ကောင်းဝါ
စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ဦးတည်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ၈၀ ကျော် ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်းတွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း ကော့သောင်း လူဝင်မှု ကြီးကြပ် ရေး ဌာန (လဝက) မှ အရာရှိတဦးက ပြောသည်။
အထက်ပါ ဒုက္ခသည် အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၈ ဦးနှင့် အသက် ၁၈ နှစ်အောက် ယောကျာ်းလေး ၇ ဦးနှင့် မိန်းကလေး ၆ ဦးတို့ကို စက် လှေတစီးက ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် ဆိပ်ကမ်းတွင် ည ၁၁ နာရီ ဝန်းကျင်၌ ချထားခဲ့ပြီး စက်လှေမှာ မောင်းနှင်ထွက် ပြေး သွား ခဲ့သည်ဟု ဆိုသည်။
ထိုဒုက္ခသည်များကို ကော့သောင်းမြို့ အဏ္ဏဝါရပ်ရှိ ဆေးရုံဟောင်းတွင် လုံခြုံရေး ချကာ စောင့်ရှောက်ထားပြီး ရဲအထူးတပ်ဖွဲ့၊ စစ်ဘက် ရေး ရာလုံခြုံရေးအဖွဲ့၊ အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ စသည့် ဌာနဆိုင်ရာများက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ် နေပြီး ဌာနေရင်းသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သူက ပြောသည်။
“လှေက မောင်းပြေးသွားလို့။ လှေသာရှိရင် သူတို့ကို လာတဲ့လှေနဲ့ ပြန်လွှတ်ပေးမလို့ပဲ။ အထက်က အမိန့်ကို စောင့်နေတယ်။ ပြန်ပို့ဖို့ အစီ အ စဉ် ရှိတယ်” ဟု အထက်ပါ လဝက အရာရှိက ပြောသည်။
ဒုက္ခသည် ၈၅ ဦးတွင် မြန်မာ စကားတတ်သူ ၆ ဦးခန့်သာ ပါဝင်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်တွေမှ စတင် ထွက်ခွာလာခဲ့ကာ မြန် မာ ကျပ်ငွေ ၅ သိန်းနှင့် ညီမျှသည့် မလေးရှားငွေကို လူပွဲစားများအား ပေးဆောင်ရသည်ဟု စစ်ဆေး မေးမြန်းရာသို့ ရောက်ရှိခဲ့သူ ဒီမိုက ရက် တစ်ပါတီ (မြန်မာ) မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်း က ပြောသည်။
“မြန်မာပြည်မှာ လုပ်ကိုင် စားသောက်တာ အဆင်မပြေလို့ မလေးကို သွားမယ်လို့ ပြောတယ်။ မ လေးကို ရောက်ပြီ ဆိုပြီး ပွဲစားတွေက ကော့ သောင်းမှာ ချထားခဲ့တာ” ဟု ကိုသန်းထွန်း က ပြောသည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဒုက္ခသည် ၁၅၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေ တစီး ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့ပြီး ဒီဇင် ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဓမင်းဆိပ်ကြီးရွာသို့ အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၂ ဦးကို ချထား ခဲ့ကာ စက်လှေမှာ ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဓမင်းဆိပ်ကြီးရွာသို့ ရောက်ရှိလာသည့် ဒုက္ခသည်များ ၏ပြောဆို ချက် ကို ကိုးကားပြီး ရွာသားတဦးက ပြောသည်။
ဓမင်းဆိပ်ကြီးရွာသို့ ရောက်ရှိခဲ့သည့် ဒုက္ခသည်များကို တပ်မတော် ရေတပ်က ထိန်းသိမ်းထားကာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဌာနေသို့ ပြန်ပို့လိုက်သည်ဟု သူက ဆိုသည်။
ယခု ကော့သောင်းသို့ ရောက်ရှိလာသည့် ဒုက္ခသည်များမှာလည်း ဓမင်းဆိပ်ကြီးရွာမှ ပြန်လည်ထွက်ခွာခဲ့သည့် စက်လှေမှ ဒုက္ခသည်များ သာ ဖြစ်သည်ဟု အထက်ပါ ကော့သောင်း လဝက အရာရှိက ဆိုသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင်လည်း မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွားလှေစီးခရီးသည် ၉၅ ဦးကိုတင်ဆောင် လာ သည့် စက်လှေတစီး ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာ ရေတပ်က ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ် ပေးခဲ့သည်။
အလားတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား မြန်မာနိုင်ငံတွင်း နေထိုင်သူ ၈၀ ကျော် စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ရာ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်စဉ် စက်ချွတ်ယွင်းမှုကြောင့် မြန်မာနိုင်ငံ တောင် ပိုင်းရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကော့လှိုင် ကျေးရွာအုပ်စု သဲခုံရွာသို့ ဆိုက်ကပ်ရာမှ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တပ်မတော် ရေတပ်၏ ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၃ ဦးမှာ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် တနှစ်စီနှင့် ကျန် မြန်မာ နိုင်ငံဖွား ၃၈ ဦးမှာ နိုင်ငံသား မှတ်ပုံတင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂) အရ ထောင်ဒဏ် တနှစ်စီ ချမှတ်ခံခဲ့ရသည်။
၎င်းဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို စက်တင်ဘာလ ၁၇ ရက်နေ့ သမတ၏ လွတ်ငြိမ်းချမ်းခွင့်ဖြင့် လွှတ်ပေးခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။
အလားတူ ရိုဟင်ဂျာ လူမျိုးဟု ခံယူထားသည့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွားများသည်လည်း ထိုင်းနိုင်ငံ ရေပိုင်နက်သို့ မကြာခဏ ရောက်ရှိလာ ကြ ပြီး ထိုင်းဘုရင့် ရေတပ်၏ ဖမ်းဆီးခြင်းကို ခံကြရသည်။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာ၏ အဆိုအရ ဇန်နဝါရီလ ၂ ရက်နေ့တွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သည့် ရိုဟင် ဂျာ လှေစီးခရီးသည် ၇၃ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက် ကမ်းခြေအနီးတွင် ဖမ်းဆီးရမိပြီး နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေကြောင်း သိ ရသည်။

No comments:
Post a Comment