ABC
ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ ရိုဟင်ဂျာအယောက် ၈၅၀ကို ထိုင်းအာဏာပိုင်တွေက ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ ကို သွားရောက်တွေ့ ပေးလိုက်ပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံ နဲ့မလေးရှားနိုင်ငံ နယ်စပ်မှာရှိတဲ့ ရော်ဘာစိုက်ခင်း တွေကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက် ရှာဖွေ စစ်ဆေး ရာက ရာနဲ့ချီတဲ့ ရိုဟင်ဂျာ လူမျိုးတွေကို တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ က ဖမ်းစီးထားသူ တွေကို တဦးခြင်း စီစစ်ဖို့လို အပ်နေတဲ့အကြောင်း သူတို့ ကိုရိုဟင်ဂျာလူမျိုး တွေ ဖြစ်နိုင်တယ်လို့ ယူဆတယ်လို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင် တွေက တရားမဝင် ခိုးဝင်လာမှုတွေ၊ တရားမဝင် ထိန်းချုပ်ထားမှုတွေ နဲ့ တရား မဝင် ရောက်လာသူတွေကို ခိုလှုံခွင့်ပေးမှုတွေ ကို အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဖမ်းစီးထားတဲ့အထဲက အသက် ၁၈နှစ်အောက် ကလေးလူငယ် အယေက် ၁၆၀ ကို သီးသန့် ထား ပြီး ကျန်တဲ့လူကြီးတွေ အားလုံးကို တော့ Songkhla မှာရှိတဲ့ လူဝင်မှု ထိန်းသိမ်းရေး စခန်းတွေ နဲ့ ရဲအချုပ်ခန်းတွေ မှာ ထိန်းသိမ်းထားတယ်လို့ ပြောပြပါတယ်။
ထိုင်းပိုင်နက် နယ်မြေထဲကို ရောက်လာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဖိအားပေး နေပါတယ်။ ထိုင်းအစိုးရက ရိုဟင်ဂျာတွေ ကို မလေးရှားနိုင်ငံကိုတွန်းထုတ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲခံနေရပါတယ်။

No comments:
Post a Comment