Thursday, January 24, 2013

မြန်မာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ် တပ်ကြပ်ကြီးတဦး သေဆုံး လူထုအား ဖမ်းဆီးရိုက်နက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်မိုင်းငေါ့မြို့နယ်ခွဲအတွင်း မြန်မာစစ်တပ်အချင်းချင်း ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး တဦးသေဆုံး သွား ရကြောင်း၊ ကျေးလက်ရွာသား ၇ ဦးအားဖမ်းဆီးရိုက်နှက်သောကြောင့် ယခုထိ ဆေးရုံတင်ထားရကြောင်း ဒေသခံသတင်းကဆို သည်။

“အရင်အပတ်ထဲကဘဲ။ ခမရ ၅၀၂ တပ်ရင်းက စစ်ကြောင်း ၂ ကြောင်းခွဲပြီး တင်ကိုင် ရွာထဲဝင် တယ်။ သူတို့ ၂ ဖွဲ့အချင်းချင်း မှားပြီးပြန်ပစ် ခတ်ကြတယ်။ ၃ ရစ်ဆရာတယောက်ကျတယ်။ သူတို့လူ ပြန်ထိလို့ ရွာသားတွေကိုအပစ် ရှာပြီး ၇ ယောက် ဖမ်းဆီးရိုက်နက်တယ်။ ၂၄ နာရီ ကျော်ချုပ်ထားတယ်။ ကျားဖြူက လာပြောလို့ ပြန်လွှတ်ပေးတာ။ ဒဏ်ရာပြင်း ထန်တဲ့ သူ အခုထိ ကျောက်မဲဆေးရုံမှာဘဲ” ဟု ကျောက် မဲ ရောက်မိုင်းငေါ့မြို့ နယ်ခွဲဒေသခံတဦးက ပြောသည်။

ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက မိုင်းငေါ့မြို့နယ်ခွဲ၏အနောက်ဘက် ၈ မိုင်ခန့်ဝေးသော တင်ကိုင်ရွာ၌လယ်တောမှပြန်လာသောရွာ သား အား မြန်မာစစ်တပ် ခမရ ၅၀၂ စစ်ကြောင်းက တားဆီးပစ်ခတ်ခဲ့သည်ဟုဆို၏။ ရွာပြင်၌စောင့် နေသော အဆိုပါစစ်ကြောင်းမှ တပ် သားတ ချို့က ရွာတွင်း၌တိုက်ပွဲဖြစ်နေပြီဟုထင်မှတ်ကာ ရွာထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ မြန်မာစစ်တပ်အချင်းချင်းမှားပစ်ခတ်ကြ ပြီးတပ်ကြပ်ကြီး တဦးကျဆုံး သွားသည့်အပေါ် ရွာသားများ ကြောင့်ဖြစ်ရ သည်ဟု စွပ်စွဲကာ ရွာ သား ၇ ယောက်ကိုဖမ်းဆီးချုပ်နှောင် ထားခဲ့ကြောင်း၊ ကျား ဖြူပါတီ အကြီးအကဲ အာမခံမှုဖြင့် အဆိုပါ ၇ ဦး အားပြန်လွှတ်ပေးခဲ့ပြီဖြစ်သော်လည်း ယခုဆေးရုံ၌ ဆေးကုသမှုခံ ယူနေကြောင်း ကျောက် မဲဒေသခံ ကပြောပါသည်။

“ ရွာသား ၇ ယောက်ကို စစ်ကြောင်းက ဖမ်းဆီးချုပ်နှောင်တာလေ။ ရိုက်ထားတဲ့ဒဏ်ရာတွေ လဲမ နည်းဘူး။ ကျောက်မဲ က ကျားဖြူ ဒုဉက္ကဌ စိုင်းဆောင်ဆီ၊ အမတ်စိုင်းခမ်းကျော်၊ အမတ်စိုင်းသန်းမောင်တို့ဆီကိုသတင်းကရောက်သွား တယ်။ စိုင်းခမ်းကျော်က သွားပြီးအာမခံပေးမှ ပြန်လွှတ်ပေးတာ။ ဒါပေမယ့် ၇ ယောက်စလုံးအခု ကျောက်မဲ ဆေးရုံမှာ မနေ့ကအထိတော့ မဆင်းရသေးဘူး။ ရွာသားတွေကို ကိုယ်ထိလက် ရောက်ဖမ်းဆီးရိုက်နှက်တဲ့အတွက် စိုင်းခမ်းကျော်ကနေ တရားစွဲမယ် အမှုဖွင့်မယ်ပြော တယ်။ အခုအဲဒီစစ်ကြောင်းမှူးနဲ့ တပ်ရင်းမှူးက ကျား ဖြူအမတ်ကိုပြန်လာပြီး တောင်းပန်ထားတယ်” ဟု ကျားဖြူပါတီဝင်တဦး ကပြောသည်။

ယမန်နှစ် နိုဝင်ဘာလကတည်းက မိုင်းငေါမြို့နယ်ခွဲအတွင်းသို့ အမည်မသိလက်နက်ကိုင်အဖွဲ့က လက်နက်ကြီးပစ်ခတ်မှု များ ကြောင့် ဒေသ ခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့လည်း အစိုးရ၏ ရဲတပ်ဖွဲ့များ၏ မကြာခဏ ဖမ်း ဆီးခြင်းကို ခံကြရ သည်။

No comments: