ABC
ဇန်န၀ါရီ ၁၃ရက်နေ့ မနက် ၃နာရီလောက်က မြစ်ကြီးနားကနေ မန္တလေးကိုထွက်ခွာလာတဲ့ မြစ်ကြီး နား-မန္တလေး လူစီးအမြန်ရထားဟာ စစ် ကိုင်းဒေသကြီး နန့်စီးအောင်ဘူတာနဲ့ မော်လူးဘူတာကြားမှာ မိုင်းခွဲခံခဲ့ရ ပြီး ခရီးသည် ၁၀ဦးလောက် ဒဏ်ရာ ရ ပြီး အသေ အ ပျောက် မရှိ ဘူးလို့ သိ ရ ပါတယ်။
မီးရထားစက်ခေါင်း လဲကျသွားပြီး စက်ခေါင်း နောက်က လူစီးတွဲ ၁၁ တွဲပါတဲ့ အထဲ က ရှေ့ဆုံး ၂တွဲ လှဲကျသွားတယ်ဆိုတဲ့အကြောင်းရထား ပေါ်ပါလာတဲ့ ခရီးသည်ကပြောပြတဲ့အကြောင်း ဒေသခံတဦး က အခုလိုပြောပါ တယ်။
"မော်လူးနဲ့ နန့်စီးအောင်ကြားမှာကွဲတာ အိပ်စင်တွဲ အိပ်စင်ရထားကွဲတာ ၃နာရီ ၁၅မှာကွဲတာ၊ ဒဏ်ရာ ရတာ တချို့တလေတော့ အခြေ အ နေဆိုးတယ်တဲ့၊ အသေ အပျောက်တော့ မကြားရသေးဘူး၊ စက်ခေါင်းလဲကျသွားတယ် သံလမ်းအောက်ကိုနောက်ပြီးတော့စက်ခေါင်းနောက် က လူစီးတွဲ ၂တွဲ ၂တွဲပါသွားတယ်။ စက်ခေါင်းအပါဆို ၃တွဲပေါ့လှဲတာ။"
ထိခိုက်ဒဏ်ရာရရှိတဲ့သူ ၁၀ဦး ကို မော်လူး တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ တင်ထား တယ်လို့ ဆိုတဲ့အကြောင်း သိရ ပါတယ်။
ပြီးခဲ့ တဲ့ကြာသာပတေးနေ့က နမ္မ ဘူတာ နဲ့ ကီလိုမီတာ ၂၄၀ လောက်မှာ ရှိတဲ့ မိုးညှင်းမြို့နယ်မှာ မိုင်းတလုံးထောင်ထားခဲ့ ရာက မိုင်း ပေါက် ပြီး စလီဖါတုံးလောင်ကျွမ်းရာက လွဲလို့ ဘာမှ ထိခိုက်မှု မ ရှိ ခဲ့ ဘူးလို့သိ ရ ပါတယ်။
No comments:
Post a Comment