Thursday, January 10, 2013

ကချင် စစ်ပွဲ ငြိမ်းချမ်းရေးဦးဆောင်တောင်းဆိုသူ(၂)ဦးအားရဲစခန်း(၁၂)ခုက စတင် တရားစွဲ စစ်ဆေးနေ

လွင့်မောင်မောင်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျရောက်ခဲ့တဲ့ စက်တင်ဘာ(၂၁) ရက်နေ့နိုင်ငံတကာ ငြိမ်းချမ်းရေး မှာ ရန်ကုန်မြို့နေရာအနှံ့ တနိုင်ငံလုံး စစ်ပွဲ တွေရပ် ကြွေးကြော်သံပါတဲ့ ဆိုင်းဘုတ်ကိုင်ဆွဲ ဆန္ဒပြုခဲ့ကြတဲ့ အထဲက လူမူရေး အဖွဲ့တစ်ခုဖြစ် တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ခေါင်း ဆောင်တွေကို ဒီကနေ့ အမှုစတင်စစ်ဆေးနေတယ် လို့ သိရပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ခေါင်းဆောင်တွေ ဖြစ်တဲ့ဦးမရန်ဂျော်ဂွန်း နဲ့ ဒေါ်မေစပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) အရ ဒဂုံမြို့ နယ် တရားသူကြီး ဒေါ်ခင်သန့်စင်က အမှုစစ်ဆေးနေတာပါ။

အထက်ပါ နှစ်ဦးကို မရမ်းကုန်းမြို့နယ် ၊ဒဂုံမြို့နယ် ၊စမ်းချောင်းမြို့နယ် ၊ဗိုလ်တထောင်မြို့နယ်၊ မင်္ဂ လာတောင်ညွန့်မြို့နယ် ၊ တာမွေမြို့နယ် စတဲ့မြို့နယ်အသီးသီးက တာဝန်ကျရဲစခန်းများက အမှုဖွင့်ထားတာဖြစ်ပြီး ဒီကနေ့ ဒဂုံမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးတယ်လို့သိရ ပါ တယ်။

ဒဂုံမြို့နယ် တရားသူကြီးက ဥပဒေဆိုင်ရာ ကျင့်ထုံးများအရ တရားစွဲခံရသူ တစ်ဦးလျှင် အာမခံနှစ်ဦးစီနှင့် သန်းခေါင်စာရင်း ၊ပိုင်ဆိုင်မှု များ ပြပြီး အာမခံဝန်ချက်ထိုးရမယ်လို့ ပြောဆိုပါတယ်။


ဒါပေမဲ့ တရားစွဲခံရသူ နှစ်ဦးကတော့ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေး အရ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပြီး ဥပဒေကိုချိုးဖောက်မှု မရှိကြောင်း ပြန် လည်တင်ပြခဲ့တာ ကြောင့်ကိုယ်ပိုင်ခံဝန်ချက်နဲ့ ငွေဆယ်သိန်း အာမခံထားခဲ့ရပါတယ်။အမှုကို လာမယ့်လ အောက်တိုဘာ (၁၀) ရက် နေ့ ထပ်မံချိန်းဆိုလိုက်တယ် လို့ သိရပါတယ်။

No comments: