ကော့လီ
ယခုရက်ပိုင်း အတွင်း ‘ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုဝင်များ၏ သဘောထား ကြေညာချက်’ ခေါင်းစဉ်နဲ့ ကချင်ပြည်နယ်အတွင်း ပြန့်နှံ့လျက်ရှိတဲ့ ကေအိုင် အို/ကေအိုင်အေ အားဆန့်ကျင်တိုက်ခိုက်တားတဲ့ ပစ်စာတွေ ဟာ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပါတီထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြော ဆို လိုက်ပါတယ်။
အဲဒီကြေညာချက်က ကျနော်တို့ ထုတ်ပြန်ကြေညာတာလည်း မဟုတ်ပါဘူး။ ကျနော်တို့က ကိုယ့်ပါ တီရဲ့ သဘောထား ကြေညာချက်ကို ဖြန့်ဝေခြင်းမရှိပါ ဘူး။ ပါတီနာမည်နဲ့ပဲ တရားဝင် ထုတ်ပြန်ကြေညာသွားမှာပါ။ ဒီလိုမျိုး မလုပ် ပါဘူး။ ကျနော်တို့ မသိနိုင်တဲ့ ကြားက တခြားအဖွဲ့အစည်းတစ်ခုခုကဒါမှမ ဟုတ် တစ်စုံတစ်ယောက်က လုပ်တာဖြစ်နိုင်ပါလိမ့်မယ်။ ကချင်ပြည် နယ်မှာ ရှိနေတဲ့ ရှမ်းမျိုးနွယ်စုတွေနဲ့ ကချင်မျိုးနွယ်စုတွေ အကြား ပဋိပက္ခဖြစ်စေလိုတဲ့ အသုံးအနှုံးတွေတွေ့ရပါတယ်။ ဒီကြေညာချက် ဟာ အကောင်းဘက်ထက် အဆိုးဘက်ကို ဦးတည်စေပါတယ်။ – လို့ ၎င်းပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးစောဝင်းထွန်း က ကော့လီကို ပြောပါတယ်။
အဆိုပါ ကြေညာချက်ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့ ကချင်ပြည်နယ်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ -ကချင်ပြည်နယ် လူထု၏ သ ဘောထား အမှန်ကို ဖော်ထုတ်ပြီး စစ်တမ်းကောက်ယူပါက KIO/KIA အဖွဲ့အစည်းများ အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ရယူမည်လား သို့မ ဟုတ် တပ်မတော်နှင့် လူထု ပူးပေါင်းပြီး KIO/KIA ကို အပြီးသတ် ခြေမှုန်းကြမည်လား အဖြေရလဒ် တစ်ခု ထွက်ပေါ်လာရန် လိုအပ် နေပြီဖြစ် ကြောင်း အစရှိ ပြင်းထန်တဲ့ အသုံးအနှုန်းတွေ ပါရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးစောဝင်းထွန်း က - ဒီလို သဘောထားမျိုးကို ကျနော်တို့ ပါတီက လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ အမျိုးသား ပြန် လည်သင့်မြတ်ရေး လမ်းကြောင်းကို တစ်တိုင်းပြည်လုံး သွားနေရတဲ့အချိန်မှာ တပ်မတော်နဲ့ ကေအိုင်အိုနဲ့ဟာ အပြင်းအထန် ချေမှုန်း ကြ မယ့် လမ်းစဉ်အစား တစ်ဦးနဲ့တစ်ဦး ပြေလည်မှုရစေရေး၊ ငြိမ်းချမ်းရေးရရှိကြဖို့အရေးကိုပဲ ကျနော်တို့ပါတီက ဆန္ဒရှိပါတယ်။ – လို့ ပြော ပါ တယ်။
ယခုရက်ပိုင်းအတွင်းမှာ ကချင်ပြည်နယ် အတွင်း ရှမ်းတိုင်းရင်းသားများ နေထိုင်ရာမြို့နယ်များမှာ ဒီကြေညာချက်များကို ဖြန့်ဝေထား တာ ကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညအချိန် ရပ်ကွက်တွေထဲမှာ လာကြဲချထားတာနဲ့တူတယ်ဗျ။ မနက်လင်းတော့မှ တွေ့ရတာ။ ကျနော်တောင် ကောက်လာသေးတယ်။ – လို့ မိုးညှင်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးက ပြောပါတယ်။
ထို့အတူ ဗန်းမော်မြို့နေ ရှမ်းအမျိုးသား တစ်ဦးကလည်း အဆိုပါ ကြေညာချက် စာရွက်များကို ဗန်းမော်မြို့မှာ မနေ့က စတင်တွေ့ရ တယ်လို့ ပြောပြပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ အခုလို ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းနိုင် ခြင်းမ ရှိတော့ရင် မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်အတွင်း မပါဝင်လိုတော့ ဆိုတဲ့ စာရွက်များကို မိုးညှင်းမြို့နယ်အတွင် လူစည်ကားရာ နေရာများ မှာ ကပ်ထားတဲ့ အဖြစ်အပျက်များ ဖြစ်ခဲ့ဖူးပါသေးတယ်။

No comments:
Post a Comment