ကောင်းဝါ
မြန်မာနိုင်ငံဆိုရင် အမေရိကန် သံအမတ်ကြီး ဒဲရက်ခ်မစ်ချယ်လ်၏ မွန်ပြည်နယ် ခရီးစဉ်အတွင်း မွန်ပါတီများနှင့် တွေ့ဆုံခဲ့ရာ မွန်ပါတီ များက ကချင်ဒေသ ပဋိပက္ခအရေးကို အလေးထား ဆွေးနွေးခဲ့သည်ဟု မွန်ပါတီ ခေါင်းဆောင်များက ပြောသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း မွန်ပါတီများ ဖြစ်သည့် မွန် ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီ ခေါင်းဆောင်များအား မော်လမြိုင်မြို့ အတ္ထရံဟိုတယ် တွင် တွေ့ဆုံခဲ့ကြရာတွင် မွန်ပါတီ ခေါင်းဆောင်များက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ဘက်က ကချင်ဒေသမှာ KIO/ KIA (ကချင် လွတ်လပ်ရေး အဖွဲ့/ ကချင် လွတ်လပ်ရေး တပ်မတော်) နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အ မေရိကန် အစိုးရအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီဖြေရှင်းပေးစေချင်ပါတယ်လို့ ဆွေးနွေး တင်ပြပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟို အ လုပ်အမှုဆောင် ကော်မတီ နိုင်တလညီ က ပြောသည်။
ဒဲရက်ခ်မစ်ချယ်လ် အနေနှင့် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေနှင့် မွန်နိုင်ငံရေးပါတီများ၏ အခြေအနေကို မေး မြန်း ခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့က အပစ်အခတ် ရပ်စဲပြီးပြီ။ ကျနော်တို့ လိုလားချက်ဖြစ်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ စောင့်စားနေရတဲ့အကြောင်းကို ပြော ပြတယ်။ သူ့ဘက်ကလည်း ဒီအဖြစ်အပျက်ကို သူတို့အစိုးရအနေနဲ့လည်း အနီးကပ်လေ့လာပြီး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နေ ပါတယ်လို ကျနော်တို့ကို ပြောပြပါတယ်” ဟု နိုင်တလညီ က ပြောသည်။
တွေ့ဆုံပွဲတွင် အမေရိကန် အစိုးရဘက်မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရက်ခ်မစ်ချယ်လ်၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးနှင့် အဖွဲ့ဝင် သုံး ဦး တက်ရောက်ခဲ့ပြီး မွန်ပါတီများဘက်က မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ၊ မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းနှင့် မွန်ဒီမိုကရေစီပါတီမှ နိုင်တင်အောင် စသည်တို့ တက်ရောက်ခဲ့ကြသည်။
နိုင်ငွေသိန်း က “အပစ်အခတ် ရပ်စဲပေမဲ့ တဖက်နဲ့ တဖက် အပြန်အလှန် ယုံကြည်မှု မရှိကြဘူး၊ သမတဦးသိန်းစိန်ဘက်က အပစ်ရပ်ဖို့ ပြော နေပေမဲ့ စစ်တပ်က ကချင်ကို တိုက်နေတယ်ဆိုတော့ အပစ်အခတ် ရပ်စဲထားတဲ့အပေါ်မှာ ကျနော်တို့ သံသယ ရှိတယ် ဆိုတဲ့အကြောင်း ကျ နော်တင်ပြတယ်” ဟု ပြောသည်။
အမေရိကန် သံအမတ်ကြီး ဒဲရက်ခ်မစ်ချယ်လ် သည် မွန်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် မွန်ငြိမ်းချမ်းရေး အကျိုးဆောင် ဆ ရာ တော်များ အပါအဝင် မွန်သံဃာ့ ဦးဆောင်ဆရာတော်များ၊ မွန်ရဟန်းပျိုများနှင့်လည်း တွေ့ဆုံခဲ့သည်။
မွန်ငြိမ်းချမ်းရေး အကျိုးဆောင် ဆရာတော်များဘက်က မိမိတို့သည် မွန်ပြည်သစ်နှင့် အစိုးရတို့ အပစ်ရပ်ရန်အတွက် အကျိုးဆောင်အ ဖြစ် ပါဝင်ခဲ့သော်လည်း အပစ်ရပ်ပြီး နောက်ပိုင်း အဆက်ပြတ်သွားပြီ ဖြစ်ကြောင်း၊ မိမိတို့သည် ပညာရေး၊ ဘာသာရေး၊ သာသနာရေးအ တွက် ကြိုးပမ်းသူများ ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအား ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းစေလိုကြောင်း အမေရိကန် သံ အမတ် ကြီးအား ပြောဆို တင်ပြခဲ့သည်ဟု နိုင်ငွေသိန်း က ပြောသည်။
မွန်ရဟန်းပျိုများဘက်ကလည်း မိမိတို့သည် ဆရာတော်များ၏ ဦးဆောင် ညွှန်ကြားချက်အတိုင်း ဘာသာ၊ သာသနာနှင့် မွန်စာပေ ပြန့်ပွား ရေးအတွက် လုပ်ဆောင်နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် အစိုးရဘက်မှ လာရောက် မေးမြန်း နှောင့်ယှက်ခြင်းများ ရှိကြောင်း တင်ပြ ခဲ့သည်။
အမေရိကန် သံအမတ်ဘက်က တိုင်းရင်းသား ဖွံဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရကို တိုက်တွန်းပြောဆိုမှုများ ရှိကြောင်း၊ တ ဖက် နှင့် တဖက် ညှိနှိုင်းဆွေးနွေးပြီး ညီညွတ်မှုကို ရှာရန်လိုကြောင်းနှင့် တန်းတူမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးအတွက် စိတ်ရှည်သည်းခံရန်လိုကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲမှ ကြားသိရသည်များကို နိုင်ငွေ သိန်း က ပြန်လည်ပြောပြသည်။
အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့သည် ဇန်န၀ါရီ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ်ဘက်သို့ ရောက်ရှိခဲ့ပြီး ကရင် နိုင်ငံရေးပါတီ၊ ကရင် လက် နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဒဲရက်မစ်ချယ်လ်သည် အမေရိကန် သံအမတ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ စပြီး အကြမ်းဖက်မှုများ ဖြစ် ပေါ် ခဲ့သည့် ရခိုင်ပြည်နယ်နှင့် တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်သို့လည်း သွားရောက်ခဲ့ပြီး လူသားချင်းစာနာသည့် အကူအ ညီများ ပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။

No comments:
Post a Comment