Monday, April 23, 2012

အန်အယ်လ်ဒီ အမတ်သစ်များ​ မပါဘဲ လွှတ်​တော် အစည်း​အ​ဝေး​ စတင်

ဒီဗွီဘီ

ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အနိုင်ရတဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က လွှတ်​တော် ကိုယ်စား​လှယ်သစ်​တွေ မပါဘဲ ​နြေပည်​တော် လွှတ်​တော်အသီး​သီး​မှာ ပုံမှန်အစည်း​အ​ဝေး​တွေ ဒီက​နေ့​ပြန် လည် ကျင်း​ပ​ နေပါတယ်။

လွှတ်​တော်တက်ဖို့​ ကိုယ်စား​လှယ်​တွေ ကျမ်း​သစ္စာကျိန်ဆိုရမယ့်​ထဲမှာ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေကို ကာကွယ်​စောင့်​ရှောက်ပါမယ်ဆိုတဲ့​ စာ သား​ကို အန်အယ်လ်ဒီက သ​ဘောမတူနိုင်တာ​ကြောင့်​ ပြင် ဆင်​ပေး​ဖို့​ကိစ္စ ညှိနှိုင်း​နေဆဲမို့​ လွှတ်​တော်တက်ဖို့​မြဖစ်နိုင်​သေး​တာလို့​ အန်အယ်လ် ဒီက ​ပြောကြား​ ထား​ပါတယ်။

ဒီ​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​ ပြန်စ​နေတဲ့​ ​နြေပည်​တော်မှာ အမျိုး​ သား​ဒီမိုက​ရေစီအင်အား​စု (အန်ဒီအက်ဖ်) ပါတီက​နေ အန်အယ်လ် ဒီပါတီကို ကူး​ ​ပြောင်း​တဲ့​ အမတ်တဦး​ဖြစ်သူ ​ဒေါက်တာမြတ်ဉာဏစိုး​ကလွဲလို့​ တြခား​ အန်အယ်လ်ဒီအမတ်​တွေ ​နြေပည်​တော်မှာ ​တွေ့​ရြခင်း​ မရှိပါဘူး​။

ဒီ​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ကျမ်း​ကျိန်တဲ့​စာသား​ကို ပြင်ဆင်နိုင်ရင် ​နောက်​နေ့​ရက်ပိုင်း​တွေမှာ အန်အယ်လ်ဒီအမတ်​တွေ လွှတ်​တော်တက်နိုင်ဖွယ် ရှိတယ်လို့​လည်း​ ​မျှော်လင့်​နြေကပါတယ်။

ဒါ​ပေမယ့်​ ဒီကိစ္စဟာ ဖွဲ့​စည်း​ပုံပြင်ဆင်​ရေး​ကိစ္စြဖစ်လို့​ အလွယ်တကူ ပြင်ဆင်လို့​ မရနိုင်ဘဲ လွှတ်​တော်ထဲမှာ အများ​စု​နေရာယူထား​တဲ့​ ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီက အမတ်​တွေ၊​ တပ်မ​တော် သား​ ကိုယ်စား​လှယ်​တွေ အ​ပေါ်မှာ မူတည်​နေတယ်လို့​ လွှတ်​တော်အ မတ်တဦး​ဖြစ်သူ ဒီမိုက​ရေစီပါတီသစ် ဥက္ကဋ္ဌ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

ခုတြကိမ်ကျင်း​ပတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​ကို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်ဒီပါတီ ပထမဆုံး​ တက်ဖွယ်ရှိတဲ့​အတွက် ပြည် တွင်း​ ပြည်ပသတင်း​ထောက် ၂၀၀ ​ကျော် တက်​ရောက်သတင်း​ယူ​နေကြ ပါတယ်။

No comments: