Sunday, January 20, 2013

မွန်အမျိုးသားနေ့ ကျင်းပရေး(ဗဟို) ဦးစီးကော်မတီတွင် ပြည်နယ်အစိုးရမပါဝင်ဖြစ်

မင်းလုံး

(၆၆)ကြိမ်မြောက် မွန်အ မျိုးသားနေ့ကျင်းပရေး(ဗဟို) ဦးစီးကော်မတီတွင် မွန် ပြည်နယ်အစိုးရအဖွဲ့က ပါဝင်ပူးပေါင်ဆောင်ရွက်လို ကြောင်းယခင်ကပြော ကြားခဲ့ သော်လည်း ယခုအခါ မပါဝင်ဖြစ်တော့ကြောင်း ပြန်လည်ပြော ကြား ခဲ့သည်။

မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရရုံး၌ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြည် နယ်အစိုးရအဖွဲ့ကိုယ်စား စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးဒေါက် တာမင်းနွယ် စိုးက မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို) ဥက္ကဌ နိုင်တင်အောင် နှင့် ဒု-ဥက္ကဌ ၃ ဦး၊ အထွေထွေအတွင်းရေးမှူး နိုင်လယီတ မတို့အား တွေ့ဆုံခဲ့စဉ်ယင်းကဲ့ သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်တင်အောင်က “ဇန်နဝါရီ ၇ ရက်နေ့က ဆွေးနွေးခဲ့ကြခဲ့ကိစ္စတွေကို အစိုးရ က ပြန်ရုတ်သိမ်းပါ တယ်တဲ့၊ သူတို့မပါဝင်ဖြစ်တော့ဘူးလို့ဆိုတယ်၊ ဒီတော့ မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို) ကပဲ ဆက်ပြီးတာဝန်ယူပါလို့ ဝန်ကြီး ဒေါက် တာမင်းနွယ်စိုးက ရှင်းပြပါတယ်” ဟု ပြောသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် မွန်အမျိုးသားနေ့ကျင်းပရေးဦးစီးကော်မတီကိုဖွဲ့စည်းပြီး မွန်ဒေသတ ဝှမ်းကျင်းပမည့် မွန်အမျိုးသားနေ့ကျင်း ပရေးကိစ္စများအား ကြီးကြပ်သွားမည်ဟု စီစဉ်ခဲ့သည်။

ထိုသို့ ကြီးကြပ်ရာတွင် နာယကအနေဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးကျင်ဖေ၊ ပြည်နယ်ဝန်ကြီးများဖြစ်ကြ သော ဒေါက်တာမင်းနွယ်စိုးနှင့် ဒေါက်တာခင်မောင်သွင် တို့အား ဥက္ကဌ၊ ဒု-ဥက္ကဌအဖြစ် ထည့် သွင်းပေးရန် ပြည်နယ်အစိုးရက မွန်အမျိုး သား နေ့ကျင်းပရေး (ဗဟို) သို့ တွေ့ဆုံတောင်းဆိုခဲ့သည်။

သို့ရာတွင် မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)အနေဖြင့် ကော်မတီဝင်များရွေးချယ်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေ ဖြင့် ပါ ဝင် ဆောင်ရွက်လိုပါက နှုတ်ဖြင့်မပြောဆိုပဲ တရားဝင်စာရေးသား တောင်းဆိုစေလိုကြောင်း နိုင်တင်အောင်က ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအနေဖြင့် စာရေးသားပေးပို့ခြင်းမပြုပဲ မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို) တာဝန်ရှိပုဂ္ဂိုလ်များအား ဝန်ကြီး ဒေါက် တာမင်းနွယ်စိုးက ယခုကဲ့သို့တွေ့ဆုံရာတွင် ပြည်နယ်အစိုးရ၏မပါဝင်ဖြစ်သောအခြေအနေကို ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် မော်လမြိုင်မြို့နယ်၊ မွန်အမျိုးသားနေ့အခမ်းအနားသို့ မိန့ခွန်းတက်ရောက်ပြောကြား မည်ဖြစ် ပြီး မွန်အမျိုးသားနေ့ (ဗဟို)နှင့် မြို့နယ်အသီးသီးသို့ သဝဏ်လွှာများ ပေးပို့မည်ဟုလည်း သိရသည်။

ပြည်တွင်းရှိ မြို့နယ်၊ ကျေးရွာအသီးသီးရှိ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီတို့သည် မွန်အမျိုးသားနေ့ (ဗဟို) ဦးဆောင်မှုအောက် တွင် လှုပ်ရှားလျှက်ရှိကြသည်။

ယခုနှစ် တပို့တွဲလပြည့်ကျော် ၁ (ဖေဖေါ်ဝါရီလ ၂၆) ရက်နေ့တွင် ကျရောက်မည့် ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) စင်မြင့်အခမ်းအ နားကို ပေါင်မြို့တွင်ကျင်းပရန် သက်မှတ်ထားပြီး ဖျော်ဖြေမူ အစီအစဉ်များအပါအဝင် ယခင်နှစ် များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်အကုန်တွင် ဥက္ကဌ မွန်ဖိုးချို၊ ဒု-ဥက္ကဌ နိုင်အောင်ထွန်း ခေါင်းဆောင်သော မွန်ရင်းသားအစည်း အရုံးက (ယခင်-ကျိုက္ခမီမြို့နယ်) သံဖြူဇရပ်မြို့နယ်၊ ပငရွာတွင်ကျင်းပခဲ့သော မွန်အမျိုးသားညီလာခံတွင် ဟံသာဝတီ(ပဲခူး)မြို့ကို စတင် တည် ထောင် သည့် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

No comments: