​ စစ် အရာရှိ များ​နှင့်​ အစား​ထိုး

ဒီဗွီဘီ

ပြည်သူ့​ လွှတ်​တော်နဲ့​ အမျိုး​သား​ လွှတ်​တော် အတွက် တပ်မ​ တော်သား​ လွှတ်​တော် အ မတ်​ တွေကို ပိုပြီး​ အဆင့်​ မြင့်​တဲ့​ စစ် အရာရှိ​ တွေနဲ့​ အစား​ထိုး​ လိုက်​ကြောင်း​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်က ဧပြီ ၂၂ ရက် ​နေ့​စွဲနဲ့​ ​ကြေ ညာ လိုက်ပါတယ်။

တပ်မ​တော် ကာကွယ်​ရေး ​ဦး​စီး​ ချုပ်ဟာ ပြည်သူ့​ လွှတ်​တော် အမတ်အ ဖြစ် ခန့်​အပ် ထား​တဲ့​ ဗိုလ်မှူး​ အဆင့်​ ၃၉ ​ယောက်​ နေရာမှာ ပိုပြီး​ ရာထူး ​မြင့်​တဲ့​ ဗိုလ်မှူး​ချုပ် ၄ ဦး​၊​ ဗိုလ်မှူး​ကြီး​ ၉ ဦး​နဲ့​ ဒုဗိုလ် မှူး​ကြီး​အဆင့်​ ၂၆ ဦး​ အစား​ထိုး​ ခန့်​အပ်ခဲ့​ တာပါ။ အမျိုး​သား​ လွှတ်​တော် မှာ​တော့​ အမတ် အြဖစ် ခန့်​အပ် ထား​တဲ့​ ဗိုလ်မှူး​ အ​ယောက် ၂၀ ​နေရာမှာ ဗိုလ်မှူး​ချုပ် အဆင့်​ ၄ ဦး​၊​ ဗိုလ်မှူး​ကြီး​ အဆင့်​ ၅ ဦး​နဲ့​ ဒု-ဗိုလ်မှူး​ကြီး​ အဆင့်​ ၁၁ ဦး​ အစား​ထိုး​ ခန့်​အပ် ခဲ့​ပါတယ်။

တပ်မ​တော် ကာကွယ်​ရေး ​ဦး​စီး​ ချုပ်ဟာ ယခင် ကလည်း​ တပ်မ​တော်သား​ အမတ် တချို့​ကို အ​ပြောင်း​ အ​ရွှေ့​ လုပ်ခဲ့​ဖူး​ ပေမယ့်​ ခုတြကိမ် က​တော့​ အ​ရေ အတွက် အများ​ဆုံး​ ဖြစ်ပါတယ်။

ဒါဟာ ​ဒေါ်​အောင်ဆန်း​ စုကြည် ဦး​ဆောင်တဲ့​ အန်အယ်လ်ဒီ အဖွဲ့​ဝင် အမတ် တချို့​ လွှတ်​တော်ထဲ ​ရောက်လာမယ့်​ အ​ခြေ အ​နေ၊​ ​ဒေါ်​အောင်ဆန်း ​စုကြည် ကလည်း​ လွှတ်​တော် ထဲမှာ ​ရွေး​ကောက်ခံ မ ဟုတ် တဲ့​ တပ်မ​တော် သား​တွေ ​ရောက်​နေတဲ့​ ကိစ္စ ဖွဲ့​စည်း​ပုံ ပြင်နိုင်​အောင် ကြိုး​စား ​မယ်လို့​ ​ပြောထား​တဲ့​ အချိန်နဲ့​ တိုက်ဆိုင်​ နေပါတယ်။

လက်ရှိ ပြည်သူ့​ လွှတ်​တော်မှာ အန်အယ်လ်ဒီ အမတ်​တွေ အပါ အဝင် ​ရွေး​ကောက်ခံ အမတ် ၃၂၂ ​ယောက်နဲ့​ တပ်မ​တော်သား​ အမတ် ၁၁၀ ပါဝင်ပြီး​ အမျိုး​သား​ လွှတ်​တော်မှာ ​ရွေး​ကောက်ခံ ကိုယ်စား​လှယ် ၁၆၈ ​ယောက်နဲ့​ တပ်မ​တော် သား​ကိုယ်စား​လှယ် ၅၆ ​ယောက် ပါဝင် ပါတယ်။

No comments: