Monday, April 23, 2012

မွန်အမျိုး​သား​ဒီမိုက​ရေစီပါတီက အမည်သစ်ဖြင့်​ မှတ်ပုံတင်မည်

နန်းမြနဒီ

၁၉၉၀ ​ရွေး​ကောက်ပွဲတုန်း​က အနိုင်ရထား​ပြီး​ ဖျက်သိမ်း​ခံခဲ့​ရတဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီပါတီဟာ အမည်သစ်တခုနဲ့​ မှတ်ပုံပြန်တင်​တော့​မယ်လို့​ ပါတီ​ခေါင်း​ဆောင်​တွေက ​ပြောပါတယ်။

မွန် အမျိုး​သား​ ဒီမို က​ရေစီ ပါတီက​နေ မွန် ဒီမိုက​ရေစီ ပါတီလို့​ အမည်​ ပြောင်း​လဲ မှတ်ပုံတင် မှာလို့​ ပါတီ အ​ထွေ​ထွေ အတွင်း​ ရေး​မှူး​ ​ဒေါက်တာ မင်း​စိုး​လင်း​က ​ပြောပါတယ်။

ဒီလို အမည်​ပြောင်း​ရတာဟာ မွန်ရဟန်း​ရှင်လူပြည်သူ​တွေက လိုလား​နေ ကြတဲ့​ မွန်နိုင်ငံ​ရေး​ပါတီ ၂ ပါတီ ပူး​ပေါင်း​ရေး​ အတွက် ကြား​ခံ နာမည် တခုရှိဖို့​ ရည်ရွယ် တာလည်း​ ဖြစ်တယ်။

နိုင်ငံ​ရေး​လုပ်ပိုင်ခွင့်​တွေ ရရှိဖို့​ ဒီရက်ပိုင်း​အတွင်း​ ​နေပြည်​တော်မှာ သွား​ပြီး​ မှတ်ပုံတင်မယ်လို့​ ​ဒေါက်တာ မင်း​စိုး​လင်း​က ​ပြောပါတယ်။

“သံဃာ​တော်​တွေက ညွှန်ကြား​ချက်ရှိတယ်​လေ။ ပါတီ ၂ ခု ​ပေါင်း​ဖြစ်​အောင် ကြား​ နာမည်ယူပါဆို​တော့​ ကြား​နာမည် တခုယူတယ်​လေ။ လိုက်​လျော​ပေး​လိုက်တာပါ။ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ကို ဘယ် ဖျက်ချင်ပါ့​မလဲ။ နှစ်​ပေါင်း​ ၂၀ ​ကျော် အဲ့​နာမည်နဲ့​ လှုပ်ရှား​ခဲ့​တာ။ မွန်အမျိုး​သား​အဖွဲ့​က​နေ မွန်ဒီမိုက​ရေစီပါတီအ​နေနဲ့​ ပြန်မှတ်ပုံတင်မှာ​ပေါ့​နော်။”

၁၉၉၀ ​ရွေး​ကောက်ပွဲဝင် မွန်အမျိုး​သား​ ဒီမိုက​ရေစီပါတီနဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင် မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီတို့​ဟာ တပါတီတည်း​အဖြစ် ​ပေါင်း​စည်း​ဖို့​အတွက် မနှစ် နိုဝင်ဘာလကစပြီး​ မကြာခဏ ​ဆွေး​နွေး​လာခဲ့​ကြပြီး​နောက် ဧပြီ ၂၂ ရက် မွန်း​လွဲပိုင်း​မှာ ဆုံး​ဖြတ်ချက် ၄ ခု ချမှတ်ခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။

“ဆုံး​ဖြတ်ချက် နံပါတ် (၁) မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​နဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီတို့​ဟာ ​ပေါင်း​စည်း​ရမယ်။ နံပတ် (၂) ​ပေါင်း​စည်း​ရမယ့်​ အချိန်က ၂၀၁၄ ဒီဇင်ဘာ ​နောက်ဆုံး​ထား​ ​ပေါင်း​စည်း​ရမယ်။ နံပတ် (၃) မ​ပေါင်း​စည်း​ခင်မှာ ပါတီ ၂ ခုဟာ တလတကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​သွား​ရမယ်။ (၄) ​ပေါင်း​စည်း​တဲ့​အချိန်မှာ နာမည်သစ်တခုနဲ့​ ပြန်လည်ဖွဲ့​စည်း​ရမယ်။”

မော်လမြိုင်မြို့​ သာသနာ ၂၅၀၀ မွန်​ကျောင်း​တိုက်မှာ ​တွေ့​ဆုံခဲ့​တဲ့​ ​ဆွေး​နွေး​ပွဲမှာ မွန် ၂ ပါတီက ကိုယ်စား​လှယ်​တွေအပြင် မွန်ပြည်သစ်ပါတီ ဗဟို​ကော်မတီဝင်​တွေ​ရော မွန်ရဟန်း​သံဃာ​တော်နဲ့​ ပြည်သူ​တွေ စုစု​ပေါင်း​ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။

No comments: