မိုးဇော်
အာရှတိုက်တွင် ပျက်စီးပျောက်ကွယ်ရမည့် အန္တရယ်နှင့် ရင်ဆိုင်နေရသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်သော မြို့တော် (၁၀) ခုအနက် တစ်ခုအပါအဝင်ဖြစ်သော ရခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ် ခွင့်အား အာ ဏာပိုင်များက တားဆီးပိတ်ပင်ထားကြောင်း ဒေသခံများထံမှလာသော သတင်းအရသိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ မြောက်ဦးမြို့တွင် ကုလား-ရခိုင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြားသားများ မြောက်ဦးမြို့သို့လာ ရောက်လည်ပတ်ခြင်းအား အာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့ကြောင်း သိရသည်။
" အခုလို ကမ္ဘာလှည့်ခရီးသည်တွေကို တားဆီးပိတ်ပင်ထားတာက အာဏာပိုင်တွေအနေနဲ့ ခရီး သည်တွေကို လုံခြုံရေး အပြည့်အဝ မပေး နိုင်လို့ထင်ပါတယ်။ မြောက်ဦးမှာဖြစ်ပွားတဲ့ အဓိကရုဏ်းပြီးဆုံးသွားပြီဆိုပေမယ့် ကုလားတွေ က အခွင့်အရေးရရင် ရသလိုလိုက်ပြီးတော့ ဒုက္ခပေးနေတယ်။ ဒါကို အာဏာပိုင်တွေအနေနဲ့လည်း ထိရောက်စွာ ဖြေရှင်းမပေးဘူး၊ ဒါ ကြောင့် နိုင်ငံခြားခရီးသည်များ မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ခြင်းအား ပိတ်ပင်ထားတာ ဖြစ်နိုင်တယ်။ " ဟု မြောက်ဦး မြို့ရှိ တည်းခိုခန်းပိုင်ရှင်တစ်ဦးက ပြောသည်။
နိုင်ငံခြားသားခရီးသည်များ မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ခွင့်ကို ပိတ်ပင်တားမြစ်ထားသည့်အတွက် ဧည့်လမ်းညွှန် လုပ်ငန်းဖြင့် အ သက်မွေးနေကြသော ဧည့်လမ်းညွှန်များမှာ အကျပ်အတည်းများစွာကျရောက်နေကြရကြောင်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုထွန်းနေ၀င်း က အာရ်ကန်တိုင်းမ်စ်အား ပြောကြားခဲ့သည်။
ထို့အပြင် ရခိုင့်ရှေ့ဟောင်းမြို့တော် မြောက်ဦမြို့သည် အာရှတိုက်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်သော မြို့တော် (၁၀) ခု အနက် တစ်ခုဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ (၃) ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ (Global Heritage Fund)မှ ဖော်ပြ ချက် အရ သိရသည်။
No comments:
Post a Comment