သျှမ်းသံတော်ဆင့်
ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနယ်စပ် ချင်းရိုင်းခရိုင်အတွင်း မြန်မာဘက်ကမ်းမှလာသော ယာဘသယ်ဆောင်သည့် လားဟူအဖွဲ့အား ထိုင်းလုံခြုံရေးတပ်မတော်က တားဆီးပစ်ခတ်ရာ ယာဘအပြားပေါင်း ၁ သန်းကျော် သိမ်းဆည်း ရမိ ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ချင်းရိုင်းခရိုင် မယ်ဖှာ့လုံမြို့ဧရိယာအတွင်း လွယ်တုန်းတောင်စေတီနှင့်သိပ်မဝေးလှသော တောတွင်းတနေရာ၌ အဆိုပါ ယာဘသယ် ဆောင် လာသည့် လက်နက်ကိုယ်စီကိုင်ဆောင်သော မူးဆေး (လားဟူ) အဖွဲ့အား ထိုင်းလုံခြုံရေး စစ်တပ်က ၁၅ ရက်နေ့ညက တားဆီး ခဲ့ သည် ဟု ASTV – Manager Online သတင်းဌာနတွင် ဖော်ပြထားသည်။
“ ကျနော်တို့တပ်က ကြိုတင်သတင်းရထားလို့ သွားစောင့်တယ်။ အဲဒီအဖွဲ့ဖြတ်လာတဲ့တောလမ်းက လွယ်တုန်း- ဖာချန့် မွတ် ကားလမ်းမအ ဟောင်းနဲ့ သိပ်မကွာလှဘူး။ လမ်းမကနေ ၅၀၀ မီတာလောက်ဘဲဝေးတယ်။ သူတို့အဖွဲ့ ဘယ်နှစ် ယောက်ပါသလဲတော့ မသိလိုက်ရဘူး။ ည ဘက်လဲဖြစ်နေတော့ လေ။ ကျနော်တို့ တားတာကို ဟိုဘက်အဖွဲ့က မရပ်ဘဲ ကျနော်တို့ကို ပစ်ခတ်တာ။ ပစ်ခတ်သံရပ်လို့ သွားစစ်ဆေး ကြည့်တော့ အလောင်း ၂ လောင်းတွေ့တယ်။ ကျောပိုးအိတ် ၁၂ လုံးတွေ့တယ်” ဟု ထိုင်း လုံခြုံရေးတပ်ဖွဲ့မှ အရာရှိက ပြော သည်။
အဆိုပါယာဘသယ်ဆောင်သည့်အဖွဲ့မှ ပစ်ထားသော ကျောပိုးအိတ်များအတွင်း အိတ်တလုံး ယာဘအပြားပေါင်း တစ်သိန်း ဖြင့် အိတ် ၁၂ လုံးစုစုပေါင်း ယာဘ ၁ သန်း ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ယာဘတံဆိပ်အားလည်း ယခင်က ဖမ်းဆီးရ မိခဲ့ဖူးသော တံဆိပ်များ နှင့် တူညီကြောင်း၊ ချင်းရိုင်းခရိုင် တဖက်ခြမ်းရှိ တာချီလိတ်မြို့ နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေး၏ အဖွဲ့ဖြစ်ကြောင်း မန်နေဂျာ အွန် လိုင်း သတင်းတွင်ရေးသားဖော်ပြထားသည်။
ယနေ့ ၁၆ ရက်မနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်၏ ချင်းရိုင်းခရိုင်လုံခြုံရေးတပ်ဖွဲ့က အဆိုပါထွက် ပြေးလွတ်မြောက် သွားသူများအား လိုက်လံရှာဖွေဖမ်းဆီးရန် အမိန့်ထုတ်ထားသဖြင့် တောနင်းလိုက်ရှာသော တပ်ဖွဲ့မှ စက်သေနတ်တ လက် ထပ်မံသိမ်းဆည်းမိခဲ့ကြောင်း သ တင်းတွင်ဖော်ပြထားပါသည်။
ယခုလ ၆ ရက်နေ့ကလည်း မယ့်ဖှလုံမြို့ဧရိယာအတွင်း အလားတူ ထိုင်းနိုင်ငံအတွင်း ယာဘသယ်ဆောင်လာသည့် လားဟူ အဖွဲ့တဖွဲ့အား ထိုင်းလုံခြုံရေးတပ်ဖွဲ့က တားဆီးပစ်ခတ်တိုက်ခိုက်ရာ လားဟူအဖွဲ့မှာ ၅ ယောက်သေဆုံးကာ ယာဘအပြား ပေါင်း ၂ သိန်းကျော် သိမ်း ဆည်း ရမိခဲ့ကြောင်း ထိုင်းလုံခြုံရေးအာဏာပိုင်များကပြောပါသည်။

No comments:
Post a Comment