ABC
မြန်မာစစ်တပ်နဲ့ ကချင်လွှတ်မြောက်ရေးတပ် KIA တို့အကြား ဖြစ်နေတဲ့ စစ်ပွဲအတွင်း မြန်မာစစ်တပ် ကနေလေယာဉ်တွေနဲ့ တိုက်ခိုက်တဲ့အ တွက် မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း တွေတုန်းက မြန်မာစစ်တပ်နဲ့ ကချင် လွှတ်မြောက်ရေးတပ် တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လျက်ရှိပြီး အ ခု ဖြစ် နေ တဲ့ ပြ ဿ နာ ကြောင့် မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အပေါ်ကိုလည်း လွမ်းမိုးနေပါတယ်။
အမေရိကန် အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က မြန်မာအစိုးရ စစ်တပ်ဖက်က ကချင် ဒေသကို လေယာဉ်တွေနဲ့ တိုက်ခိုက်တဲ့အ ပေါ် သူတို့အနေနဲ့ သတိထားမိကြောင်းနဲ့ အခုလို အကြမ်းဖက်မှုတွေ ပြင်းထန်လာတဲ့အပေါ် လည်း တော်တော်လေး စိုးရိမ်မိကြောင်းပြောပါတယ်။
အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ ကချင်လွှတ်မြောက်ရေး တပ်တို့ကို အခုဖြစ်နေတဲ့ ပဋိ ပက္ခ တွေကို ဖြေရှင်းဖို့အနဲ့ တွေ့ဆုံ ဆွေး နွေးမှုတွေ လုပ်ဖို့ ဆက်လက် တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်က လပေါင်း ၂၀ကျော်ကြာပြီ ဖြစ်တဲ့ ပြည် တွင်း စစ်မှာ အစိုးရ စစ်တပ်တွေက ဝေဟင်ကနေ လေယဉ်တွေ ရဟပ်ယာဉ်တွေကို အသုံးချနေ တာကို ဗီဒီယို သာဓက အပြည့် အစုံနဲ့ ရိုက် ထားတာထွက်ပေါ်လာတာနဲ့ အတူတကွ အစိုးရ ကလဲ လေယာဉ်နဲ့ တိုက်တယ်ဆိုတာ ဟုတ် မှန်တယ်ဆိုတဲ့ ဝန်ခံချက်တွေကြောင့်၊ စိုးရိမ်မ ကင်းဖြစ်မိတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ကုလသမဂ္ဂ ပြောခွင့် ရ ပုဂ္ဂိုလ် Martin Nesirky က ကချင်ပြည်နယ်မှာ ပစ်မှတ်ထားပြီး တိုက်ခိုက်မှု တွေရှိခဲ့တယ်ဆို တာ ကို အထူးသ တိထားမိတယ်ဆို တဲ့အကြောင်း ပြောပြပါတယ်။
ဝေဟင်က နေ တိုက်လေယာဉ်တွေ နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေကို ကုလသဂ္ဂကနေ အနီး ကပ်စောင့်ကြပ်လေ့လာနေတဲ့အ ကြောင်း၊ မြန်မာအစိုး ရကိုလဲ ဒေသခံ အရပ်သားတွေ အသက်ဘေး အန္တရယ် မရောက်အောင် ထိန်း ထားဖို့ နဲ့ ကချင်ပြည်နယ်တွင်း ဒီထက်ပိုပြီး အခြေ အနေ ပိုဆိုးမလာအောင် သတိထားဖို့ ပြောခွင့် ရ ပုဂ္ဂိုလ်ကနေတဆင့်ပြောကြားခဲ့ပါ တယ်။

No comments:
Post a Comment