ABC
တနင်္သာရီတိုင်း ကော့သောင်းမြို့ ရိုဟင်ဂျာလူမျိုး ၈၅ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲ အရေးယူဖို့ ကော့သောင်း လူဝင် မှုကြီးကြပ်ရေးဌာနက နေပြည်တော်ကို တင်ပြလိုက်တယ်လို့ သိရပါတယ်။
ကော့သောင်းမြို့မှာ ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ မလေးရှား ဒါမှမဟုတ် ထိုင်းနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး ရခိုင် ပြည်နယ် စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းကနေ ထွက်လာကြ သူတွေဖြစ်ပြီး ကော့သောင်းမြို့ကို ဇန္န၀ါရီ ၂ ရက်နေ့ညက စက် လှေနဲ့ရောက်ရှိလာတာ ဖြစ်တယ်လို့ ခုနက လ၀က အရာရှိက ပြောဆိုပါတယ်။
“သဲချောင်းကလာပြီးတော့ သူတို့က အဲ့မှာ ပိုက်ဆံတွေဘာတွေ ပေးပြီးတော့ ထိုင်းကိုလာတာပေါ့ နော်၊ ကော့သောင်းကိုရောက်တော့ ထိုင်း နိုင် ငံကို စက်လှေသမားက ရောက်ပြီဆိုပြီးတော့ ချပေးခဲ့တာ။ အသက် ၁၈ နှစ်အထက်ပေါ့ နော် ကျား ၃၁ ယောက်၊ မ ၅ ယောက် ပေါင်း ၃၆ ယောက်။ ၁၈ နှစ်အောက်ကတော့ ကျား ၄၀၊ မ ၉ ပေါင်း ၄၉ ပေါ့၊ဟုတ်ကဲ့။”
ရိုဟင်ဂျာ အယောက် ၇၀ တင်ဆောင် လာ တဲ့လှေ တစီး ကို ထိုင်းနိုင်ငံက ပင်လယ်ထဲ ကို ပြန်ပို့ ဖို့ ကြိုးပမ်းခဲ့ပြီး နောက်ပိုင်း - သူ တို့ ကို မြန် မာ နယ်စပ်ဂိတ်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာလူမျိုး ၈၅ ဦးကို ကော့သောင်းမြို့ ဆေးရုံဟောင်းမှာ နေထိုင်ဖို့စီစဉ်ထားပြီး မြို့နယ်အုပ်ချူပ် ရေး နဲ့တာဝန်ရှိသူတွေက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါတယ်။

No comments:
Post a Comment