နိရဉ္စရာ
မင်းပြားမြို့နယ် နာဂါရာ ကျေးရွာတွင် တာဝန်ကျနေသော စစ်သားများသည် ရခိုင်နှင့် မွတ်ဆလင်များ အကြားတွင် တစ်ဘက်နှင့် တစ် ဘက် ဆက်လက် တိုက်ခိုက်မူများ ပြန်လည် ဖြစ်ပေါ်အောင် သွေးထိုး လုံဆော်မူများ ပြုလုပ်နေ သည်ဟု ဒေသခံများက နိရဉ္စရာသို့ ပြောသည်။
“ ဒီကနေ့ နာဂါရာ ကျေးရွာမှာ တာဝန် ကျနေတဲ့စစ်သားနှစ်ဦးနဲ့မွတ်ဆလင် ဘင်္ဂလီ ၆၀ ခန့်ဟာ ရခိုင်လယ်သမားတွေ လယ်ယာလုပ်ကိုင်နေတဲ့ပန်းမြောင် နဲ့ပြင်ယောင်း အကြားမှာ တည်ရှိတဲ့ ဂန့်ဂါကွင်းထဲက ရွှေလောင်း ကျော်နေ ရာကို တက်လာကြပါတယ်။ အဲဒီမှာ လယ်လုပ်နေတဲ့ ရခိုင် လယ်သမားတွေ အကုန်လုံး အဲဒီနေရာက ထွက်ပြေးလာခဲ့ရပါ တယ်” ဟု ပန်းမြောင်းကျေးရွာမှ လယ်သမား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
မွတ်ဆလင်များ အတူ ပါလာသော စစ်သားများနှစ်ဦးမှာ ယူနီဖေါင်းများဝတ် ဆင်ထားပြီး သေနတ်များလည်း ပါလာသည်ဟု ပြောသည်။
“ စစ်သားတွေက သေနတ်တွေနဲ့ ယူနီဖေါင်းတွေလည်း ၀တ်ထားပါတယ်။ အခုလို လူအုပ်နဲ့ စစ် သားတွေ လယ်ကွင်းထဲကို ၀င်လာတော့ အဲ ဒီမှာ လယ်လုပ်နေတဲ့ လယ်သမားတွေ စပါးပုံတွေ၊ ကောက်လိုင်းတွေကို ထားပြီး ထွက်ပြေး လာရပါတယ်။ သူတို့ ဘာရည်ရွယ်ချက်နဲ့လာသ လဲဆိုတော့ ရခိုင် လယ်သမားတွေကို အနှောင့်အယှက် ပေးဖို့ တမင် ရည်ရွယ်လာ တာပါ” ဟု ဆိုသည်။
ထွက်ပြေးလာကြသော လယ်သမားများမှာ ဦးသာစိန်အောင်၊ ဦးကြွင်းကျန်အောင်၊ ဦးမဲကျော်၊ လှထွန်းစိန်နှင့် ကျန်စိန်အောင် တို့ ဖြစ်ကြ သည် ဟု သိရသည်။
လယ်သမားများ၏ ရိတ်သိမ်းပြီးစ စပါး ကောက်လိုင်းများမှာ လယ်ကွင်းများထဲတွင် ကျန်နေခဲ့သည်ဟု ဆိုသည်။
ယခုကဲ့သို့ ရခိုင်နှင့် မွတ်ဆလင်များ ပြဿနာများ မပြေလည်နိုင်ဘဲ ဖြစ်နေချိန်တွင် စစ်သားများက မွတ်ဆလင်များကို ခေါ်ယူပြီး ရခိုင် လယ် တဲများရှိရာသို့ ၀င်ရောက်လာခြင်းမှာ ပြဿနာကို တမင် မီးမွှေးပေးလို၍ ဖြစ်သည်ဟု တစ်ခြား ဒေသခံ တစ်ဦးက ပြောသည်။
“ စစ်သားတွေက ခုလို အချိန်မှာ ဒါမျိုး လုပ်တာက ပြဿနာ ပြန်ဖြစ်အောင် ရည်ရွယ် လုပ်တာလို့ ထင်ပါတယ်။ မဟုတ်ရင် ဒီမွတ်ဆလင်ဘ င်္ဂလီတွေကို ခေါ်ပြီး ရခိုင်တွေ လယ်လုပ်နေတဲ့ လယ်ကွင်းတွေဆီ လာစရာ အကြောင်း မရှိပါ။ ခြိမ်းခြောက်တဲ့ သဘောလည်းပါတယ်လို့ ယူ ဆပါတယ်” ဟု ပြောသည်။
နာဂါရာ မွတ်ဆလင် ရွာမှာ မင်းပြားမြို့နယ် ပန်းမြောင်းနှင့် ရွှေတမာ ကျေးရွာအကြားတွင် တည်ရှိသည်။
ယနေ့ (ဇန္န၀ါရီ ၃ ရက်) ညနေပိုင်း ထိ ရခိုင် လယ်သမားများ အနေဖြင့် သူတို့၏ လယ်များသို့ ပြန်လည် သွားရောက်နိုင်ခြင်း မရှိသေး၍ သူ တို့၏ စပါးများကို ယူဆောင်သွားခြင်း (သို့မဟုတ်) ဖျက်ဆီးခံရခြင်း ရှိမရှိကို မသိရသေးကြောင်း လယ်သမားများက ပြောသည်။
ယခုကဲ့သို့ စစ်သားများက မွတ်ဆလင်များကို ခေါ်ယူပြီး ရခိုင် လယ်တဲများရှိရာသို့ ၀င်ရောက်လာခြင်း အပေါ် သက်ဆိုင်ရာမြို့နယ်၊ ပြည် နယ် အဆင့် တာဝန်ရှိသူများကိုသာမက ရခိုင် စုံစမ်းရေး ကော်မရှင်သို့ပါ တိုင်ကြား သွားမည်ဟု ပန်းမြောင်းကျေးရွာမှ ပညာတတ် လူငယ် တစ်ဦးက ပြောသည်။

No comments:
Post a Comment