Tuesday, January 8, 2013

ရိုဟင်ဂျာ ဆိုသူများက ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၁၁ ဦးကို သတ်ပြီး ရေထဲပစ်ချ

နိရဉ္စရာ

ရိုဟင်ဂျာဆိုသူ အုပ်စု တစ်ခုက ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ငါးဖမ်းသမား ၁၁ ဦး ကို အသေသတ်ပြီး ရေ ထဲ ပစ်ချခဲ့သည်ဟု ယနေ့ထုတ်ဘင်္ဂလာဒေခ်ျ့ထိပ် တန်း သတင်းစာများက ရေးသားဖေါ်ပြသည်။

အသတ်ခံခဲ့ရသော ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၁၁ ဦးသည် ရိုဟင်ဂျာ (၅) ဦးနှင့် အတူ ငါးဖမ်း စက်လှေ တစ်စီးပေါ်တွင် အတူ လုပ်ကိုင် နေသူများဖြစ် ကြပြီး ပင်လယ်ထဲ ငါးဖမ်းထွက်စဉ် အသတ်ခံရကာ ရေထဲ ပစ်ချခံခဲ့ ရသည်ဟု သတင်းစာများက ဆိုသည်။

အဆိုပါ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားများကို သတ်ပစ်ပြီးနောက် ငါးဖမ်းစက် လှေကို ယူပြီး မြန်မာ ဘက်ကသို့ ထွက်ပြေးစဉ် စက်လှေမှာ စက်ပျက်သွား သဖြင့် ၎င်းစက်လှေနှင့် အတူ သူတို့ (၅) ဦးထဲမှ ဟာမိုင်ဒူလ်ဟုတ် (Hamidul Haque) ဆိုသူကို ဘင်္ဂလာရဲက ကော့စ်ဘ ဇားကမ်းခြေတွင် ဖမ်းဆီးမိခဲ့သည်။

အဖမ်းခံရသူ ဟာမိုင်ဒူလ်ဟုတ် (၄၅)နှစ် မှာ ကွယ်လွန်သူ Syed Akbar ၏သား ဖြစ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင် နယ်မြေမှ ဖြစ်သည်ဟု ဆိုသည်။

ကော့စ်ဘဇားမြို့ အိန်နာနီ ရဲစခန်းမှ ဒုရဲအုပ် Sayeed Miah က သူတို့စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာများ လူသတ်ပြီး ယူ ဆောင်ထွက်ပြေးသော စက်လှေနှင့် အတူ ဟာမိုင်ဒူလ်ဟုတ်အား မြန်မာ နယ်စပ် အနီး အိုးကီးယားမြို့နယ်Pathuartek ပင်လယ် ကမ်းခြေ ဧ ရိယာတွင် ဖမ်းမိခဲ့သည်ဟု ဆိုသည်။

အဖမ်းခံရသူ ဟာမိုင်ဒူလ်ဟုတ်မှ ဇန္န၀ါရီလ ၂ ရက်နေ့က သူတို့ငါးဖမ်းစက်လှေသည် လူ ၁၆ ဦးကို တင်ဆောင်ပြီး ပင်လယ်ရေနက်ပိုင်းသို့ ငါးဖမ်းရန် ထွက်ခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာလာခဲ့ပြီး ပင်လယ်ထဲ အရောက်တွင် ငါးဖမ်းစက်လှေ ကို အပိုင်စီးလိုက်ပြီး ဘင်္ဂလာဒေခ်ျ့ ငါးဖမ်း သမား ၁၁ ဦးကို သတ်ပြီး ရေထဲကို ပစ်ချလိုက်ကြောင်း ပြောဆိုသည်။

၎င်းနောက်ပိုင်း မြင်းကောင်ရေ ၇၄ ကောင်အား ငါးဖမ်းစက်လှေအား ယူပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးစဉ် Pathuartek နေရာ အရောက် တွင် စက်ပျက်သွားခဲ့ကြောင်း ပြောဆိုသည်။

အဖမ်းခံရသူ ဟာမိုင်ဒူလ်ဟုတ်မှ ထုတ်ဖေါ် ပြောကြားချက်အရ တစ်ခြား လူသတ်မူ ကျူးလွန်သူ အဖြစ် စွပ်စွဲခံရသူ ရိုဟင်ဂျာ ဆိုသူများ မှာ Ali Chand (၂၅) နှစ်၊ Bashir Ahmed (၃၅) နှစ်၊ Sabbir Ahmed (၂၄) နှင့် Shaheen (၂၆) တို့ ဖြစ်ကြသည်ဟု သိရသည်။ သူတို့သည် မိ သားစုများနှင့် အတူ ကော့စ်ဘဇားမြို့ ကောလာတော်လီ ငါးဖမ်းဂိတ် တစ်ခုတွင် နေထိုင်ကြသည်ဟု ဆိုသည်။

ယခုအခါ ငါးဖမ်း စက်လှေပိုင်ရှင် ဖြစ်သူ ပါသာဂါတာ မြို့နယ်မှ Babul နှင့် Sentu မှ အဆိုပါ ဓါးပြမူနှင့် လူသေမူ အတွက် အိုကီးယား ရဲစ ခန်း တွင် တရားစွဲဆိုလိုက်ပြီဟု ဆိုသည်။

No comments: