မိုးဇော်
မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်အစိုးရမှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အား ကြေးတပ်၊ လေတပ်ဖြင့် အင်အားအလုံးအရင်းသုံး ထိုးစစ် ဆင်တိုက်ခိုက်နေမှုရပ်တန့်ရန် ဘန်ကောက်မြို့တွင် မြန်မာတိုင်းရင်းသားများပါဝင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတစ်ရပ်ကို ဇန္နဝါရီ ၁၁ ရက်နေ့ နံနက် ၁၀း၁၅ မိနစ်တွင် မြန်မာသံရုံးရှေ့၌ ကချင်တိုင်းရင်းသားများက ဦးဆောင် ကျင်းပခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲတွင် ကချင်တိုင်းရင်းသားများ၊ စစ်ကြောင့်ဒုက္ခရောက်နေကြသည့် ဒုက္ခသည်များ၏ မိသားစုဝင်များ၊ ကျောင်းသားများနှင့် အ ခြားတိုင်းရင်းသားများဖြစ်ကြစေသာ ကရင်၊ ချင်း၊ ဗမာ စသည့်တိုင်းရင်းသားများ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
" ကျနော်တို့ ဆန္ဒပြရတဲ့အကြောင်းရင်းကတော့ ပြည်တွင်းစစ်ရပ်စေချင်တယ်။ ပြီးတော့ ယခုလို (KIA) အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဟာ လုံးဝမတရားဘူး။ ဆိုတော့ ကချင်ပြည်နယ်မှာရှိနေတဲ့ အစိုးရစစ်တပ်တွေကို လုံးဝရုပ်သိမ်းခိုင်းစေချင်တယ်။ သူတို့ရုပ်သိမ်းမှ သာလျှင် ပြန်လည်ပြီးတော့ ငြိမ်းချမ်းစွာ နိုင်ငံရေးအရဆွေးနွေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဆန္ဒပြရတာဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ ဆန္ဒပြတောင်းဆိုချက်တွေဟာ အစိုးရရဲ့ နားထဲကို တိုက်ရိုက်ရောက်စေချင်တဲ့သ ဘောပါ။ " ဟု ဆန္ဒပြရာတွင် ဦးဆောင်းသူ တစ်ဦးကချင် တိုင်းရင်းသား Mr.La Nu Nan က အာရ်ကန်တိုင်းမ်စ်အား ပြော သည်။
ဆန္ဒပြပွဲတွင် အဓိကထားတောင်းဆိုခဲ့သော အချက်(၄)ချက်မှာ " ၁) လက်နက်ကြီးများ၊ တိုက်လေ ယျာဉ်များကို အသုံးပြုပြီး တရုတ်နယ် စပ် ကချင်ဒေသတစ်လျှောက်ရှိ IDP စခန်းများ၊ KIO/KIA နဲ့ ကချင်ပြည်သူပြည်သားများအပေါ် တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ပေးရန်၊ ၂) KIO နဲ့ KIA အပေါ် ဖိအားပေးထိုးစစ်ဆင်တိုက်ခိုက်မှုအား ချက်ချင်းရပ်တန့်ပေး ရန်၊ ၃) က ချင်ဒေသရှိ IDPs စခန်းများသို့ ကယ်ဆယ်ရေးအထောက် အပံ့ပစ္စည်းများပေးရန် နိုင်ငံခြားအဖွဲ့အစည်းများဖြစ်သော INGOs နဲ့ NGOs များကိုလွတ်လပ်စွာသွားလာခွင့်ပေးရန်နှင့် ၄) အစိုးရ စစ်တပ်များ အားရုပ်သိမ်းပြီး တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် နိုင်ငံရေး ဆွေးနွေးမှုကို ချက်ချင်းအကောင်အထည်ဖေါ်ဆောင်ရွက်ရန်။ " ဖြစ် သည်ဟု Mr.La Nu Nan က ဆက်လက်ပြောကြားခဲ့ သည်။
အထက်ပါ တောင်းဆိုချက်များကို ဘန်ကောက်အခြေစိုက် မြန်မာသံရုံးသို့ ပေးပို့ခဲ့သော်လည်း သံရုံးမှတစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိ ခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရနှင့် KIA လက်နက်ကိုင်တပ်မတော်တို့၏ စစ်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်များ (IDPs) ခုနှစ် သောင်း ကျော်ရှိပြီး၊ ယင်းပြည်တွင်းစစ်ပြေးဒုက္ခသည်များမှာ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးစသည့် အကူအညီများမှာ အရေး တကြီး လို အပ်နေကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် တိုင်းရင်းသားအင်အား ၁၂၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြောင်းနှင့် အဆိုပါဆန္ဒပြပွဲအား ၁၀း၄၅ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း သိ ရှိ ရသည်။

No comments:
Post a Comment