Thursday, January 3, 2013

ကေအိုင်အေ၏ အဓိကစခန်းထောက်တစ်ခု အစိုးရတပ်သိမ်းယူ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၃ ရက်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အဓိက စခန်းထောက်တစ်ခုဖြစ်သော ကချင်ပြည်နယ်အရှေ့ပိုင်း ပွိုင့် ၇၇၁တောင်ကုန်းနှင့်ဝန်းကျင်ကို ၂၀၁ ၂ ခုနှစ်ဒီဇင်ဘာ ၃၀ ရက်တွင် လေကြောင်းအကူအညီ အသုံးပြု၍ အစိုးရတပ်ကသိမ်းယူခဲ့သည်ဟု ဇန်န၀ါရီ ၃ ရက်နေ့ထုတ် နိုင်ငံ ပိုင်သတင်း စာများတွင် ဖေါ်ပြသည်။

သိမ်းယူရာတွင် စခန်းအတွင်းမှ ၁၂၀ မမ စိန်ပြောင်းတစ်လက်၊ ၆၀ မမ စိန်ပြောင်းတစ်လက်၊ လက် နက်မျိုးစုံ ၁၃ လက်၊ လက်ပစ်ဗုံးမျိုးစုံ အ လုံး ၂၇၀၊ မိုင်းမျိုးစုံ ၅၂ လုံး၊ ကျည်မျိုးစုံ အတောင် ၄,၀၀၀၊ ယမ်းကြိုးနှစ်ခွေတို့ သိမ်းဆည်းခဲ့ သည်ဟု ဖေါ်ပြထားသည်။

သတင်းစာက လက်လက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများရှိခဲ့ပြီးဖြစ်သော်လည်း KIOနှင့်လည်း ၁၁ကြိမ်ဆွေးနွေးပြီးဖြစ် သည်။ ဆွေးနွေးမှုများအတွင်း KIO ၏ တောင်းဆိုမှုအရ ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အစိုးရတပ်မှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး အဖွဲ့ဝင်အ ဖြစ် စေလွှတ်ပေးခဲ့သော်လည်း တစ်ဖက်မှ တက်ရောက်ရန်ပျက်ကွက်ခဲ့သည်ဟုလည်း သတင်းစာကရေးသားသည်။


အစိုးရ တပ်ဖွဲ့များသည် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှလွှဲ၍ စခန်းများအား စတင်တိုက်ခိုက်ခဲ့ခြင်း မပြုခဲ့သော်လည်း လဂျာယန်းစခန်းသို့ ရိ က္ခာပို့သည့် လမ်းကြောင်းရှိ မြစ်ကြီးနား - ဗန်းမော်ကားလမ်းကို အဓိကပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် ၇၇၁ တောင်ကုန်းကို တိုက် ခိုက် သိမ်းပိုက်ရခြင်းဟုလည်း သတင်းစာက ရေးသားသည်။

No comments: