ABC
ရိုဟင်ဂျာလူမျိုးတွေ ပါဝင်လာတဲ့ လှေတစ်စီးဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ကမ်းခြေမှာ မျော နေတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ဒုက္ခ ရောက်သူတွေကို အစားအစာနဲ့ သောက်ရေတွေ ဝေဌခဲ့တယ်လို့ သိရပါတယ်။
သစ်သားလှေငယ်တစ်စီးပေါ်မှာ ရိုဟင်ဂျာ အယောက်ပေါင်း ၇၀ လောက် ပွတ်သိပ် လိုက်ပါလာပြီး အစာရေစာမရှိပဲ ပင်လယ်ထဲမျောနေ တာ ၁၃ ရက် ရှိပြီလို့လည်း သိရပါတယ်။
ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေအနေနဲ့ ထိုင်းနိုင်ငံ မြေပေါ်ကို ခြေချခွင့်မရှိတဲ့အတွက် ပင်လယ်ထဲ ပြန်လည်တွန်းထုတ်ခံရမယ့် အနေအ ထား ရှိနေပါတယ်။
လှေပေါ်ပါလာသူတွေက မလေးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ခဲ့ပေမယ့် ထိုင်းနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာနေကြပြီး အဲဒီနိုင်ငံတွေကနေတ ဆင့် သြစတြေးလျနိုင်ငံလို တတိယတစ်နိုင်ငံမှာ ခိုလှုံခွင့်ရဖို့ မျော်မှန်းနေကြကြောင်း လည်း သိရပါတယ်။
မြန်မာနိုင်ငံအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အတွက် ရိုဟင်ဂျာတွေကို လက်ခံဖို့နဲ့ နိုင်ငံတကာကလည်း ကူညီဖို့ ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေက တောင်းဆိုခဲ့ဖူးပါတယ်။
No comments:
Post a Comment