Wednesday, January 16, 2013

မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးသည်ဦးရေတိုးလာ

ABC

မြန်မာနိုင်ငံထဲကို ​ပြီးခဲ့တဲ့နှစ်ကသွားရောက် ​လည်ပတ်ခဲ့တဲ့ ​ကမ္ဘာလှည့်ခရီးသည်ပေါင်း ​တသန်း လောက်ရှိပြီးအခုလိုခရီးသည်တွေလာရောက် လည်ပတ်ခြင်းဟာ ​ပြီးခဲ့နှစ်မတိုင်ခင်နှစ်ကထက် ​ရာခိုင်နှုန်း ​၃၀လောက် ​များတယ်လို့ဆို ပါတယ်။

မြန်မာနိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုရာအဖွဲ့ရဲ့အဆိုအရ ​အလည်အပတ်လာရောက်တဲ့ ​ခရီးသွားတွေနဲ့ ​စီးပွားရေးသမားတွေဝင် ရောက် ​လည်ပတ်တဲ့အတွက် ​ပြီးခဲ့တဲ့နှစ်က ​အတော်လေးကိုအောင်မြင်တဲ့ ​နှစ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း ​အကြာသေးခင်ကဖြစ်ပေါ်လာခဲ့တဲ့ ​အပြောင်းအလဲတွေနဲ့ ​မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ကြား ဖြတ်ရွေးကောက်ပွဲ ​စည်းရုံးရေးခရီးစဉ်တွေကြောင့် ​မြန်မာနိုင်ငံကို ​အထီးကျန်နေရာကနေ ​ကမ္ဘာ့အသိုင်းအ၀ိုင်းထဲကိုပြန်လည် ​လမ်းဖွင့် ဖြစ် လိုက်ပြီး ​ကမ္ဘာလှည့်ခရီးသည်တွေကိုလည်းစွဲဆောင်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​အောက်တိုဘာလတုန်းက ​မြန်မာနိုင်ငံက ​လေယာဉ်ပျံသန်းမှုအတတ်ပညာနဲ့ ​ပတ်သက်တဲ့ ​တာဝန်ရှိတွေက ​ရန်ကုန်အပြည်ပြည် ဆိုင် ရာ ​လေယာဉ်ကွင်းကို ​ခေတ်မှီအောင်ပြန်လည်လုပ်ဆောင်ဖို့ ​ပုဂ္ဂလိက ​လုပ်ငန်းတွေကို ​အကူအညီတောင်းခဲ့တယ်လို့သိရပါတယ်။

သြစတြေးလျနိုင်ငံက ​ကင်ဘာရာမြိုရှိမြန်မာသံရုံးကိုရောက်ရှိခဲ့သူတွေရဲ့ ​ပြောပြချက်အရ ​မြန်မာနိုင်ငံကို ​၀င်ရောက်ဖို့ ​ဗီဇာလျောက်ထား သူ တွေ ရဲ့ ​ပတ်စပို့စ်တွေကို ​တောင်းတွေနဲ့ချထားတာမြင် ​ရတဲ့အကြောင်း ​သံရုံးကဗီဇာ ​ထုတ်ဖို့အတွက်ဆောင်ရွက်နေတဲ့အမှုတမ်းတွေ ကလဲ ​မနိုင်မနင်း ​ကြိုးပမ်းလုပ်ဆောင်နေကြတာကိုမြင်ခဲ့ရတဲ့အကြောင်း ​မျက်မြင်တဦးရဲ့ပြောပြချက်အရ ​သိရပါတယ်။

No comments: