Wednesday, January 16, 2013

ရလခ တိုင်းရုံး အခြေစိုက် ခိုလမ်မြို့အနီး ကျေးလက်လူထုအား ကျပ်ငွေသန်းချီ အဓမ္မကောက်ယူမှုရှိ

သျှမ်းသံတော်ဆင့်

ရလခရုံးစိုက်ရာ သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲ၌ ဒေသခံရွာသားများအား ဖမ်းဆီး၊ ဆက်ကြေး တောင်းမှုရှိနေသေးကြောင်းဒေ သခံ များကပြောပါသည်။

ယခုအပတ် တနင်္လာနေ့က ခိုလမ်မြို့နယ်ခွဲ ကျေးလက်ဒေသ အုပ်ချုပ်ရေးမှူးအား ခိုလမ်အခြေစိုက် မြန်မာစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင် သွား ပြီးနောက် အဆိုပါအုပ်ချုပ်ရေးမှူး၏ တူဖြစ်သူအားလည်း သျှမ်းသူပုန်ဟုစွပ်စွဲကာ လိုက်လံဖမ်းဆီး နေကြောင်း ခိုလမ်မြို့ခံတဦးက ပြောသည်။

“ခိုလမ်မြို့နယ်ခွဲရဲ့အနောက်တောင်ဘက်လောက်ရှိတဲ့ နမ့်မိုရွာက ရွာသူကြီး လုံးအောင်နဲ့သူ့မိန်းမကို ခိုလမ် - ကတ်လေမှာ အခြေစိုက်တဲ့ မြန် မာစစ်တပ်က ဗိုလ်မှူးကျော်စိုးဝင်းက တနင်္လာနေ့က ဖမ်းလိုက်တယ်။ သူတို့လင်မယားရဲ့တူ စိုင်း လူဟာ သျှမ်း သူပုန်အဖွဲ့ရဲ့လူ လို့စွပ်စွဲတယ်။ အခုအိုက်လူရွာထဲမှာမနေရဲတော့ဘူး။ လုံးအောင်လင်မယားကိုတော့ အင်္ဂါနေ့ည ကပြန် လွှတ် ပေးလိုက်ပြီလို့ကြားတယ်” - ဟု ခိုလမ်ဒေသခံ ကပြောပါသည်။

ထိုသို့ ဖမ်းဆီးရခြင်းမှာ ယခင်အပတ်က နမ့်မိုရွာဘက် ထင်းသွားခုတ်သော နမ့်မော်ခေါက်ဆင့်ရွာသားများအား လက်နက် ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးကာ ဆက်ကြေး ကျပ်သိန်း ၃၀ တောင်းယူကြောင်း၊ ထို့ကြောင့်မြန်မာစစ်တပ်ကလည်း နမ့်မိုရွာ အုပ်ချုပ်ရေးမှူးအား သူပုန်၏ အဆက် အသွယ်ဟုဆိုကာဖမ်းဆီးခဲ့ကြောင်း၊ ထိုနောက်ပိုင်း ၎င်း၏တူအား ဆက်လက်ဖမ်းဆီး ရန် ရှာဖွေနေကြောင်း၊ လုံးအောင်လင်မ ယားအားပြန် လွတ်ပေးပြီးသော်လည်း ဆက်ကြေးပေးရသူများအား ပြန်လျော် ပေးရန် နမ့်မိုရွာသားများထံမှ ကျပ်သိန်း ၃၀ ပြန်ကောက် ပေး ခိုင်းကြောင်း အဆိုပါခိုလမ်ဒေသခံကဆက်ပြောသည်။

“ ဆက်ကြေးတောင်းခံရတဲ့သူတွေပြောတာကတော့ အဲဒီလက်နက်ကိုင်အဖွဲ့ဟာ သျှမ်းစစ်သားနဲ့တူတယ်တဲ့။ ဘယ်အဖွဲ့မှန်း လဲသေသေချာ ချာမသိရပါဘူး။ အဲ့ဖက်ကို ပအိုဝ်းလက်နက်ကိုင်အဖွဲ့၊ စိုင်းထွဲ့ မန်ပန်ပြည်သူစစ်အဖွဲ့လဲ သွားလာတတ်တယ်လေ။ သျှမ်းစကားပုံမှာရှိတယ် လေဗျာ။ ကျွဲနှစ်ကောင်ခတ်ကြရင် လယ်ကန်သင်းရိုးနာတယ် ဆိုသလိုပေါ့ဗျာ။ ဘယ် လောက် ဘဲ ပြောင်းလဲတယ်ပြောပြော ကျနော်တို့ကျေး လက်ရွာသားတွေအတွက်တော့ အဘက်ဘက်ကို ကြောက်နေရတုန်းဘဲ။ ညလဲ စိတ်ချလက်ချ အိပ်မောမကျရဲသေးဘူး အဲလိုဖြစ်နေ တယ်” ဟု ခိုလမ်မှ ကျေးလက်ဒေသခံ အကြီးအကဲတဦးကပြောပါသည်။

အဆိုပါဖမ်းဆီးမှုများနှင့် ပတ်သက်၍ အခင်းဖြစ်ပွါးမှုအသေးစိတ်အချက်အလက်ကို ကျားဖြူပါတီ၏လွှတ်တော်အမတ်များ က စုံစမ်း ကောက် ယူနေကြောင်း ပါတီဝင်များပြောပြချက်အရသိရသည်။

“အဖြစ်ပျက်တော့ကျနော်လိုက်ကောက်မေးနေတုန်း။ အခုသိရသလောက်က နမ့်မော်ခေါက်ဆင့် ရွာက တပ်ထွက် တွေနေ တယ်။ မီးသွေး ဖုတ်ရောင်းတယ်။ မီးသွေးဖုတ်ဖို့ နမ့်မိုဘက်သစ်သွားခုတ်တော့ သျှမ်းတပ်ဖွဲ့ သစ်တောဘက်လို့ယူဆရတဲ့ တပ်ဖွဲ့က ကျပ် သိန်း ၃၀ နဲ့ သူတို့ဒဏ်ရိုက်တယ်။ သူတို့ကမကျေနပ်လို့အစိုးရတပ်ကိုသွားတိုင်တယ်။ မြန်မာ့အစိုးရပေါ်လစီ မှာလဲ သစ်မခုတ်ရ သစ်တစ်ပင်ထောင်သုံးနှစ်လို့ လမ်းဘေးနှစ်ဘက်မှာ ဆိုင်းဘုတ်ချိတ်ဆွဲထားပါတယ်။ ဒါပေမယ့် နမ့်မော် ခေါက်ဆင့် ရွာသွားတွေဆုံးရှုံးသွားတဲ့ငွေ ပြန်ရဖို့ နမ့်မိုရွာနားမှာ အခင်းဖြစ်ပွားလို့ နမ့်မိုရွာသားတွေကို မြန်မာစစ်တပ် ပြန်ပြီး ဒဏ်ရိုက်တယ်။ တပ် ထွက်(နမ့်မော်ခေါက်ဆင့်ရွာသား) တွေကို ကျပ်သိန်း ၃၀ ပြန်လျော်ပေးခိုင်း တယ်။ ရွာသူကြီးကို သျှမ်းတပ်အဆက်အသွယ်ဆိုပြီး ခြိမ်း ခြောက်သေးတယ်” ဟု ဖြစ်စဉ်လိုက်လံစုံစမ်းသည့် ကျားဖြူပါတီ ဝင်တဦး က ပြောပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရစစ်တပ်ကြား အပစ်ရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်းကျေး လက်ဒေသ၌ အ ဓမ္မ ပြုကျင့်ခံရမှု အနည်းငယ်လျော့သွားသည်ဟုဆိုသော်ငြားလည်း ထိုးနှက်ရိုက်ပုတ်ခြင်း၊ လူထုပိုင်ပစ္စည်း ဥစ္စာခိုးယူခြင်း၊ လူထုအား အဓမ္မ ခိုင်း စေခြင်း စသည့် လူ့အခွင့်အရေးဖောက်ဖျက် ကျူးလွန်နေမှုများ ကို သျှမ်းပြည်တောင် ပိုင်း ကွန်ဟိန်းမြို့နယ်၊ ခိုလမ်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲနှင့် မိုင်းတုံမြို့နယ်တို့တွင် အများအပြားဖြစ်ပွါးနေသေးသည်ကို တွေ့ရ ကြောင်း သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း၏ လ စဉ်ထုတ်အစီရင်ခံစာ ၌ဖော်ပြထားပါသည်။

No comments: